ကျောင်းတူညီဝတ်စုံတွေနဲ့ ခုန်ပေါက်ပြေးနေတဲ့ သူတို့လေးတွေကို အမှတ်တမဲ့ကြည့်ရင် ထိုင်း ကလေးတွေလို့ ထင်ရပေမဲ့ သူတိုဟာ ထိုင်းမဟုတ်ပါ မြန်မာနိုင်ငံပေါက် မြန်မာနိုင်ငံသားများမှ မွှေးဖွားလာတဲ့ မြန်မာနိုင်ငံသားတွေပါ .... စီးပွားအဆင်မပြေမူကြောင့် ရေကြည်ရာမြက်နုဆိုသလို မိဘများ သွားရာကိုလိုက်ခဲ့ ရတဲ့သားသမီးတွေဟာ .... မိဘများရဲ့ စီးပွားရေးအကြပ်တည်းကြောင့် မြေစားပင်သဖွယ်ဖြစ်ခဲ့ရသည် ..... မိမိနဲအရွယ်တူ ထိုင်းကလေးများက ကျောင်းဝတ်စုံနဲ့ ကျောင်းကို အဖွဲ့အစုလိုက် သွားကြသည့်အခါ သူတို့များမှာ ငေးကြည့်ရုံမှတပါးမရှိ ... မိဘများကလည်းစိတ်မ၀င်စား ...... အခုတော့ သူတို့ဆန္ဒလေးတွေပြည့်သွားပြီလို့ ဆိုရမှာပေါ့ .... သူတို့တစ်တွေရဲ့ လွတ်လပ်စွာပြုံးပျော်နေကြတဲ့ ပုံစံလေးကိုမြင်ရတော့ မိဘတွေတော့ ဘယ်လို ခံစားရမယ်ဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ သူတို့လေးတွေရဲ့ အနာဂတ်ကို ကြိုတွေးပြီး ပီတိဖြစ်မိတယ် ....
အချိန်ပိုင်း မြန်မာစာ သင်ပေးနေသော ဆရာမတစ်ဦးရဲ့ စေတနာ

Search
uhjiujpoisoidpopipoif
Friday, May 25, 2007
ဒီလိုခံစားမှုမျိုးကို ခံစားကြည့်ပါ
"အားလုံးတန်းထ တန်းဆို" ဆိုတဲ့ အတန်းခေါင်းဆောင်တစ်ဦးရဲ့အသံအဆုံးတွင် "မင်္ဂလာပါဆရာ" တပည်များရဲ့ အသံက တပြိုင်တည်း ထွက်လာသောအခါ နထင်သွေးကြောအထိအောင် ကြွက်သီးမွှေးမျှင်များထောင်ထလာ တယ် .... အတွေးစတွေကလည်း ဟိုအတိတ်ကာလ ဆယ်စုနှစ်တစ်ခုဆီသို့အရောက်ခရီးနှင်းသွာလေပြီ "မင်္ဂလာပါဆရာ - မင်္ဂလာပါဆရာမ" ဆိုပြီးမျက်စီးစုံမှိတ်ကာ အတန်းဖော်သူငယ်ချင်းများနှင့် အသံပြိုင်အော်ဆို ခဲ့ဖူးသည်။ ဆရာပြောသည့် စကားများကိုလည်း မျက်တောင်လေး ခတ်ကာခတ်ကာနဲ့ အပြစ်ကင်စွာ နားထောင်ခဲ့ ဖူးသည်။ အဲဒီအချိန်ကာလက ဒီလိုအတန်းရှေ့မှာ ဆရာကြီး စတိုင်အပြည့်နဲ့ ရပ်ပြီးတပည့်များကို ပြောဆိုဆုံးမသူ စာသင်နေသူ တပည့်များရဲ့ ဂါရ၀ တရားကိုခံယူနေသူဟာ တစ်နေ့ ကျွန်တော် ဖြစ်နေလိမ့်မယ်လို့ တွေးထင်မထား အိပ်မက်ပင်မမက် .....
