Saturday, March 15, 2008

နာမည်ပြောင်းခြင်း

1 comments
ဟဲ ဟဲ ... ကြေငြာတာတော့မဟုတ်ပါ .. နာမည်လေတစ်လုံးလောက်ပြောင်းရင်ကောင်းမလားလို့ ချစ်သူ ကနေ ပြည့်မွန်သျှံဆိုပီပြောင်းလိုက်တာပါ ... ဟဲ ဟဲ နာမည်ပြောင်းအထိမ်းမှတ်တော့ ဘာမှမကျွေးနိုင်တာတော့ စိတ်မကောင်းဘူး .. ဟဲ ဟဲ .
Read full story

Thursday, February 14, 2008

အမှတ်တရနေ့များထဲက သူငယ်ချင်း

0 comments

မနက်ခင်းမှာ နှင်းဆီးရနံတွေနှင့်မျက်နှာသစ်ခဲ့တော့ အာရုံတွေလန်းဆန်းကာ နှစ်တစ်နှစ်ရဲ့အချစ်တွေပေါင်းဆုံတဲ့နေ့တစ်နေ့ကိုရောက်မှန်းမသိရောက်ခဲ့ရသည်မှာ ဟိုယခင် ၆ နှစ် ၇နှစ်ခန့်က ခံစားမှုတွေနဲ့မတူ ။
သူများတကာတွေ စားမေးပွဲနီးပြီးမို့ စာအန်သံတွေ ဆူညံနေတဲ့အချိန် ရပ်ကွက်တစ်ခုလုံးကိုသာမက မြို့ကြီးတစ်မြို့လုံးကိုပင်ဝါးမြိုးသွားမလောက်အောင်ပင် ဆူးညံနေလင့်ကစား လူငယ် ၇ ယောက်တစ်စုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ စာပွဲထောင့်တစ်ခုမှာ အာရပါရ ဟောနေပြောနေကြသည်မှာ သူတို့တစ်တွေရဲ့ရှေ့မှာ ချထားသော ကဗျာစာအုပ်ကလေးတွင်ပါသော အကြောင်းအရာတစ်ခုပင်။ စာအုပ်ကလေးရဲ့ အမည်က ' အသက်ငင်နေသောအိပ်မက်တဲ့ ' ကဗျာဆရာတွေမဟုတ် ၀ါသနာရှင်လူငယ်တွေရေးတဲ့ကဗျာ ကို မြိတ်ဇာတိ ကဗျာဆရာ နရီ(မြိတ်) ကအားပေးလေတော့ သူတို့တစ်တွေအားရကျေနပ်မဆုံး ... ထိုသို့သောနေ့ရက်များကို ယခုတက္ကသိုလ်ကျောင်းသားများ ခံစားခွင့်မှရှိလင့်ကစားလို့တွေးရင် စိတ်မကောင်းဖြစ်မိတယ် .... နောက် သူငယ်ချင်းတွေရော အရင်လိုဘဲ စာအုပ်တွေထုတ်နေကြသေးလား .... အမျိုးမျိုးအထွေထွေတွေးရင်ပေါ့ .... သူငယ်ချင်းတွေရဲ့အမည်ကိုမှတ်မိပေမဲ့ ထိုစဉ်က သူတို့ရဲ့ ကလောင်တွေကိုမေ့တေတေဖြစ်နေခဲ့တယ် ... မှတ်မိသလောက်တော့ ပြောရရင် အသက်ငင်နေတဲ့အိပ်မက်မှာ အသက်ငင်နေသူတွေကတော့ " လ၀န်းသဒ္ဒါ ၊ လှကိုကို ၊ ဗေဒါ ၊ ဆူး ၊ ပြည့်မွန်သျှံ ၊ ချစ်လှိုင် စသဖြင့် ကောင်လေးတွေပေါ့ .... အဲဒီထဲက ဟဲ ..ဟဲ ကြွားရမယ်ဆိုရင် ချစ်သူက ပြည့်မွန်သျှံ ပါ ... ဟိုတစ်လောကမြိတ်ကိုခဏပြန်သွားတာ တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော်ကို ပြည့်မွန်သျှံလို့ခေါ်နေကြသေးတာတွေ့ရလို့ ၀မ်းသာမိတယ် .... နောက်ကျန်တဲ့ သူငယ်ချင်းတွေကို လိုက်ရှာပါသေးတယ် မတွေ့ ... တစ်ယောက်တော့တွေတယ် ... ဗေဒါ ပါ သူက ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲသားမို့ ရှာရတာမခက် ... သို့သော် အရင်ကလိုမဟုတ်တော့ မိန်းမရလို့ ကလေးတစ်ယောက်ပင်ရနေပီ ... သူ့ရဲ့ကလောင်နာမည်လေးကို ချစ်မြတ်နိုးသောအားဖြင့် အိမ်ရှေ့တွင် ဗေဒါစာပေဆိုတဲ့ခေါင်းစီနဲ့ စာအုပ်အငှားဆိုင်လေးကိုဖွင့်ထားပါလေရဲ့ ..... အရင်က လက်ဖက်ရည်ဆိုင်ကိုသွားရန်အတွက် အအိပ်ကြီးတဲ့ ကျွန်တော်ကို လာလာစောင့်ခေါ်လေ့ရှိတဲ့ သူငယ်ချင်းက လက်ဖက်ရည်ဆိုင်ကိုရှောင်နေခဲ့တာတွေ့ရတော့စိတ်မကောင်းဖြစ်မိပြန်တယ် ... အဲ .. သူတို့တစ်တွေက လက်သုံးစကားကတော့ "အရင်ကနဲ့မတူတော့ဘူးတဲ့ "..... မတူးဘူးဆိုလို့ တွေးကြည့်မိတယ် .... ဘာများကွာခြားသွာပီလဲပေါ့ .... အင် ... သူတို့ပြောတာမှန်ပါတယ် ... အရာရာက အရင်ကနဲ့မတူတာပါဘဲ ...
Read full story

