Thursday, November 8, 2007

Governor accused of race bias

0 comments
ထိုင်းနိုင်ငံ မဟာချိုင် မြို့  စမူစာခွန်ခရိုင်တွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီနေထိုင်မှု့ကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် အာဏာပိုင်များအကြာ ပြသနာများဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လေ့ရှိသည် အလုပ်ရှင်များရဲ့ မတရားခိုင်စေမှု့အပြင် တစ်ချိုးထိုင်းလူမျိုးများရဲ့ လုယက်တိုက်ယူမှု့ကိုလည်း ခံနေခဲ့ရသည် ။ သွားလာနေထိုင် စားသောက်လုံခြုံမှု့တစ်ချက်မျှမရှိ ရုန်းကန်နေကြရသည့်ဘ၀မှာ ရင်မောဖို့ရာကောင်းလှသည်။ ထိုကဲသို့သော ဘ၀များဟာ မြန်မာနိုင်ငံမှာထက်စာရင် ပိုကောင်းသေးတယ်ဟူ၍ပင် ပြောသောသူများက ရှိသေး အကြောင်းမှာ ဖိနိပ်မှု့ အမျိုးမျိုး အဖုံဖုံကို မြန်မာနိုင်ငံသားများ မွေးကတည်းကခံစားလာကြတယ်မဟုတ်လား ဒီတော့ အသားသေနေပြီးဖြစ်တဲ့ ဖိနှိပ့်ခံဘ၀တွေဟာ ဒီမျှလောက်နဲ့မပြောပလောက်တော့ချေ ။ ထိုကဲ့သိုသော ဘ၀များမှရသည် ချွေးနည်းစာငွေကြေများကိုပင် အမိ့ဘာသာ သာသနာနှင့် လူသားကာကွယ်စောင့်ရှောက်ရေး အဖွဲ့သည်းများကိုတည်ထောင်နိုင်ခဲ့သည်မှာ သာမန်လူများလုပ်နိုင် မည်မဟုတ် ထိုသို့ ကျွန်တော်တို့မြန်မာနိုင်ငံသားများအခုလို စည်းစည်းလုံးလုံး ဖြစ်လာမှာကိုမလိုလား လေလော ဒါမှမဟုတ်အမြင်ကျဉ်းလေလောတော့မသိ မြန်မာနိုင်ငံသားများ စည်းစည်းလုံးလုံးနဲ့ ဆင်နွဲသောပွဲတော်များကို ခွင့်ပြုမှာမဟုတ်ကြောင်းဆိုပီ စမူစာခွန် ခရိုင်ဝန်ကြီးက အမိန်ထုတ်ပြန်လိုက်ခြင်းအပေါ် LPN (Labour Rights Promotion Network ) မြန်မာအလုပ်သမားလူနေမှု့အဆင့်မြှင့်တင်ရေးအဖွဲ့က ခုလိုတုန့်ပြန်လိုက်တယ် .......

Governor accused of race bias

Leading labour rights groups yesterday came down on the government for its policy of strictly controlling foreign workers after the Samut Sakhon governor sent a letter to all em-ployers in his province directing them to forbid migrants from holding cultural events.

Published on November 7, 2007

“The letter demonstrated the governor’s lack of cultural sensitivity, which when dealing with people from foreign countries,” said Sompong Sakaew, director of the Labour Rights Promotion Network.

Governor Verrayuth Yea-mampar- in his circular of October 26 to the Employment Office, employers and factory owners – said they should strictly manage and monitor their worker from Burma, Laos and Cambodia and not allow them to organize cultural ceremonies at any event at all.

“These activities should not be supported because it will make the community feel that these people are the owners of the community, and that could create security problems. It is against the government’s purpose for them to be just temporary workers,” he said.

Sompoang criticized the governor for his “racial prejudice”.

“There’s nothing wrong with foreign workers, just the government’s policy trying to control them. We’re pressing down on them by not allowing them to demonstrate their identity out of fear that they might dilute our culture. What’s diluting and what’s to be diluted?” he said.

Sompong wants the government to reconsider the policy. He said the government should thin positively, in that allowing migrant worker to celebrate their culture would strengthen Thai culture due to the similarity and relationship of their traditions and beliefs in the region.

“There are many Thai Mon residents who observe their Mon culture in Thailand. What’s the difference between cultural ceremonies put on by Thai Mon residents and those who are workers?” he asked.

Veerayuth was not immediately available for comment.

Manoon Punyakriyakorn, director – general of the Employment Department, distanced himself from the controversy, saying it was the mandate of the governor to regulate alien workers in his province.

