Tuesday, May 29, 2007

Neoboard by NeoWorx

0 comments
သိတတ်နားလည်တာတော့ မဟုတ်ဘူးဗျာ့ ..... ဒါပေမဲ့ ကိုယ့်ရောင်းရင်တွေ .... c box .... ဖွင့်လို့မရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ... comment ...ရေးရတာ ဒုက္ခရောက်နေရတာကြောင့် ... စမ်းသပ်ပြီးတွေ့သမျှကို ပြန်ပြီး ဖေါက်သယ်ချကြည့်မိတယ် .... ပထမဆုံး NeoWorx.net ကိုဖွင့်ပါ ..... ပြီး neoboard အကွက်လေးကို နှိပ့်လိုက်ပေါ့ ... ဆက်ပြီး ..... member .. ကိုနှိပ့် ပါဗျာ ...
အဲမှာ ... email ..... နဲ့ ..... password .... အကွက်လေးနှစ်ခုပေါ်လာရင် .... member .. ၀င်လိုက်ပေါ့ ... ပိုက်ဆံပေးရတာမှမဟုတ်တာ .... နောက် .. NeoBoard ... ရဲ့အောက်မှာ .. install tool နဲ့ manage messages .... ဆိုပြီ နှစ်တန်းရှိတယ် .... အဲမှာ ..install tool ကိုနှိပ်လိုက်ပါ .... ဟော ပေါ်လာပြီ ..... ကိုယ်ပြောင်းချင်တဲ့ အရောင် ပုံစံကိုပြောင်းတယ် .... စိတ်ကြိုက်ရပြီဆိုရင် ... save ကိုပေးပါ ဘေးမှာ က Html code ..တွေ ပေးထားလိမ့်မယ် ... code ..ကိုယူပြီး ကိုယ့် ဘလော့မှာ သုံးလို့ ရပြီ ..... ကိုယ်ကြိုက်တဲ့ ပုံစံကိုယူပြီ ... save လုပ်တိုင်းမှာ Html code ..က ပြောင်းနေလိမ့်မယ် ... အသုံးတည့်တဲ့သူတွေ ယူသုံးပေါ့ .... သူက ကျွန်တော်တို့သုံးနေတဲ့ ... c box ...နဲ့ အသုံးဝင်ပုံတူပါတယ် ... အဲပြောဖို့ မေ့နေတယ် .... comment ရေးတဲ့အချိန် ကြောင်နေမှာဆိုးလို့ ... box မှာ .. chat now ကိုနှိပ်ပါ ... အဲမှာ ကျွန်တော် တို့ cbox မှာရေးတဲ့ပုံအတိုင်းဘဲ ပေါ်လာမှာ ရေးချင်တာ ရေးကြပေါ့ .. ..
ကျွန်တော်တော့ သုံးနေပြီ ..... ရောင်းရင်တို့ကို လည်း သုံးစေချင်တယ်နော် ... စေတနာနဲ့ပါ .....
Read full story

Sunday, May 27, 2007

လွဲချော်မှု

0 comments
လူမှန်းသိတတ်စမှာ
အမေနဲ့ခွဲခဲ့ရတယ်


အထက်တန်းစာမေးပွဲအပြီးမှာ

အောင်စာရင်းနဲ့လွဲခဲ့တယ်


အချစ်လို့ သိခဲ့အချိန်မှာ

ချစ်သူက အဝေးမှာ


ကြင်သူမဲ့

လွဲချော်ခဲ့တဲ့ ငါ့ကို


ကံကြမ္မာက

ဘယ်လိုပုံစံနဲ့

နှိပ်စက်အုံးမှာလဲ ..........
မျိုးသော် (27/5/2007)