ဆရာတစ်ယောက်ရဲ့ ခံယူချက်ကဘာလဲ သူတို့ပီတိက ဘာလဲ မသိ သိအောင်လဲ မမေး အကြင်နာမှုအပြည့်ပါတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်တဲ့ အကြည့်တစ်စုံကိုတော့ နှစ်သက်သည် ။ သိုသော် ပေးပါလို့လဲမတောင်း မတောင်းလဲ ဆရာ ကပေးခဲ့တာ အားလုံးတန်တူ ...
"ဆရာဆရာ ဒါက ....... ဘယ်လိုခေါ်လဲဟင်" .... ဆိုတဲ့ ကျောင်းသားတစ်ယောက် လာမေးတဲ့အသံကိုကြားမှ အတွေးစကို ပြန်သိမ်းရတယ် ... ဒီအချိန်မှာ ဆရာတွေကို သတိရတဲ့စိတ်တွေက တစ်ဟုန်ထိုးဝင်လာ တော့တယ် အဝေးမှာရှိတဲ့ ကျွန်တော် ဆရာ တွေအားလုံးကို ပြောချင်းတဲ့စကားတစ်ခွန့်ရှိတယ် ဒီစကားလေးကို မပြောခင် လွန်ခဲ့တဲ့ ၉ နှစ်လောက်က အထက်တန်းကျောင်းသားဘ၀မှာ ဆရာ့ကိုမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့ "ဆရာ တကယ်လို့များ ဆရာသာ စီးပွားရေးတစ်ခုခုကို လုပ်ကိုင်မယ်ဆိုရင် ဆရာဒီအချိန်မှာ ချမ်းသာ ရင် ချမ်းသာမယ် ဒါမှမဟုတ် ဆင်းရဲရင်လည်း ဆင်းရဲမယ်ပေါ့နော် ဒါက ဆရာ့ရဲ့ အစွမ်းရည်ပေါ်မှာမူတည်လိမ့်မယ် ကောင်းတဲ့ဘ၀တစ်ခု ဒါမှမဟုတ် အဆင်မပြေတဲ့ဘ၀တစ်ခုပေါ့နော် ဆရာစွန့်စားကြည့်ပါလား ဆရာကတော်တာဘဲ ဒီက ဘာမဟုတ်တဲ့ အစိုးရလစာနဲ့ ဆရာရာ မမိုက်ပါဘူး ...."
ဒီလိုပြောတဲ့အချိန်မှာ ဆရာက ဘာမှပြန်မပြောဘူး ပြုံးပြီး ဘာမှမသိ နားမလည်တဲ့ ကလေးငယ်ကိုကြည့်တဲ့ အကြည့်နဲ့ကြည့်တော့ နည်းနည်းရှက်လာတယ် ... ကိုယ်ပြောတဲ့စကားများမှားနေလာလို့ ... ဒါပေမဲ့ ဆရာက တုံ့ပြန်ပြီး ပြောတဲ့ တစ်ခွန်တည်သောစကားက ဒီလိုနေရာရောက်ရင် ဒီလိုခံစားမှုကို မင်းသိမှာပေါ့ကွာ .... ဆိုပြီး ပြောခဲ့တယ် .... ဒါကြောင့်ပြောချင်တာက ဒီလိုခံစားမှုကို သူငယ်ချင်းရောင်းရင်တွေ ခံစားဖူးကြပါလားဟင် ...
Read full story
ဆရာတစ်ယောက်ရဲ့ ခံယူချက်ကဘာလဲ သူတို့ပီတိက ဘာလဲ မသိ သိအောင်လဲ မမေး အကြင်နာမှုအပြည့်ပါတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်တဲ့ အကြည့်တစ်စုံကိုတော့ နှစ်သက်သည် ။ သိုသော် ပေးပါလို့လဲမတောင်း မတောင်းလဲ ဆရာ ကပေးခဲ့တာ အားလုံးတန်တူ ...