Pennapa Hongthong

The Nation



ဒါကတော့ မခွန်မြလှိုင်ရဲ့အမြင်ပါ .....

Unacceptable from all point of views such as labour right, racial right and human right

The letter from governor of Smaut Sarkhon (Mahachai) is unacceptable from all point of views such as labour right, racial right and human right. It is also unfair for the people from every single point of view. Governor should have wide vision for the long term. His order make relationship between Thai and other ethinic groups from south east asia region split seriously Moreover, his order destroyed

united nation's Charter about



ဘလော့မိတ်ဆွေများကိုလည်းမိမိတို့ရဲ့ လူ့အခွင့်ရေးအမြင်ပေါ် ရေးသားပေပို့နိုင်ပါတယ် ဖြစ်နိုင်က အင်္ဂလိပ်လိုရေးပို့နိုင်ရင်အကောင်းဆုံး ဖြစ်ပါတယ် ရေးပို့သူရဲ့ မူရင်ကိုအလေးထားစွာတင်ပြတားချင်လို့ပါ ။
Read full story

Saturday, November 3, 2007

စိတ်မကောင်း ဖြစ်မိခြင်း

0 comments
ဘလော့နဲ့ အလှမ်းဝေးနေတဲ့ ကျွန်တော် အခုမှဘလော့ကို update လုပ်ရတော့သည် အခြာသူများရဲ့ ဘလော့ကိုဖတ်ဖို့ပင် အချိန်မနည်းလုယူနေရသည်ကြားမှ ကျွန်တော် ဘလော့နာမည်ဖြစ် http://www.nhinpwintphyulay.blogspot.com/ cbox တွင် မဟုတ်က ဟုတ်ကတွေနဲ့ လျောက်ပြောနေသော ဘလော့မိတ်ဆွေကို စိတ်မကောင်းဖြစ်မိသည် မိမိကိုယ်ကိုယ်တန်းဖိုးထာသောသူတစ်ယောက်ဖြစ်က မိတ်ဆွေ သင် ဒီစကားကိုပြောမည်မဟုတ် သင်သည် ဘယ်လိုလူမျိုးလဲ ဘယ်အတန်းစာကလည်းကျွန်တော်မပြောချင် မိမိကိုယ်ကိုယ် သိဖို့သာလိုသည် ပုဂ္ဂိုလ်ရေးစော်ကာရေးဖွဲ့မှု့ကို မည်သည့် လူ့အဖွဲ့စည်းကမှလက်ခံမည်မဟုတ် ..... အမည်တပ်၍တော့ မပြောလိုတော့ ရေးဖွဲ့ သူသည်သာ သိလိမ့်မည် .... ကိုရန်အောင်ပြော သလိုပင် ကျွန်တော်တို့ ဘလော့နယ်ပယ်တွေမှာ ဒီလို အဖျက်သမားရောက်လာကြပါပြီး ဘလော့မိတ်ဆွေများ သတိထားကြစေချင်တယ် .... မတော်တရော် စကားလုံးများတွေ့က ပြောသူသည် ကာယကံရှင် ဟုတ်မဟုတ် စုံးစမ်းပီမှ ယုံကြည်စေချင်တယ် ...
Read full story

Tuesday, October 23, 2007

တောင်းပန်ခြင်း

0 comments
ခရီးတွေဘဲ သွားနေရလို့ blog ကိုတောင်လှည့်မကြည့်အားတာ သူငယ်ချင်းတွေအားလုံးကို တောင်းပန်ပါတယ် ချစ်သူ တစ်ယောက် မြန်မာမှာခြေချမလားလို့ ပြန်သွားတာ အခုတော့ လာရာလမ်းကို ပြန်လှည့်ခဲ့ရတယ် ... အမိမြေက သူငယ်ချင်းတွေရဲ့ သွေးတွေ သံဃာတွေရဲ့ သွေးတွေ တွေကိုမကြည့်ရက် သူတို့တွေရဲ့ အာဏာစက်ကွင်းကြားမှာ ရုန်းကန်နေရတဲ့ သူတွေ သူတွေ ဒါတွေကို ချစ်သူဘယ်လို ကူညီရမလဲ မသိအောင်ဖြစ်ရတယ် ... အခုတော့ ချစ်သူဆုံးဖြတ်လိုက်နိုင်ပြီးလို့ပြောရမယ် သူတို့တွေရဲ့ သွေးကို ဘာနဲ့ သုတ်ပေးရမလဲဆိုတာဘဲ ....
Read full story

