Friday, June 8, 2007

ပြန်သုံးသပ်ပါ

1 comments

မနေ့က တင်ထားတဲ့ပုံကိုကြည့်ပီ စိတ်တိုင်းမကျတာနဲ့ ပြန်ပြောင်းလိုက်တာ ညဖြစ်သွားရော ... ဟိုလှဲ့ ဒီလှဲ့ ဓါတ်ပုံတွေအမျိုးမျိုးလျှောက်လုပ်နေခိုက် ... ဟိုတစ်နေ့က .... တီဗီမှာ ကြည့်မိတဲ့ သတင်းတစ်ခု ခေါင်းထဲဝင်လာတော့ ... လုပ်နေတာ ကို ရပ်လိုက်တယ် ...... ကြည့်တော့ .... "အော် တော်ပါသေးရဲ့ " ... ကိုယ် ဓါတ်ပုံဖြစ်နေတယ် .... ကလေးနဲ့ တွဲတဲ့ ပုံက လည်း သူ့ဆီက ခွင့်တောင်းပီသာမို့ ပြသာနာမရှိ .... အဲ ပြသာနာက တီဗီထဲမှာ ... အပြင်မှာလက်တွေ့တော့ မတွေ့သေး .... သူတို့ပြောတဲ့စကားတွေက ... နားထဲစွဲနေလောက်အောင် ခက်ထန်တယ် ... "ခင်ဗျာတို့ တစ်တွေဟာ ဓါတ်ပုံပြင်တာ တော်တာ မှန်တယ် ... သို့သော် ဒီလိုမလုပ်သင့်ဘူး " ဆိုပီ ဓါတ်ပုံပြတယ် မင်းသမီးတစ်ယောက်ပုံပါဘဲ ခန့်ချောချောလေး ရင်တောင်ခုန်ချင်လာပီ .... အင် ဘရိန်အုပ်မှ ကမ်းခြေမှာ လှဲအိပ်နေတဲ့ ပုံ အတွင်းအကျီနဲ့ သူ့ရဲ့ ဟို ဟို ဟာ ဟာ လေးတွေ မပေါ်တစ်ပေါ်ပေါ့ ... အင် အဲ ဒီမင်းသမီကငြင်းတယ် ... သူဒီလိုပုံမျိုး တစ်ခါမှ မရိုက်ဖူးကြောင်း ဘယ်သူ့လက်ချက်မှန်မသိဘဲ အင်တာနက် စာမျက်နှာတွေမှာ ဖောင်းဖွနေတယ် ...

ဒီတော့ ခပ်သေးသေး ဆင်လောက်ရှိတဲ့ သတင်ကြေငြာတဲ့ အဖွားကြီးက ॥ အဲ မှားကုန်ပီ မိန်းကလေးက "ရှင်တို့ ဒီလိုလုပ်တာ ဟာ မှားတယ် မှန်တယ် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါ ဒီမိန်းကလေးရဲ့ ဓါတ်ပုံကို ဒီလိုလုပ်တော့ သူနဲ့ပတ်သက်တဲ့ ဆွေမျိုး မိဘ ညီအစ်ကိုတွေက ခံနိုင်ပါ့မလား မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ကော့ ဘယ်မှာသွားထားမလဲ ရှင် ကိုယ်တိုင် ဒီလို ပုံစံနဲ့ ရှင်ရဲ့ ညီမ အမျိုးတော်စပ်သူတစ်ယောက်ယောက်ရဲ့ ပုံကို မြင်တော့ကော သည်းခံနိုင်ပါမလား " ဆိုတဲ့ မေးခွန်းတွေမေးသွားတဲ့ အတွက် ကျွန်တော် အရမ်းသဘောကျသွားတယ် ... ဒီတော့ ကျွန်တော် ပြောချင်တာ က မြန်မာ့ လူမျိုးတွေဟာ အရှက်အကြောက်ကြီးတယ် ....ယဉ်ကျေးသိပ်မွေ့တယ် ဆိုပီအမြဲပြောလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူတွေရဲ့ တစ်ချို့ ဓါတ်ပုံတွေကို အင်တာနက်စာမျက်နှာမှာ တစ်ခါတစ်လေ တွေ့မိတယ် ॥အစက ဘာမှမဖြစ်သလို့နေမိပေမဲ့ တစ်စတစ်စ များလာတာကိုတွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ် ..."အဆဲမခံရရင် ထမင်းမ၀င်ဘူးလေ "... ဆရာကြီးလုပ်ချင်တယ် .... အဲ ပြောချင်တာ က ဒီလိုပါ ... "မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြပါ "...

အခုဆိုရင် ဓါတ်ပုံတင် မဟုတ်တော့ဘဲ တစ်ချို့ညစ်ညမ်ခွေတွေပါ လုပ်လာတာကိုတွေ့ရတော့ ကာယကံရှင်ကိုယ်တိုင်တော့ ဘယ်လိုနေတယ်မသိဘူး ကိုယ်ကိုယ်တိုင်းမနေနိုင်ဘူး ...
နောက် "chattingမှာ ပျော်မွေ့နေတဲ့ မမတို့ ညီမတို့ ကိုကိုကြီးတို့ ဓါတ်ပုံတွေတောင်းရင် များများတာပေးလိုက"် "အဲ မဟုတ်ဘူး" သတိထားဖို့ ပြောချင်တာပါ ကိုယ်ကိုယ်ကို တန်ဖိုးထားရင်ပေါ့လေး....
တစ်စဆီ ဖြုန်စားပစ်လိုက်မှာ ...


(မောင်နှမချင် ကိုယ်ချင်းစာစွာ ပြောမိခြင်းပါ တစ်စုံတစ်ခုကို ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိ စေတနာ သက်သက် နဲ့ပါ စေတနာမှားဖြစ်ခဲ့ရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်)



Read full story

Blgger တစ်ယောက်ရဲ့ ခရီး

1 comments

ကိုယ်ထမင်းကိုယ် စားပီ သူများအပြောခံချင်လို့ ........" အဲ .... ဟုတ်ပေါင်" ...ပြောချင်လွန်:လို့ လောသွားတယ် ......... ဟတ်ဟတ် ..... ပြောမယ်နော် ....... ဘာမှဟုတ်ဘူး ....
ဘလောက်ကိုထိုင်ကြည့်ပီ ကျွန်တော်ရဲ့ နောက်ကြောင်းတွေကို ပြန်စဉ်းစားနေမိတယ် ..... ဘယ်ကနေ ... ဘယ်လို Blogger တစ်ယောက်ဖြစ်လာတယ် ...... "ဖြစ်ပီလား ..သိသေးဘူး .... မေးကြည့်အုံးမယ်" .......
ချင်းမိုင်မှာရှိတဲ့ အချိန်ကပေါ့ဗျာ .... ချင်းမိုင်ကို ကျွန်တော် အရမ်းသဘောကျတယ် ... သူရဲ့ရာသီဥတု နဲ့
တည်နေပုံကအစ မြန်မာရဲ့ အရိပ်ငွေ့တွေရှိနေတယ် ... မြန်မာနိုင်ငံမှာနေရသလိုခံစားရတယ် ... မြို့အနှံပတ်ပီ
မြန်မာလက်ရာတွေရှာစားခဲ့ကြတာတွေ .... ကိုစောသန်းအေးရဲ့ ကွမ်းရာတစ်ရာရဖို့ .. ဆိုင်ကယ်မီနစ် ၃၀ လောက်မောင်:ခဲ့ရတာတွေ .... ညနက်သန်းကောင် သူငယ်ချင်းတွေအုပ်ဖွဲ့ ဘီယာဘာ ထိုင်ခဲ့တာတွေ ... "အဲဟုတ်ပေါင် ... ကောဖီဆိုင်ပါ" ....