Read full story

Saturday, May 26, 2007

တွေ့ချင်တယ်

1 comments
အချစ်ဆိုတာ တစ်ခါတစ်လေကျတော့ နားလည်ရအခက်သား ကလေးနဲ့ စကားပြောပြီး စိတ်တွေက နည်းနည်းလေးလံနေတော့ ဘာမှစဉ်းစားလို့ မရတော့ ဗိုက်ကလည်း တစ် ဂြီ .... ဂြီ ..... ဂီြ ..... မြည်သံ ပေးနေတယ် ....... အာ .. အခုမှ သတိရတယ် ... ထမင်းတောင် မစားသေဘဲကို ..... ကလေးကို လွမ်းတဲ့စိတ်က လည်း ...... မိုးထိလောက်တယ် .... အင်လေး .... ချစ်တော့ လည်း ဘာတတ်နိုင်မှာလည်း ... လွမ်းတဲ့ဒဏ်ကိုတော့ .... ချစ်တတ်သူတိုင်း ခံရမှာဘဲ ...... ဒီလိုနဲ့ ကလေးကို.... ချစ်တယ် ..... ချစ်တယ်နဲ့ .... အော်နေတော့ .... ရောင်းရင်တို့ စိတ် နည်း နည်း ၀င်စာလာတော့မယ် မဟုတ်လား ..... သိနေတယ်လေ ..... အချစ်ဆိုတာ .... ပြောပြမယ်နော် .... ဟီ ... ဟီ ... ဆရာ ကြီး ပုံစံနဲ့ စကားစချီလိုက်တာ .... အချစ်ဆိုတာ .... အချစ်စစ်ကို ပြောတာနော် ..... သူကို မြင်ပြီး .... သူဆီမှာ ရှိတဲ့ အလှပတွေကို ခံစား ဒါမှ မဟုတ် မက်မောမှုတစ်ခုခုပေါ့ ... အထင်ကြီးမှု တစ်စုံတစ်ရာ .... ကြောင့် ... ချစ်ခဲ့တာ မဟုတ်ဘူး ..... ရယူချင်တာ ဘာမှမရှိဘူး ..... သူမျက်နှာလေးကို မြင်ရရင် ...... သူအသံလေးကိုကြားရရင် ..... ကျေနပ်နေပြီး လို့ ဆိုတဲ့သူရှိမှာပေါ့ ..... ကျွန်တော် ကတော့ ဒီလိုမဟုတ်ဘူး .... ဒီလိုမဟုတ်တော့ ...... ဘယ်လိုလဲလို့ မေးမလို့ မဟုတ်လား ..... ဖြေမယ်နော် .... သူစာလေးကို ကွန်ပျူတာ မျက်နှာပြင်လေးမှာတွေ့ရင် အလွမ်းပြေတယ် ... သူ့ ကို အရမ်းချစ်တယ် .... ဒါပေမဲ့ သူ့ကို အခုအချိန်ထိ .... မတွေ့ဖူးသေးဘူး .....
Read full story

Friday, May 25, 2007

ပျော်လိုက်တာ ......

0 comments
ဒီနေ့တစ်နေကုန် ဘယ်မှမသွားဘဲ ကွန်ပျူတာအရှေ့မှာပင် အချိန်တွေကိုဖြုန်းနေလိုက်သည် ......ဘ၀တူ bloger တွေကို လျှောက်မွှေနေလိုက်တယ် .... အိမ်သာတက်တဲ့အချိန်ကလွဲလို့ပေါ့ ..... ထမင်းတောင်မစားဘူး ဒါပေမဲ့ အလိုက်သိလွန်းတဲ့ သူငယ်ချင်းတွေကြောင့် ထမင်းတော့ မငတ်ခဲ့ပါ ... သူတို့အပြင်မှ ပြန်လာသည့် အချိန်တွင် ထမင်းထုပ်ကိုဆွဲပြီး ကွန်ပျူတာ စာပွဲပေါ်တွင်လာတင်ထားပေးခဲ့တော့ .... ဒီလိုလာပေးတော့လဲ ချစ်သူက အိုင်တင်မခံတတ်ပါ ... ဖင်ကိုထိုင်ခုံက မကြွဘဲ ထမင်းစားခွင့်ရလိုက်တယ် ... စာပွဲ ပတ်ပတ်လည်းမှာ ရေဘူး ပါတစ်ခါတည်းထားပြီး အပြတ်သွယ်နေတော့တာ .... ချစ်သူ ရဲ့ ကလေးကလည်း ညနေခင်း online မှာ တွေ့ဖို့ချိန်းထားတော့ ချစ်သူ ထလို့မဖြစ် မနက်လည်း စောစောစီစီထ ပြီးဂလီ့နေလိုက် ကွန်ပျူတာ တောင် စကား ပြောတတ်ရင် မခံနိုင်တော့ဘူးလို့ အော် ပြောရင် ပြောနေမှာ ....