Wednesday, February 13, 2008

post မရေးဖြစ်တဲ့အကြောင်း

1 comments
ချစ်သူတစ်ယောက်ဘယ်ပျောက်နေလဲလို့ မေးသူတွေရှိသလို ဒီကောင်အလကားပါကွာလို့ပြောသူတွေလဲ ရှိနေလိမ့်မယ် ဒါတွေဟာ သဘာဝပါ ချစ်သူတွေရှိသလို မနာလိုမုန်းထားသူလဲရှိတတ်ပါတယ် ... ချစ်သူတစ်ယောက်ဘာလို့ post တွေမရေးတောတာလဲလို့မေးရင် အဖြေးကရှင်းရှင်းလေးပါ မရေးချင်လို့ကိုမရေးတော့တာ ...ဘာကြောင့်လဲလို့ မေးတဲ့သူငယ်ချင်းကပေါ်လာပြန်တော့လဲ မပြောချင်ဘဲပြောရအုံးမယ် ... ချစ်သူတို့ ဘလော့လောကကိုအစ၀င်ပြီးရေးတဲ့အချိန်မှာ ဘလော့ဂါတွေဟာ စည်းလုံးမှုရှိတယ် ... ညီညွတ်မှုရှိတယ် ... ဘလော့လောကဟာ သန့်ရှင်းတယ် ... ဒီတော့ ဘလော့ရေးရတာပျော်စရားကောင်းခဲ့ကြတယ် .... ဒီလိုနဲ့ဘဲ chatting မှာဘဲ မူးရင့်နေကြတဲ့ သူငယ်ချင်းတွေကို ဘလော့ဘက်လှဲ့လာအောင် ဆွဲဆောင်မှုတွေကို ကိုယ်အသိနဲ့ကိုယ်လုပ်ခဲ့ကြတယ် ... စေတနာ၊ ၀ါသနာကိုအခြေခံပီ ၀ါသနာရှင်တွေကိုစုပီ ကိုယ်တတ်နိုင်တဲ့ဘက်ကနေသင်ပေးတယ် ... အဲ ရှင်းရှင်းပြောရရင် စက်တင်ဘာအရေးခင်း မဖြစ်ခင်က ဘလော့ဂါတွေရဲ့ ဘ၀ဟာ လေလွင့်သူတွေလိုဘဲ အချိန်ဖြုံးတဲ့သူတွေလို့ အပြောခံခဲ့ကြရတယ် ... သို့သော်ဂရုမစိုက်ကြ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်မို့ဘယ်သူပြောပြောအရေးမစိုက်ကြ အရေးခင်းပီနောက် ဘလော့ဂါတွေရဲ့ ကြိုးပမ်းမှု့ကြောင့် မြန်မာသတင်း ကိုအပြည်ပြည်ဆိုင်ရာကသိအောင်လွင့်ထူနိုင်ခဲ့လို့ ဘလော့ဂါတွေကို ချီးမြှင့်ခြင်းခံရတဲ့အချိန်မှာ မြန်မာပီပီ ရာဇာဝင်တစ်လျှောက်လိုက်လာခဲ့တဲ့ အချောင်သမားတစ်စုက သူတို့တစ်တွေလဲ လူရှေ့သူရှေ့မှာ ဘလော့ဂါ ပါဆိုပီ မာန်ပါပါ ကြွားချင်တာနဲ့တူပါတယ် ... အလုံးအရင်းနဲ့ ဘလော့တွေကိုလုပ် ဟန်ထုတ်ပြခဲ့ကြတယ် ... အရေးခင်းကာလမို့ ဟိုဟိုဒီဒီက ဓာတ်ပုံတွေကို သူတို့ဘလော့မှာ လှပအောင်တင်နိုင်ခဲ့ကြရဲ့ ... အဲ အရေးခင်းလဲပီရော .. နကိုကမှဝမရှိဘဲ ၀ိလုပ်ချင်တဲ့သူမို့ သူတို့ဘလောတွေ ဘယ်လိုအသက်ဆက်ရှည်ရမှန်မသိတော့ သူများတွေက ကိုယ်ဘလော့ကိုသိအောင်လဲ လုပ်ချင် လေတော့ စာကလည်းမရေးတတ်ဆိုတော့ ဘာလုပ်ရင်ကောင်းမလဲလို့ သူတို့တစ်တွေစဉ်းစားလာကြတယ်ထင်ပါရဲ့ .... ဒီတော့ ဘာလုပ်လဲ .. အားကလည်း အားနေတယ် ဆိုတော့ သူများဘလော့ကိုလိုက်ဆဲတာကောင်းပါတယ်ဆိုပီ ... ဘလော့လောက အဖျက်သမားတွေအဖြစ်နဲ့ရပ်တည်လာကြတောတာပါဘဲ .... ဒီလိုဘလော့ဂါတွေအချင်းချင်းကိုရန်တိုက် ... ဘလောတွေအပေါ်မှာ နှမချင်းမစားနာဘဲ ... မဟုတ်မဟတ်တွေပြောနေကြတာကြောင့် ... ဘလော့လောကကိုစိတ်ကုန်ပြီး ဘလော့ကိုမရေးတော့တဲသူတွေလည်း မနည်းတော့ ... ထိုအထဲတွင် ချစ်သူတစ်ယောက်လည်းအပါဝင်ပေါ့ ... အခုဆိုရင် အောက်တိုဘာလ မှစပီ မရေးဖြင့်အခုထိပါဘဲ ... ... ဒီနေ့လည်းမရေးချင်ဘဲနဲ့ ကိုယ်ဘလော့မှာလာပီ ရေးတဲ့သူတွေကိုပြန်ပီသုံးသတ်မိတယ် ... တကယ်ဆို .... (ချင်းမိုင်မှလူဆိုး ) ဆိုတဲ့ငနဲ့တွေဟာ ချင်းမိုင်မှာနေပီ ချစ်သူတို့ဘလော့ရေးနေတဲ့အချိန်မှာ ကွန်ပျူတာကို အဖွင့်ပိတ်မနည်းလုပ်နေကြရတဲ့သူတွေပါ ... အခုတော့ ဘလော့အဖျက်သမားအဖြစ်နဲ့ရပ်တည်နေတဲ့ သူတို့တစ်တွေကိုစိတ်မကောင်းဖြစ်မိတယ် ...
Read full story