နေ့ခင်းဆို နေမင်းကြီးနောက်ရောက်မှ ထ ဆန္ဒပြတဲ့ ဗိုက် ကိုပြည့်ရသေးတယ် .... သူများတွေ ကျောင်းပြန် အနားယူတဲ့ အချိန်မှ ကျောင်းကို ကုတ်ချောင်းချောင်းနဲ့လာ ... ခြံအ၀ကနေ ... ဆရာ၇ှိလား .. ဘာလုပ်နေလဲ ... ဆရာလစ်တာနဲ့ နောက်ဖေးကို ဖနှောင့်ပေါက်ပီပြေးဝင် ရတယ် ..... ဘယ်သူရှိမလဲ ထုံးစံအတိုင်း ရုံးတာဝန်ခံ အစ်မရယ် ... စာကြည့်တိုက်တာဝန်ယူတဲ့ အစ်မ နှစ်ယောက် စကားတစ်ပြောပြော နဲ့ ချက်ပြုတ်နေတာကို လေချိုသွေးပီ ... ဟိုလည့် ဒီလည့်နဲ့ ကွန်ပျူခန်းကိုဝင်ပီ ဂလီတော့တယ် .... "ဂလီတော့ ဂလီတယ် ဒါပေမဲ့ chatting ကိုဂလီတာ ... အထင်မကြီးနဲ့" ....

"အဲ ... အာပလာကြီးတော့ တစ်ယောက်ရှိတယ် .... မဟုတ်ဘူး ... မာစတာကြီးပါ .. သူက စိတ္တဇရောဂါရလို့ ဆေးရုံးပို့ရတော့မယ်" .... ကျွန်တော်တို့ chatting ရိုက်နေရင် သူက Google ကို ဂလီ့နေတတ်တာ .... သူဂလီ့ရတဲ့ အကြောင်းက ... type ကနှေး စာလုံးပေါင်းကမရ ဗိုလ်လို က မတတ်တော့ ... သူကဂလီ့
ကိုယ်ကနောက်ကရှင်း ... ကြာတော့ စိတ်မရှည်ချင် ... ကိုယ်တော်လည်း သိတယ်ထင်ပါရဲ့ ... chatting မလုပ်တော့ ....

"တွေ့ပီ တွေ့ပီ"လို့ သူအော်နေတယ် ကြည့်လိုက်တော့ ဟော အစွဲလမ်းကြီးတဲ့ မန္တလေးသား မောင်လှတဲ့ ... အဲ .. သူကလည်း ကြွားတယ်ဟ ... သူ့မန္တလေး အကြောင်းပေါ့ .... အမယ် ဘယ်လို လုပ်ရမယ် အကျဉ်ကလေးတွေ ရှင်းပြထားတယ် .... စိတ်ဝင်စားတယ် ..... "စိတ္တဇ မင်း စမ်းထား ရရင်ပြောနော် ... chatting ပြန်လုပ်မယ်" ....

"အင်" ဆိုပီ ထိုင်ဖတ်နေတယ် ... သူလုပ်နေပီ စိတ္တဇ ရုပ်လုံးပေါ်လာတော့" အဲ ဟုတ်သား အဆို:ဘူးကွာ" .... ဒါဘဲ ပြောတယ် ... အဲ ကိုယ့်ဆရာသမားကမနေဘူး ... သူလုပ်ထားတာကို ဘယ်လောက်များ ကြွားချင်လဲ မသိဘူး .... နောက်တစ်နေ့ ဘယ်သူ online တက်မလဲ စိတ္တဇနဲ့ တွေ့ဖို့သား ပြင်တော့ ကျောင်းမှာရှိသမျှ ကွန်ပျူတာ အားလုံး သူ့ file ဘဲ .... မာစတာကြီးလို့ခေါ်ရင် စပ်ဖီဖီနဲ့ ပိုအကျိုးဘူး ... ဆဲသမျှကိုလည်း ပန်းနဲ့ပေါက်သလားဘဲ ... အကြောင်းမထူး ...