"ဆရာဆရာ ဒါက ....... ဘယ်လိုခေါ်လဲဟင်" .... ဆိုတဲ့ ကျောင်းသားတစ်ယောက် လာမေးတဲ့အသံကိုကြားမှ အတွေးစကို ပြန်သိမ်းရတယ် ... ဒီအချိန်မှာ ဆရာတွေကို သတိရတဲ့စိတ်တွေက တစ်ဟုန်ထိုးဝင်လာ တော့တယ် အဝေးမှာရှိတဲ့ ကျွန်တော် ဆရာ တွေအားလုံးကို ပြောချင်းတဲ့စကားတစ်ခွန့်ရှိတယ် ဒီစကားလေးကို မပြောခင် လွန်ခဲ့တဲ့ ၉ နှစ်လောက်က အထက်တန်းကျောင်းသားဘ၀မှာ ဆရာ့ကိုမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့ "ဆရာ တကယ်လို့များ ဆရာသာ စီးပွားရေးတစ်ခုခုကို လုပ်ကိုင်မယ်ဆိုရင် ဆရာဒီအချိန်မှာ ချမ်းသာ ရင် ချမ်းသာမယ် ဒါမှမဟုတ် ဆင်းရဲရင်လည်း ဆင်းရဲမယ်ပေါ့နော် ဒါက ဆရာ့ရဲ့ အစွမ်းရည်ပေါ်မှာမူတည်လိမ့်မယ် ကောင်းတဲ့ဘ၀တစ်ခု ဒါမှမဟုတ် အဆင်မပြေတဲ့ဘ၀တစ်ခုပေါ့နော် ဆရာစွန့်စားကြည့်ပါလား ဆရာကတော်တာဘဲ ဒီက ဘာမဟုတ်တဲ့ အစိုးရလစာနဲ့ ဆရာရာ မမိုက်ပါဘူး ...."
ဒီလိုပြောတဲ့အချိန်မှာ ဆရာက ဘာမှပြန်မပြောဘူး ပြုံးပြီး ဘာမှမသိ နားမလည်တဲ့ ကလေးငယ်ကိုကြည့်တဲ့ အကြည့်နဲ့ကြည့်တော့ နည်းနည်းရှက်လာတယ် ... ကိုယ်ပြောတဲ့စကားများမှားနေလာလို့ ... ဒါပေမဲ့ ဆရာက တုံ့ပြန်ပြီး ပြောတဲ့ တစ်ခွန်တည်သောစကားက ဒီလိုနေရာရောက်ရင် ဒီလိုခံစားမှုကို မင်းသိမှာပေါ့ကွာ .... ဆိုပြီး ပြောခဲ့တယ် .... ဒါကြောင့်ပြောချင်တာက ဒီလိုခံစားမှုကို သူငယ်ချင်းရောင်းရင်တွေ ခံစားဖူးကြပါလားဟင် ...
Thursday, May 24, 2007
ဆရာအကြောင်း တစ်စေ့တစ်စောင်
အစ်ကိုအဉ္စလီက ဆရာအကြောင်းကိုပြောတော့ ကျွန်တော်ကလည်း အားကျမခံပြန်ပြောပြရမယ်ဗျို့ ... ဆရာက ထမင်းဟင်းချက်အရမ်းကောင်းသလို စာသင်တာလဲ အရမ်းကောင်းတယ် ... ကျောင်းမှာဆို ဆရာက အားတာနဲ့ မီးဖိုအခန်းထဲဝင်ပြီး "ဒီနေ့ဘာဟင်းချက်လဲဟေ့ ငါပိရည်လေနဲ့ တို့စရာပါရင် ထမင်းမြိုန်တယ်ကွာ" ဆိုပြီး အားရပါးရပြောပြီး ၀င်လုပ်လေ့ရှိတယ် ... ကျွန်တော်တို့လို ကျောင်းမှာ ကပ်စားတဲ့အကောင်တွေက မနေသာတော့ဘူး ဆရာ နေနေ ကျွန်တော်တို့လုပ်နှင့်မယ်ဆိုပြီး ပြောရတယ် အဲဒီအခါကျရင် ဆရာကပြုံးပြီး မင်းတို့ကတော့ကွာ .... "ငါတို့ တောထဲမှာနေတဲ့အချိန်ကဆိုရင်လေ ဆိုပြီး ဆရာရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ကြောင်းတွေကို ပြောပြလေ့ရှိတယ် ... ဆရာတို့တော ခိုဖို လူစုတဲ့အချိန်က ဖြစ်ပျက်ခဲ့ အရာတွေကိုလဲ ဟာသနှောပြီး " ဟေ့ သူငယ်ချင်း ငါ့တို့ တောခိုမလို့ လိုက်မလာဆိုတော့ ဆိုင်မှာ ပစ္စည်းသွားဝယ်ဖို့ထွက်လာတဲ့ တခြားဆရာတစ်ယောက်က ငါလဲလိုက်မယ်ကွာဆိုပြီး စီးလာတဲ့စက်ဘီးကို အသိအိမ်တစ်အိမ်မှာ အပ်ပြီး တော်လှန်ရေးပြီးရင် ပြန်လာယူမယ်" ဆိုပြီးအပ်ခဲ့တဲ့ စက်ဘီးကို ပြန်တမ်းတပြီး ပြောတဲ့ စကားသံတွေက ကျွန်တော်တို့အတွက်အံသြ စရာတွေပင် .....................
Read full story
နားထောင်ကြနော် ပြောပြမယ် ..
ဒီနေ့အလုပ်လုပ်ရတာ ဘယ်လိုလဲမသိဘူး စိတ်ထဲမှာအလိုမကျတာလာ ဒါမှမဟုတ် တခြားတစ်ခုခုကိုလုပ်ချင်နေတာလာ မသိဘူး သေခြာတာတစ်ခု စိတ်ထဲမှာ ကျွန်တော်ရဲ့ ဘလောက်မှာဘယ်လို post တွေကိုရေးရင်ကောင်မလဲလို့ စဉ်စားနေတယ် ကျွန်တော် ဘလောက်စရေးတဲ့အချိန်က ကျွန်တော် ကောင်မလေးကို ချော့ဖိုဆိုပြီးရေခဲ့ပေမဲ့ ဘလောက်ရေးတဲ့ အသက်လေးနည်းနည်းရလာတော့ ဆရာကြီးစတိုင် နည်းနည်းလုပ်ချင်လာတယ် ပေါ့ဗျာ ..... အခုဆိုရင် ကျွန်တော် ထိုင်းကိုရောက်တာ လေးနှစ်ကြာခဲ့ပြီး လေးနှစ်အတွင်း အတွေ့အကြုံလေးတွေ ကို ကမ္ဘာအနှံမှာရှိတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေကို ပြောပြချင်တာလဲပါပါတယ် ...ထိုင်းမှာနေပြီး အလုပ်နေကြရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့ရဲ့ ဘ၀ သရုပ်၊ သူတို့သားသမီးတွေရဲ့ အနာဂတ်ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရှေ့ဆက်သွားမယ်ဆိုတာ ကို ပြောပြမယ် နားထောင်ကြနော် ..................