ချစ်သူ ရဲ့ ကလေးနဲ့ စကားပြောပြီးသည့် အချိန်တွင် ည ၉ နာရီ ထိုးနေပြီး ဒီကြာထဲ connection ခဏ ခဏ ပြုတ်ကျတော့ ခရီးက မပေါက်ချင် ..... မခံနိုင်တော့ဘူး ရေးချိုးမှဘဲ ဆိုပြီး စက်ပိတ်လိုက်တယ် .... သူ့ခများလည်း သနားပါတယ် မနက် ၅ နာရီ ကတည်ကစပြီး အခုမှအနားရတော့ ပျော်သွားသလားမသိ ငြိမ်နေသည် ....

မောင်မင်းကြီးသား ချစ်သူကလည်း စိတ်က လုပ်ချင်လာရင် ဘယ်သူမှတားမရ .... မအိပ်ချင်းသေးတာနဲ့ အိပ်နေတဲ့ သူကို နိုးပြီး ချစ်သူနဲ့ အဖော်လုပ်ခိုင်းကာ ... ဟို ဟို ဒီဒီ သွားဖို့ သူ့ကို ခိုင်းရပြန်တယ် .... အစ်ကို အဉ္စလီဆီကို အလည်းရောက်တာ ခေါက်ပေါင်းမရေနိုင် ..... သူငယ်ချင်း အောင်အောင်ဆီ လည်းရောက်တယ် အကြောင်းမထူး .....

ဒီတစ်ခါ အစ်ကို အဉ္စလီ ရဲ့ ဘလောက်မှာ နာမည်တစ်ခုကိုတွေ့လို့ အားရုံစိုက်ပြီးကြည့်သည် .... မျက်လုံးတွေကို အသေချာ ပွင်သန့်ပြီးကြည့် ထပ်ကြည့်ပြန်တယ် .... ဟုတ်နေပြီး သေချာနေပြီ ဒါက ချစ်သူတို့ ဆရာမဘဲ ဆရာမမေငြိမ်းလို့ ပေးထားတယ် ..... ချစ်သူ ထခုန်းမတတ် ၀မ်းသားသွားတယ် ... ဆရာမက ချစ်သူ တို့ လိုလူငယ်တွေကြားထဲ ၀င်လာပြီး ဆရာမ ကိုယ်တိုင် ဘလောက်ကာ တစ်ယောက်အဖြစ် ခံယူခဲတယ် .. .. ဟာ ပျော် ဖို့ကောင်းလိုက်တာ .... ဘလောက်တွေကြားမှာ ဆရာမတို့ လို စာရေ ဆရာ / ဆရာမတွေရောက်လာတာ ... အားရစရာ ..... မဟုတ်ပါလား .....
Read full story

ကြွားချင်လို့ပါ

0 comments
ဘာရယ်မဟုတ်ပါဘူး သူများတွေစတိုင်ထုတ်ပြီးကြွားနေတာ တွေ့လို့ ချစ်သူကလည်း မနေသာ ထပြေးရတာပေါ့ ချစ်သူမှာကြွားစရာဆိုလို့ ဘာမှမရှိပါဘူး ............ .ရင်ထဲမှာရှိတဲ့ ဖြူစင်တဲ့ စိတ်ထားတစ်ခုကလွဲလို့ပေါ့ .... အလုပ်လုပ်ရတာ အဆင်မပြေတာနှစ်ရက်ရှိပြီး ဒီတော့ ပစ်ထားလိုက်တယ် ပြောမဲ့သူမရှိတော့ လုပ်ချင်သလို လုပ်နေလိုက်တယ် ..... စိတ်က အမိမြေမှာရှိတဲ့ ကလေး ဆီရောက် နေတာကို ကလေးဆိုလို့ ချစ်သူရဲ့ သားသမီးတွေလို့ မထင်လိုက်နဲ့အုံး .....