အဲအတွေးတစ်ခုပေါ်လာတယ် ... "ဟေ့ ငါတို့ရေးတဲ့ ကဗျာတွေ စာတွေကို တင်လို့၇တယ် " .... ကိုယ်ခံစားချက်ပေါ့ .... ရေးထားတဲ့ ကဗျာတွေ အရိုးကျတော့မယ် ဖတ်မဲ့ သူရှိဘူး .... ပေးလဲဖတ်ရဲ့ဘူး ..."ရှက်လို့ "... အဲ လိုတွေးတဲ့အချိန်မှာဘဲ ... Blogger တွေရဲ့ကြာမှာ ငြင်:ပွားမှုတွေရှိလာတယ် ..... ရသစာပေတွေရေးတဲ့ ....Bloge ကို ဝေဖန်ကြတယ် ... ဒီမှာ ကျွန်တော် တစ်ခုပြောချင်တာ ... ကျွန်တော် ကို ဒီလို ဘလောက်တစ်ခုဖြစ်လာအောင် တွန်းပို့ပေးတာ ရသစာပေတွေပါ .... IT ဆိုတာဘာမှနားမလည် .... သူများတွေလို ဘွဲကြီးငယ်ကို နိုင်ငံတစ်ကာမှာ ယူတဲ့သူလဲမဟုတ် ... ဘာမှလည်းမတတ် ... ဒီလိုလူမျိုးက html ကိုဘယ်လို နားလည်မလဲ CSS code ဆိုလဲ မသိ .... ပိန်တယ်လေ အရမ်းပိန်တော့ ၀တဲ့သူတွေ ပြောပေါ့ ....

ဘလောက်ကိုလုပ်လိုသာ ပီသွားတယ် ဘာတင်ရမှန်မသိဘူး .... ချစ်သူကို သတိရတော့ အဲ သူကိုပြောချင်တဲ့ စကားလေးတွေဒီကပြောမယ် ... ကဗျာလေးတွေရေးမယ် ... ကိုယ်တော့ ဟုတ်နေတယ် ... အဲ ပြသာနာရှိတာ က ဟို မာစတာကြီး သူကဘာတင်ရမှန်းမသိတော့ ... သူတွေ့သမျှကိုလည်း သူများကို share လုပ်ပေးချင်တဲ့စိတ်ကများတော့ .... ဟိုက ဒီက ပိုစ်ကို ယူတင်တယ် ... အဲ တစ်ချီတော့ ... မျက်ရည်ကျလုတယ် ကိုတော်ချော သူများ page မှာတင်ထားတဲ့ softward တစ်ခုကို သူ့ page မှာတင်လိုက်တော့ ကလောဆဲခံရတယ် .... ကျွန်တော် သနားသွားတယ် ... သူ့ခများ စိတ်ဓါတ်လည်းကျသွားတယ် ... ကိုယ်က ဘာရယ်မဟုတ်ဘူး သူများကို ပြန်ပီ တဆက် ပြောပြချင်တာဘာ
ဒီလိုဖြစ်တော့ ... ဒီတစ်ချီတော့ သူခံလိုက်ရတယ် ပြောလိုက်ချင်တယ်ဗျာ ... Blogger များအားလုံးကို "မာနတွေမထားကြပါနဲ့ ... မိမိနိုင်ငံ မိမိလူမျိုးတွေအတွက် မိမိသိတဲ့ တတ်တဲ့ ပညာ တစ်ချို့တစ်ဝက်ကိုပေးလှူကောင်းပါတယ် "... ကျွန်တော်တို့တွေဟာ ဒီ လို Bloge ကို လုပ်ပီ သက်မွေးဝမ်းကြောင်းပြုခြင်းမဟုတ်ပါ .... မိမိဝါသနာ ... စိတ်ခံစားမှု .. ရင်ထဲက မကျေနပ်ချက်များကို လွတ်လပ်မှုရှိတယ် ထင်တဲ့ ဒီနေရာလေမှာ ရင်ဖွင့်ကြတာပါ ....