Thursday, November 8, 2007

Governor accused of race bias

0 comments
ထိုင်းနိုင်ငံ မဟာချိုင် မြို့  စမူစာခွန်ခရိုင်တွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီနေထိုင်မှု့ကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် အာဏာပိုင်များအကြာ ပြသနာများဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လေ့ရှိသည် အလုပ်ရှင်များရဲ့ မတရားခိုင်စေမှု့အပြင် တစ်ချိုးထိုင်းလူမျိုးများရဲ့ လုယက်တိုက်ယူမှု့ကိုလည်း ခံနေခဲ့ရသည် ။ သွားလာနေထိုင် စားသောက်လုံခြုံမှု့တစ်ချက်မျှမရှိ ရုန်းကန်နေကြရသည့်ဘ၀မှာ ရင်မောဖို့ရာကောင်းလှသည်။ ထိုကဲသို့သော ဘ၀များဟာ မြန်မာနိုင်ငံမှာထက်စာရင် ပိုကောင်းသေးတယ်ဟူ၍ပင် ပြောသောသူများက ရှိသေး အကြောင်းမှာ ဖိနိပ်မှု့ အမျိုးမျိုး အဖုံဖုံကို မြန်မာနိုင်ငံသားများ မွေးကတည်းကခံစားလာကြတယ်မဟုတ်လား ဒီတော့ အသားသေနေပြီးဖြစ်တဲ့ ဖိနှိပ့်ခံဘ၀တွေဟာ ဒီမျှလောက်နဲ့မပြောပလောက်တော့ချေ ။ ထိုကဲ့သိုသော ဘ၀များမှရသည် ချွေးနည်းစာငွေကြေများကိုပင် အမိ့ဘာသာ သာသနာနှင့် လူသားကာကွယ်စောင့်ရှောက်ရေး အဖွဲ့သည်းများကိုတည်ထောင်နိုင်ခဲ့သည်မှာ သာမန်လူများလုပ်နိုင် မည်မဟုတ် ထိုသို့ ကျွန်တော်တို့မြန်မာနိုင်ငံသားများအခုလို စည်းစည်းလုံးလုံး ဖြစ်လာမှာကိုမလိုလား လေလော ဒါမှမဟုတ်အမြင်ကျဉ်းလေလောတော့မသိ မြန်မာနိုင်ငံသားများ စည်းစည်းလုံးလုံးနဲ့ ဆင်နွဲသောပွဲတော်များကို ခွင့်ပြုမှာမဟုတ်ကြောင်းဆိုပီ စမူစာခွန် ခရိုင်ဝန်ကြီးက အမိန်ထုတ်ပြန်လိုက်ခြင်းအပေါ် LPN (Labour Rights Promotion Network ) မြန်မာအလုပ်သမားလူနေမှု့အဆင့်မြှင့်တင်ရေးအဖွဲ့က ခုလိုတုန့်ပြန်လိုက်တယ် .......

Governor accused of race bias

Leading labour rights groups yesterday came down on the government for its policy of strictly controlling foreign workers after the Samut Sakhon governor sent a letter to all em-ployers in his province directing them to forbid migrants from holding cultural events.

Published on November 7, 2007

“The letter demonstrated the governor’s lack of cultural sensitivity, which when dealing with people from foreign countries,” said Sompong Sakaew, director of the Labour Rights Promotion Network.

Governor Verrayuth Yea-mampar- in his circular of October 26 to the Employment Office, employers and factory owners – said they should strictly manage and monitor their worker from Burma, Laos and Cambodia and not allow them to organize cultural ceremonies at any event at all.

“These activities should not be supported because it will make the community feel that these people are the owners of the community, and that could create security problems. It is against the government’s purpose for them to be just temporary workers,” he said.

Sompoang criticized the governor for his “racial prejudice”.

“There’s nothing wrong with foreign workers, just the government’s policy trying to control them. We’re pressing down on them by not allowing them to demonstrate their identity out of fear that they might dilute our culture. What’s diluting and what’s to be diluted?” he said.

Sompong wants the government to reconsider the policy. He said the government should thin positively, in that allowing migrant worker to celebrate their culture would strengthen Thai culture due to the similarity and relationship of their traditions and beliefs in the region.