Read full story
Wednesday, May 23, 2007
သူတို့ရဲ့ လိုအပ်ချက်ကို သိအောင်
သူတို့တစ်တွေရဲ့အနာဂတ်ကဘာလဲလို့ မေးကြရင် မည်သူတစ်ဦးတစ် ယောက်ကမှ သေသေချာချာ ဖြေနိုင်မှာမဟုတ်သေးဘူး သူတို့တစ်တွေဟာ မြန်မာနိုင်ငံဆိုတာ သူတို့အတွက်လူကြီးတွေပြောလို့သာသိရတာပါ ဘယ်လိုနေတယ် ဘယ်သူတွေရှိတယ်ဆိုတာ မသိသလောက်ဘဲ ပြီးတော့ သူတို့ကိုသူတို့ဘာနိုင်ငံသားလဲဆိုတာမသိကြဘူး ဘာကြောင့်လဲ ဆိုတော့ သူတို့ထဲမှာ အများစုက ထိုင်းမှာမွေးဖွားပြီး ကြီးပြင် လာကြသူတွေဖြစ်ကြသလို လူမှတ်သိတတ်စအရွယ်ကတည်းက ရောက်နေကြ သူတွေလဲဖြစ်ကြတယ် ... သို့သော် ကံကောင်းထောက်မစွာနဲ့ မြန်မာစကားပြောတတ်သေးတယ် ... မြန်မာစာကိုတော့ အခုမှ က ခ ဂ အခုမှစသင်ကြရတယ် .... ဟိုလွန်ခဲ့တဲနှစ်နှစ်လောက်က သူတို့တစ်တွေဟာ မိဘတွေက အလုပ်ကိုသွားကြတဲ့ အချိန်မှာ လူမမယ် မောင်လေးညီအရွယ်တွေထိန်းကျောင်းပေး၊ ထမင်းချက်၊ အိမ်အလုပ်တွေကိုလုပ်ပြီး ပညာဆိုတာဘာလဲ ကျောင်းကဘယ်မှာလဲ မသိရဘဲ ဘ၀ကို ရေစုန်လိုက်နေရတယ်။ နှစ်တွေကြာလာသည်နှင့် မြန်မာနိုင်ငံမှ ကလေးတွေ ထိုင်းနိုင်ငံမှာ များတစ်ထက် များလာတော့တယ် ။ ကလေးတွေများလာသည်နှင့်အမျှ လုပ်ငန်းခွင်များတွင်လည်း ကလေးအလုပ်သမားများကိုတွေလာရသည်။ အမှန်တကယ်တွင် ထိုင်းနိုင်ငံတွင် ကလေးအလုပ်သမားဆိုတာ လွန်ခဲ့တဲ ၁၅ နှစ်လောက်ကတည်း မရှိတော့ပါ အခု လိုတိုးတက်နေတဲ့နိုင်ငံတစ်ခုမှာ ကလေးအလုပ်သမားမရှိသင့်တော့ပါ ။ ဒါပေမဲ့လည်း ရှိနေဆဲဖြစ်တဲ့ ကလေးအလုပ်သမားများဟာ မြန်မာနိုင်ငံမှ မိဘများနှင့်အတူ ထိုင်းနိုင်ငံသို့ရောက်လာပြီး အသက်ဆယ်နှစ်အရွယ်ကလေးများကို မိဘများအလုပ်တွင် ၀င်ရောက် ကူညီစေရာမှ နောက်တွင် အလုပ်သမားလုံးလုံးအဖြစ်နှင့် မိဘ များနှင့်ပင်အပြိုင် အလုပ်လုပ်ကြရသည်။ သူတို့ဘ၀ကို မြင်ကြည့်ပါ အနာဂတ်ဆိုတာဘာလဲ မသိကြဘူး အလုပ်လုပ်မယ် ရသည်ပိုက်ဆံကို အမေးအဖေကိုအပ်ကြသည် သို့သော် တစ်ခါတစ်လေ သူတို့မျက်လုံးထဲမှာမြင်နေရသည့်သူတို့လိုအပ်
ချက်လေးကို ဖြည့်ပေပြောရအုံးမယ်