အမိမြန်မာမြေမှာရှိကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ chatting ဘဲ တစ်နေကုန် ပြောနေမဲ့အစား ရတဲ့အချိန်လေးမှာ အတတ်ပညာတွေကို ဦးစားပေဖေါ်ပြထားတဲ့ ဘလောက်တွေမှာ ၀င်လေ့လာဖို့ လဲ တိုက်တွန်းချင်တယ် ... ဘာလို့လဲဆိုတော့ ငွေကြေးတစ်ပြာတစ်ချပ်မရဘဲ အချိန်ကုန်ခံစဉ်းစား ဘာသာပြန်ဖေါ်ပြပေးတဲ့ သူတွေဟာ သူတို့တတ်တဲ့ ပညာတွေနဲ့ မိမိတို့နိုင်ငံနဲ့ လူမျိုးတွေကို ဘယ်သူတစ်ဦးကမှ တာဝန်ပေးခြင်းမဟုတ်ဘဲ ကိုယ့်တာဝန်ကိုသိကာ အလုပ်ကြွေးပြုတဲ့သဘောပါ စေတနာထက်သန်းလှတဲ့ သူတို့ရဲ့ နှလုံးသားတွေကို အသိမှတ်ပြု ရာရောက်ပါလိမ့်မယ.်................. ။ ။
Read full story

Thursday, June 7, 2007

လေလွင့်ခြင်း

0 comments



အချစ်ကို နားမလည်တဲ့
ငါ ................

အိပ်မပျော် ညတစ်ညရဲ့ မနက်မှာ
အလင်းအမှောင်တွေနဲ့
ကမ္ဘာကြီးကို မှီခိုနေထိုင်
ဘ၀အမောတွေနဲ့ ဖြတ်သန်း

အချစ်ဆိုတဲ့ ..................
စိတ်အာဟာရကို အားကိုးပီ
ဓနဂုဏ်တွေပြည့်တဲ့ အိန်ဂျယ်ရယ်

မဆီမဆိုင် လွမ်းမိလို့
မာဂျူရီ မီးရောင်အောက်မှာ
ငါ တစ်ယောက်တည်းထိုင်ရင်
စီကရက်တစ်လိပ်နဲ့
မင်းကြောင်းတွေ
အဖော်လုပ်ပြောနေမိတယ် ....... ။ ။
(မျိုးသော်)


(ခံစားမှုတစ်ခုကို ဓါတ်ပုံလေးတစ်ပုံနဲ့ စာလေးတစ်ကြောင်းက ပုံဖော်ပေးလိမ့်မယ်)
Read full story

Tuesday, June 5, 2007

သက်သေပြပါ

0 comments
  • အချစ် .......
လေလှိုင်းကို သက်သေပြု
ယုံကြည်မှုနှင့်
အချစ်ကို တည်ဆောက်ခဲ့ကြတယ်


  • အချစ် ...........
နားလည်မှုတွေနဲ့
အနာဂတ်အိပ်မက်ကို မက်ခဲကြတယ်

  • အချစ် .......
တည်ဆောက်ခဲ့တဲ့ အချစ်
အိပ်မက်တွေ မပျက်ရလေအောင်
ဒါမှမဟုတ်
မောင့်ကို တကယ့်အချစ်စစ်နဲ့
ချစ်ခဲ့တယ်ဆိုရင်
တစ်ကြိမ်တစ်ခါ ခွင့်လွှတ်မှုနှင့်
သက်သေပြပါလား ..... ကလေးရယ် .... ။ ။
(မျိုးသော်)



(ဒီကဗျာကို ဖတ်ပြီး ကလေး နားလည် နိုင်ပါစေလို့ မရေရာတဲ့ မျှော်လင့်ချက်တစ်ခု ထားမိတယ် ကလေးရာ)
Read full story