ချစ်သူရဲ့ ကောင်မလေး ကို ချစ်သူက ကလေးလို့ခေါ်တာ ..... မှတ်ထားနော် ရောင်ရင်တို့ ...... ဒါမို့လို့ ချစ်သူက ကလေးတွေကိုချစ်တတ်တာ ..... ကောင်းမလေး ကလေးဆို ပိုပြီးတောင် ချစ်သေး ... ဟီ ဟီ ဟီ.... မရီနဲ့နော် .... ပျော်လို့ စတာ .....
Read full story

ပိတီဖြစ်ရတဲ့အကြောင်း

0 comments


ကျောင်းတူညီဝတ်စုံတွေနဲ့ ခုန်ပေါက်ပြေးနေတဲ့ သူတို့လေးတွေကို အမှတ်တမဲ့ကြည့်ရင် ထိုင်း ကလေးတွေလို့ ထင်ရပေမဲ့ သူတိုဟာ ထိုင်းမဟုတ်ပါ မြန်မာနိုင်ငံပေါက် မြန်မာနိုင်ငံသားများမှ မွှေးဖွားလာတဲ့ မြန်မာနိုင်ငံသားတွေပါ .... စီးပွားအဆင်မပြေမူကြောင့် ရေကြည်ရာမြက်နုဆိုသလို မိဘများ သွားရာကိုလိုက်ခဲ့ ရတဲ့သားသမီးတွေဟာ .... မိဘများရဲ့ စီးပွားရေးအကြပ်တည်းကြောင့် မြေစားပင်သဖွယ်ဖြစ်ခဲ့ရသည် ..... မိမိနဲအရွယ်တူ ထိုင်းကလေးများက ကျောင်းဝတ်စုံနဲ့ ကျောင်းကို အဖွဲ့အစုလိုက် သွားကြသည့်အခါ သူတို့များမှာ ငေးကြည့်ရုံမှတပါးမရှိ ... မိဘများကလည်းစိတ်မ၀င်စား ...... အခုတော့ သူတို့ဆန္ဒလေးတွေပြည့်သွားပြီလို့ ဆိုရမှာပေါ့ .... သူတို့တစ်တွေရဲ့ လွတ်လပ်စွာပြုံးပျော်နေကြတဲ့ ပုံစံလေးကိုမြင်ရတော့ မိဘတွေတော့ ဘယ်လို ခံစားရမယ်ဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ သူတို့လေးတွေရဲ့ အနာဂတ်ကို ကြိုတွေးပြီး ပီတိဖြစ်မိတယ် ....

အချိန်ပိုင်း မြန်မာစာ သင်ပေးနေသော ဆရာမတစ်ဦးရဲ့ စေတနာ





သူငယ်ချင်းများနှင့်အတူ ထမင်းစာနေကြသည့် သူတို့
Read full story

ဒီလိုခံစားမှုမျိုးကို ခံစားကြည့်ပါ

1 comments
"အားလုံးတန်းထ တန်းဆို" ဆိုတဲ့ အတန်းခေါင်းဆောင်တစ်ဦးရဲ့အသံအဆုံးတွင် "မင်္ဂလာပါဆရာ" တပည်များရဲ့ အသံက တပြိုင်တည်း ထွက်လာသောအခါ နထင်သွေးကြောအထိအောင် ကြွက်သီးမွှေးမျှင်များထောင်ထလာ တယ် .... အတွေးစတွေကလည်း ဟိုအတိတ်ကာလ ဆယ်စုနှစ်တစ်ခုဆီသို့အရောက်ခရီးနှင်းသွာလေပြီ "မင်္ဂလာပါဆရာ - မင်္ဂလာပါဆရာမ" ဆိုပြီးမျက်စီးစုံမှိတ်ကာ အတန်းဖော်သူငယ်ချင်းများနှင့် အသံပြိုင်အော်ဆို ခဲ့ဖူးသည်။ ဆရာပြောသည့် စကားများကိုလည်း မျက်တောင်လေး ခတ်ကာခတ်ကာနဲ့ အပြစ်ကင်စွာ နားထောင်ခဲ့ ဖူးသည်။ အဲဒီအချိန်ကာလက ဒီလိုအတန်းရှေ့မှာ ဆရာကြီး စတိုင်အပြည့်နဲ့ ရပ်ပြီးတပည့်များကို ပြောဆိုဆုံးမသူ စာသင်နေသူ တပည့်များရဲ့ ဂါရ၀ တရားကိုခံယူနေသူဟာ တစ်နေ့ ကျွန်တော် ဖြစ်နေလိမ့်မယ်လို့ တွေးထင်မထား အိပ်မက်ပင်မမက် .....