သူငယ်ချင်းaunglovemaster ရဲ့ bloge ကို အားတဲ့အချိန်လေးမှာတစ်ခါတစ်လေတော့ ၀င်ကြည့်ဖြစ်တယ် ဟာ သူ့မှာတော့ bloge ရဲ့ bg colorကို အမျိုးမျိုးပြောင်ပြနေလေရဲ့ ကိုယ်မှာတော့ ပြောင်းဖို့ကို မပြောနဲ့ ပို(စ်)မှာ စာတက်အောင်တောင် မရေးနိုင်တဲ့အဖြစ်ဆိုတော့ ကြာလာတော့ သူ့ကို မနာလိုဖြစ်လာပါရဲ့ ဒီကောင်အကြောင်း ကို ကျွန်တော် ဖေါက်သည် ပြန်ချပြမယ်ဗျာ ကျွန်တော်နဲ့သူက ချင်းမိုင်မှာရှိတဲ့ ရွေ့ပြောင်အလုပ်သမား ပညာသင်ကြားရေးကျောင်းမှာခင်ကြတဲ့သူတွေပါ သူကလာရှိုး ကျွန်တော်က မြိတ်ဆိုတော့ မြန်မာနိုင်ငံမှာဆှို ခင်ကြဖိုဖြစ်နိုင်ခြေက နည်းလိမ့်မယ် ဒါပေမဲ့ဒီမှာ ကျွန်တော်တို့က ရှေ့ရေစက်ကြောင့်လာဆုံကြတယ်လို့သဘော ထားရမှာဘဲ ကျွန်တော်က ထိုင်နိုင်ငံ မဟာချိုင်မြို့ကနေ မြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်ကို ကျောင်းတက်ဖို့အတွက် သွားတော့ တွေ့ကြတာ ... အခုကျောင်းသင်တန်းကာလ သုံးလပြီတော့ ကျွန်တော်က နဂိုအလုပ်ရှိတဲ့နေရာကို ပြန်လာတော့ သူတို့က ကျောင်းမှာဘဲကျန်ခဲ့ပြီး နောက် အဆင့်မြှင့်တွေကိုတက်နေကြတယ် ကျွန်တော်မှာ က အစကသုံးလစာ အလုပ်တွေက ကျွန်တော်ကို စောင့်ကြိုနေတာပေါ့ ....... အား များလိုက်အလုပ် ဟိုဒီလှဲ့လို့ကိုမရအောင် ဖြစ်နေရဲ့ ဒီကြာထဲ အင်တာနက်က တစ်ခါအဆင်မပြေ နာရီနဲ့ဝယ်သုံးတော့ ရပါတယ် ဒါပေမဲ့ ဖုန်းမိနစ်သွားပြီး ဈေကြီးနေပြန်ရဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ပို(စ်)တွေလဲမရေးဖြစ် သူငယ်ချင်းတွေနဲ့လဲ အဆက်သွယ် ခဏပြတ်သွား တယ် အခုတော့ အဆင်ပြေသွားပြီး မဟာချိုင်ကနေပြီ ရာထူးတိုးတာ ကျတာလာတော့မသိဘူး ရခ်ျပူရီ မြို့ကို ပြောင်းရတာပေါ့ စိတ်ချမ်းသာဖိုတစ်ခုကောင်းတာက ကျွန်တော်အကြိုက်ဖြစ်တဲ့ အင်တာနက် စိတ်ကြိုက်သုံးရ တာတစ်ခုထဲနဲ့ အဆင်ပြေသွားပြီ ..... အင်တာနက်ရတော့မှ zawgyi font layout ကိုပြန်လုပ် မရတာလေကို aunglovemaster ကိုဖုန်းနဲ့တစ်ခါ မေး(လ်)နဲ့တစ်လှဲ့ မေးရတာ အမောဘဲ ......
Read full story
သူငယ်ချင်းများကို ပြောရအုံမယ်
ဟေ့ သူငယ်ချင်းတို့ရေး နောက်တစ်ခေါက်ပြန်ရောက်လာပြီနော် post အသစ်တွေမရေးဖြစ်တာကြာနေပြီ ချင်းမိုင်ကနေ မဟာချိုင်ကိုပြန်ရောက်လာတာနဲ့ အလုပ်တွေက တန်းစီပြီစောင့်နေတာလေ အခုတော့ အားသွားပြီးရယ်တော့ မဟုတ်ဘူး post တွေမရေးဖြစ်တာကြာတော့ အားပေးနေတဲ့ သူငယ်ချင်တွေကို အားနာမိတာ အမှန်ပါ အခုရတဲ့အချိန်လေးကို အရဆွဲပြီး ပြောလိုက်ရတာပါ။ စာတွေရေးဖြစ်အောင်လဲ ကြိုးစာပါ့မယ် သူငယ်ချင်းတို့ရေး .....
Read full story
Subscribe to:
Posts (Atom)