အဖေ ရဲ့သားမိုက်

0 comments
ချစ်သူက လမ်းခွဲစကားပြောတော့ ရင်ထဲဟင်လင်ပြင်မှာ ဘာမှမရှိ ပလာနတ္တိ ဖြစ်ပြီး ကမ္ဘာမြေရဲ့ တစ်ဘက်ကို ရောက်သွားခြဲ့ပီး .... ဘာဖြစ်လို့လဲ ... ဘာကြောင့်လဲ ဆိုပြီ ကျွန်တော် မမေးချင်တော့ပါ.... စောတက တတ်ပီ မေးလို့လဲ သူဖြေမှာ မဟုတ်ဘူး .... ဒီတော့ တစ်ယောက်တည်းလွမ်းနေရမှတပါး အခြားမရှိတော့ ... အခုလို အချိန်မျိုးမှာ ကြောက်ရွံတဲ့စိတ် သိမ်ငယ်အားငယ်စိတ်တွေ က သွေးသားထဲအပြည့်စီးဝင်လာတော့တယ် ....... ဘယ်သူကယ်နိုင်မှာလဲ ကျွန်တော်ဘ၀မှာ ဖြစ်ပေါ်နေတဲ့ ဒီလိုခံစားမှုတွေကို ကော ဘယ်သူတစ်ယောက်က နားလည်နိုင်မှာလဲ နားလည်ပေးပါလို့လဲ မတောင်းဆိုချင်တော့ပါ .... ..

၁၉၉၂ ကာလ ကလေး သာ သာ ရှိသေးတဲ့ ကျွန်တော်တို့ရဲ့ မိသားစုကမ္ဘာလေးထဲ ကြမ္မာမုန်တိုင်းစိးဝင်လာတော့ အဖေ ဖေ ဖေ ဆိုပြီး ခေါ်နေတဲ့အသံ ကျွန်တော်ကြောက်တယ် ကြောက်တယ်လို့အော်ပီ အဖေရင်ခွင်ထဲ တိုးဝင်တော့ အဖေက မကြောက်နဲ့သား အဖေရှိတယ် သားအရှေ့မှာ အဖေရှိတယ် .. ဒီတော့ အဖေမျက်နှာကို ပြန်ကြည့်မိတယ် .. . ဟုတ်တယ် ကျွန်တော်မှာ အဖေရှိတာဘဲ အဖေရဲ့နွေထွေတဲ့ရင်ခွင် ကြင်နားမှုအပြည်ပါတဲ့ မျက်ဝန်းတွေက ကျွန်တော်ကို သနားစွာ ကြည့်နေတတ်တယ် ....

လွမ်းတယ်အဖေရယ် .. ကျွန်တော်ရင်မှာ အရမ်းမွန်းကျပ်နေတယ် ... အဖေကိုပြောပြချင်တဲ့အကြောင်းတွေ ပြည့်လျှံနေပြီ ... ဘ၀အကြောင်း အချစ်အကြောင်း သားကောင်းကောင်းနားလည်ပါပီ .. လက်က တစ်ခါမှ ပြုပြင်မှုမရှိ တန်ဖိုထားရမှန်းမသိတဲ့ မီးခိုးရောင်မိုဘိုင်ဖုန်းလေးကို ကိုင်ပီ တစ်ခါကမှ ခေါ်ဖို့ စိတ်မကူးမိတဲ့
နံပါတ်တစ်ခုကို နှိပ့်လိုက်မိတယ် .... တီ .. တီ ... တီ .. ဟဲလို ဆိုပြီး နားနှင့်မစိမ်းတဲ့ အသံတစ်ခုက ပေါ်လာတယ် ... သိလိုက်တယ် ကျွန်တော် အဒေါ်ဆိုတာ ... အဒေါ် ကျွန်တော် မျိုးသော် ပါ အဖေကို သတိရလို့ အဖေရှိလာဟင် အဖေ့ကိုခေါ်ပေးပါနော် .... ဆိုပြီ အသံက ထွက်မလာတော့ ... ဘယ်သူလဲ ဘယ်သူက သတိရတာလဲ ဆိုပြီး အသံက အံသြမှုတစ်ဝက် ၀မ်းသာမှုတစ်ဝက်နဲ့ ပြန်မေးလာတော့ ... ကြိုးစားပီ နောက်တစ်ချိန် ပြော၇တယ် ... ကျွန်တော်ပါ .. ကျွန်တော် သတိရတာပါ ... အဖေကိုခေါ်ပေးပါနော် ဆိုတဲ့ စကားကိုသာ ပြောနိုင်သည် ... တခြာမပြောနိုင်တော့ ရင်ထဲမှာလဲ အရမ်းမွန်းကျပ်နေတယ် .... ဒီအချိန်မှာ ကျွန်တော်ကြားချင်ဆုးံ အသံက အဖေ့ အသံ ... ယုံကြည်မှုနဲ့ အေးဆေးတည်ငြိမ်တဲ့အဖေအသံကိုသာ မျှော်လင့်ဆုံးပါ ....အဲ နင် မျိုးသော်ဟုတ်တယ်နော် ... နင်က နင်အဖေကို သတိရတယ်ဆိုတာ နင်အဖေကြား၇င် အရမ်းဝမ်းသာမှာ ... အေ အေ ငါ့ခေါ်ပေးမယ်ဆိုပီ အားပါးတရပြောနေတဲ့ အဒေါ်အသံကို စိတ်မရှည်းချင်တော့ ....
အဖေရယ် .... သားမခံစားနိုင်တော့ဘူးအဖေရာ ... ရင်တွေခွဲထွက်တော့မယ် ... သားဆိုပီ တုန်ချီးနေတဲ့ အသံနှင့် နေကောင်းလာ အဆင်ပြေရဲ့လာ မေးနေတဲ့အသံ က ကျွန်တော်ကို စိတ်တစ်ဝက် သက်သာစေခဲ့တယ်မဟုတ်လား ... အဖေရယ် ... သားအဖေကိုဘယ်လို တုန့်ပြန်ရမလဲ .. အဖေကိုနှစ်ရှည်လများ သား အသံမပေး စာမရေး နေခဲ့တဲ့အချိန်တွေ ကို ပြန်နှာမျှော်မိတယ် .. အဖေရယ် ...