“There are many Thai Mon residents who observe their Mon culture in Thailand. What’s the difference between cultural ceremonies put on by Thai Mon residents and those who are workers?” he asked.

Veerayuth was not immediately available for comment.

Manoon Punyakriyakorn, director – general of the Employment Department, distanced himself from the controversy, saying it was the mandate of the governor to regulate alien workers in his province.

Pennapa Hongthong

The Nation



ဒါကတော့ မခွန်မြလှိုင်ရဲ့အမြင်ပါ .....

Unacceptable from all point of views such as labour right, racial right and human right

The letter from governor of Smaut Sarkhon (Mahachai) is unacceptable from all point of views such as labour right, racial right and human right. It is also unfair for the people from every single point of view. Governor should have wide vision for the long term. His order make relationship between Thai and other ethinic groups from south east asia region split seriously Moreover, his order destroyed

united nation's Charter about



ဘလော့မိတ်ဆွေများကိုလည်းမိမိတို့ရဲ့ လူ့အခွင့်ရေးအမြင်ပေါ် ရေးသားပေပို့နိုင်ပါတယ် ဖြစ်နိုင်က အင်္ဂလိပ်လိုရေးပို့နိုင်ရင်အကောင်းဆုံး ဖြစ်ပါတယ် ရေးပို့သူရဲ့ မူရင်ကိုအလေးထားစွာတင်ပြတားချင်လို့ပါ ။
Read full story

Saturday, November 3, 2007

စိတ်မကောင်း ဖြစ်မိခြင်း

0 comments
ဘလော့နဲ့ အလှမ်းဝေးနေတဲ့ ကျွန်တော် အခုမှဘလော့ကို update လုပ်ရတော့သည် အခြာသူများရဲ့ ဘလော့ကိုဖတ်ဖို့ပင် အချိန်မနည်းလုယူနေရသည်ကြားမှ ကျွန်တော် ဘလော့နာမည်ဖြစ် http://www.nhinpwintphyulay.blogspot.com/ cbox တွင် မဟုတ်က ဟုတ်ကတွေနဲ့ လျောက်ပြောနေသော ဘလော့မိတ်ဆွေကို စိတ်မကောင်းဖြစ်မိသည် မိမိကိုယ်ကိုယ်တန်းဖိုးထာသောသူတစ်ယောက်ဖြစ်က မိတ်ဆွေ သင် ဒီစကားကိုပြောမည်မဟုတ် သင်သည် ဘယ်လိုလူမျိုးလဲ ဘယ်အတန်းစာကလည်းကျွန်တော်မပြောချင် မိမိကိုယ်ကိုယ် သိဖို့သာလိုသည် ပုဂ္ဂိုလ်ရေးစော်ကာရေးဖွဲ့မှု့ကို မည်သည့် လူ့အဖွဲ့စည်းကမှလက်ခံမည်မဟုတ် ..... အမည်တပ်၍တော့ မပြောလိုတော့ ရေးဖွဲ့ သူသည်သာ သိလိမ့်မည် .... ကိုရန်အောင်ပြော သလိုပင် ကျွန်တော်တို့ ဘလော့နယ်ပယ်တွေမှာ ဒီလို အဖျက်သမားရောက်လာကြပါပြီး ဘလော့မိတ်ဆွေများ သတိထားကြစေချင်တယ် .... မတော်တရော် စကားလုံးများတွေ့က ပြောသူသည် ကာယကံရှင် ဟုတ်မဟုတ် စုံးစမ်းပီမှ ယုံကြည်စေချင်တယ် ...
Read full story