ဆရာတစ်ယောက်ရဲ့ ခံယူချက်ကဘာလဲ သူတို့ပီတိက ဘာလဲ မသိ သိအောင်လဲ မမေး အကြင်နာမှုအပြည့်ပါတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်တဲ့ အကြည့်တစ်စုံကိုတော့ နှစ်သက်သည် ။ သိုသော် ပေးပါလို့လဲမတောင်း မတောင်းလဲ ဆရာ ကပေးခဲ့တာ အားလုံးတန်တူ ...
"ဆရာဆရာ ဒါက ....... ဘယ်လိုခေါ်လဲဟင်" .... ဆိုတဲ့ ကျောင်းသားတစ်ယောက် လာမေးတဲ့အသံကိုကြားမှ အတွေးစကို ပြန်သိမ်းရတယ် ... ဒီအချိန်မှာ ဆရာတွေကို သတိရတဲ့စိတ်တွေက တစ်ဟုန်ထိုးဝင်လာ တော့တယ် အဝေးမှာရှိတဲ့ ကျွန်တော် ဆရာ တွေအားလုံးကို ပြောချင်းတဲ့စကားတစ်ခွန့်ရှိတယ် ဒီစကားလေးကို မပြောခင် လွန်ခဲ့တဲ့ ၉ နှစ်လောက်က အထက်တန်းကျောင်းသားဘ၀မှာ ဆရာ့ကိုမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့ "ဆရာ တကယ်လို့များ ဆရာသာ စီးပွားရေးတစ်ခုခုကို လုပ်ကိုင်မယ်ဆိုရင် ဆရာဒီအချိန်မှာ ချမ်းသာ ရင် ချမ်းသာမယ် ဒါမှမဟုတ် ဆင်းရဲရင်လည်း ဆင်းရဲမယ်ပေါ့နော် ဒါက ဆရာ့ရဲ့ အစွမ်းရည်ပေါ်မှာမူတည်လိမ့်မယ် ကောင်းတဲ့ဘ၀တစ်ခု ဒါမှမဟုတ် အဆင်မပြေတဲ့ဘ၀တစ်ခုပေါ့နော် ဆရာစွန့်စားကြည့်ပါလား ဆရာကတော်တာဘဲ ဒီက ဘာမဟုတ်တဲ့ အစိုးရလစာနဲ့ ဆရာရာ မမိုက်ပါဘူး ...."

ဒီလိုပြောတဲ့အချိန်မှာ ဆရာက ဘာမှပြန်မပြောဘူး ပြုံးပြီး ဘာမှမသိ နားမလည်တဲ့ ကလေးငယ်ကိုကြည့်တဲ့ အကြည့်နဲ့ကြည့်တော့ နည်းနည်းရှက်လာတယ် ... ကိုယ်ပြောတဲ့စကားများမှားနေလာလို့ ... ဒါပေမဲ့ ဆရာက တုံ့ပြန်ပြီး ပြောတဲ့ တစ်ခွန်တည်သောစကားက ဒီလိုနေရာရောက်ရင် ဒီလိုခံစားမှုကို မင်းသိမှာပေါ့ကွာ .... ဆိုပြီး ပြောခဲ့တယ် .... ဒါကြောင့်ပြောချင်တာက ဒီလိုခံစားမှုကို သူငယ်ချင်းရောင်းရင်တွေ ခံစားဖူးကြပါလားဟင် ...

Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....