အဖေဆီပြန်လာတော့နော်သား ... သားအတွက် အဖေစိစဉ်ထားတယ် ... အဖေတို့ သားအဖ တူတူ စည်းစည်းလုံးလုံး ပြန်နေကြ၇အောင်နော် .... သား ညီမတွေ ညီတွေကိုလဲ ဂရုစိုက်နော် သူတို့ကိုလည်း ပြောလိုက်နော် ပြန်လာကြပါတော့လို့ .... သားသမီးတွေကို တစ်စည်းတစ်လုံးတည်း ရှိစေချင်တဲ့အဖေ ... သားသမီးတွေ ဘယ်လောက်ဆိုးဆိုး အပြစ်မဆိုတဲ့ အဖေ ... အဖေရယ် ........




( ရင်ထဲအမှန်ခံစားနေရလို့ ရေးထားခြင်းပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလို စိတ်မရှိပါ အချစ်ကို ကောင်းကောင်းနားလည်တတ်ပါပြီ ချစ်လဲချစ်နေမြဲပါ သူလေးဒီစာကိုဖတ်ပြီး နားလည်နိုင်ပါစေလို့ မရဲတရဲ မျှော်မှန်တမ်းတမိတယ် ....)
Read full story

Sunday, June 3, 2007

လမ်းပျောက်တဲ့ ငါ

0 comments
မှောင်မဲလွန်းတဲ့
အခန်းကျဉ်လေးထဲ
အိပ်မရဘဲ
ချစ်သူကိုလွမ်းနေဆဲပါ

အနားမှာ သူမရှိ
ခြင်တွေနဲ့ မိတ်ဖွဲ့
ပိုဟန့်နဲ့ ရန်ဖြစ်

နှလုံးသားကိုကာကွယ်
အလွမ်းသီချင်းတွေဆို
မျက်ရည်းဝဲးလည်လည်
စမ်းတ၀ါးဝါး
လမ်းပျောက်တာ
ငါပါ ချစ်သူရာ ...... ။ ။
(မျိုးသော်)
Read full story

Saturday, June 2, 2007

ဖြူစင်မှုနဲ့

0 comments
ဒီရေလို
အတက်အကျမြန်တဲ့
ရင်ခုန်မှုတွေကို
ရေလယ်မှာ
မျေားလွင့်ဗေဒါ
အဖိုးမတန်ပါလဲ
အလှတရားက မိုးထိ
ဖြူစင်မှုက
အရောင်မပါ
တမ်းတမ်းတတ
ချစ်တာပါ .....။ ။
(မျိုးသော်)
Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....