Tuesday, October 23, 2007

တောင်းပန်ခြင်း

0 comments
ခရီးတွေဘဲ သွားနေရလို့ blog ကိုတောင်လှည့်မကြည့်အားတာ သူငယ်ချင်းတွေအားလုံးကို တောင်းပန်ပါတယ် ချစ်သူ တစ်ယောက် မြန်မာမှာခြေချမလားလို့ ပြန်သွားတာ အခုတော့ လာရာလမ်းကို ပြန်လှည့်ခဲ့ရတယ် ... အမိမြေက သူငယ်ချင်းတွေရဲ့ သွေးတွေ သံဃာတွေရဲ့ သွေးတွေ တွေကိုမကြည့်ရက် သူတို့တွေရဲ့ အာဏာစက်ကွင်းကြားမှာ ရုန်းကန်နေရတဲ့ သူတွေ သူတွေ ဒါတွေကို ချစ်သူဘယ်လို ကူညီရမလဲ မသိအောင်ဖြစ်ရတယ် ... အခုတော့ ချစ်သူဆုံးဖြတ်လိုက်နိုင်ပြီးလို့ပြောရမယ် သူတို့တွေရဲ့ သွေးကို ဘာနဲ့ သုတ်ပေးရမလဲဆိုတာဘဲ ....
Read full story

Tuesday, August 28, 2007

ဒီလိုပါကွာ

1 comments
ထိုင်းကနေ အမိမြေ မြန်မာနိုင်ငံကိုပြန်လာတော့ ဟိုနေရာဝင် ဒီနေရာထွက်နဲ့ လွယ်လွယ်ပင် ကိုယ့်အိမ်ကိုမရောက်နိုင် (မြန်မာနိုင်ငံတွင် သွားခဲတဲ့ ခရီးကြောင့်ရလာသည့် စိတ်ညစ်စရာ စိတ်ပျက်ရာတွေကြားက ပျော်စရာတွေကို နောက်မှပင် ရေးတော့မည် အခုတော့ ဒီလိုပါကွာ) ရောက်ပြန်တော့လည်း အလုပ်တွေက ဘယ်အချိန်ကတည်းက စောင့်နေတာမသိတော့ လုပ်လိုက်ရတာ အမော မိဘအလုပ်ဆိုတော့ ဒီလိုဘဲလေ ကိုယ့်ချစ်သူဆီက မေးလ်ကိုတောင် မှန်မှန်မစစ်အား အချိန်များ နည်းနည်းလေးရတယ်ဆိုရင်ဘဲ ဖုန်းလေးအပြေးကလေးဆက် နဲ့ အလုပ်ကိုရှုပ်နေတာဘဲကွာ ဒီတော့ မေးလ်တောင်မှန်မှန်မစစ်အားတဲ့ ဘ၀မှာ ဘလော့ကို လက်လှမ်းနိုင်ဖို့ဆိုတာဝေးရော ဒီလိုနဲ့ ဘလော့မရေးတော့ဘူးလေ လို့ တွေးနေသည့်အချိန်မှာပင် တွေ့လိုက်ရသည့် သူတို့အားနည်းချက် အကူညီတောင်းသူကလည်းရှိနေတော့ တတ်သည် ပညာ မနေသာ ဆိုသလို ဘလော့ ဘက်ကို ပြန်ရောက်လာတယ်ဆိုပါတော့ ဗျာ ... လက်တွဲ သူမဲ့လို့ ပညာငတ်နေတဲ့ မြိတ်သူ မြိတ်သားများကို ကျွန်တော် ဘက်က တတ်နိုင်သလောက် လက်တွဲပီ သင်ပေးသွားသလို online သူငယ်ချင်းများအနေနဲ့ လည်း တတ်နိုင်သည့်ဘက်မှ ၀င်ရောက် ကူညီပေးစေချင်တယ် .... အဲ ကျွန်တော်ကနေ သင်ပေးမယ်ဆိုတာတော့ ဟုတ်နေပေမဲ့ နောက် ပြသနာတစ်ခုက အသုံးစရိတ် ဘလောဆိုတာ အခုလုပ် အခုချက်ချင်း ရတာမျိုးမဟုတ် ဒီတော့ အချိန် ဒီအချိန်တွေ ကြားမှာ ကုန်ကျစရိတ်က တစ်ခုတည်းသော PAC myeik ကဘဲ ရိုက်တာလားတော့ မသိ တစ်နာရီ ၁၀၀၀ ကျပ်တဲ့ ကျွန်တော်တို့လို မိဘဆီက လက်ဖျန့်တောင်းတဲ့ သူတွေအဖို့ အခက်တွေ့ပြန်ရော အင်နော ခက်တယ် ခက်တယ် ... ဘယ်လိုလုပ်ရမလဲနော် ...
Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....