Tuesday, August 28, 2007

ဒီလိုပါကွာ

1 comments
ထိုင်းကနေ အမိမြေ မြန်မာနိုင်ငံကိုပြန်လာတော့ ဟိုနေရာဝင် ဒီနေရာထွက်နဲ့ လွယ်လွယ်ပင် ကိုယ့်အိမ်ကိုမရောက်နိုင် (မြန်မာနိုင်ငံတွင် သွားခဲတဲ့ ခရီးကြောင့်ရလာသည့် စိတ်ညစ်စရာ စိတ်ပျက်ရာတွေကြားက ပျော်စရာတွေကို နောက်မှပင် ရေးတော့မည် အခုတော့ ဒီလိုပါကွာ) ရောက်ပြန်တော့လည်း အလုပ်တွေက ဘယ်အချိန်ကတည်းက စောင့်နေတာမသိတော့ လုပ်လိုက်ရတာ အမော မိဘအလုပ်ဆိုတော့ ဒီလိုဘဲလေ ကိုယ့်ချစ်သူဆီက မေးလ်ကိုတောင် မှန်မှန်မစစ်အား အချိန်များ နည်းနည်းလေးရတယ်ဆိုရင်ဘဲ ဖုန်းလေးအပြေးကလေးဆက် နဲ့ အလုပ်ကိုရှုပ်နေတာဘဲကွာ ဒီတော့ မေးလ်တောင်မှန်မှန်မစစ်အားတဲ့ ဘ၀မှာ ဘလော့ကို လက်လှမ်းနိုင်ဖို့ဆိုတာဝေးရော ဒီလိုနဲ့ ဘလော့မရေးတော့ဘူးလေ လို့ တွေးနေသည့်အချိန်မှာပင် တွေ့လိုက်ရသည့် သူတို့အားနည်းချက် အကူညီတောင်းသူကလည်းရှိနေတော့ တတ်သည် ပညာ မနေသာ ဆိုသလို ဘလော့ ဘက်ကို ပြန်ရောက်လာတယ်ဆိုပါတော့ ဗျာ ... လက်တွဲ သူမဲ့လို့ ပညာငတ်နေတဲ့ မြိတ်သူ မြိတ်သားများကို ကျွန်တော် ဘက်က တတ်နိုင်သလောက် လက်တွဲပီ သင်ပေးသွားသလို online သူငယ်ချင်းများအနေနဲ့ လည်း တတ်နိုင်သည့်ဘက်မှ ၀င်ရောက် ကူညီပေးစေချင်တယ် .... အဲ ကျွန်တော်ကနေ သင်ပေးမယ်ဆိုတာတော့ ဟုတ်နေပေမဲ့ နောက် ပြသနာတစ်ခုက အသုံးစရိတ် ဘလောဆိုတာ အခုလုပ် အခုချက်ချင်း ရတာမျိုးမဟုတ် ဒီတော့ အချိန် ဒီအချိန်တွေ ကြားမှာ ကုန်ကျစရိတ်က တစ်ခုတည်းသော PAC myeik ကဘဲ ရိုက်တာလားတော့ မသိ တစ်နာရီ ၁၀၀၀ ကျပ်တဲ့ ကျွန်တော်တို့လို မိဘဆီက လက်ဖျန့်တောင်းတဲ့ သူတွေအဖို့ အခက်တွေ့ပြန်ရော အင်နော ခက်တယ် ခက်တယ် ... ဘယ်လိုလုပ်ရမလဲနော် ...
Read full story

Tuesday, July 17, 2007

အလွမ်းနဲ့ အိမ်ပြန်

21 comments
ပျော်ရွှင်မှု လွမ်းဆွေးမှုတွေနှင့် မွန်းကျပ်နေသည့် လူသားတစ်ယောက်မဟုတ်လော .............
ပေတေတေ လေလွင့်လို့ကောင်းဆဲပါ.... အသက်အရွယ် ... အချိန်တွေကို ....... လက်ခေါက်ချိုး နောက်ပြန်သိမ်းခဲ့တာ ကြာမြင်နေပီ .......

တစ်ခါတစ်ခါ မိမိ ကိုယ်ကိုယ် ပြန်စမ်းစစ်မိတယ် ... ငါသည် ငါ့မိသားစုအတွက် ... ငါသည် ငါ့အနာဂတ်အတွက် ........... ငါသည် ငါ့လူမျိုးအတွက် ............. ငါသည် ငါ့နိုင်ငံအတွက် ဘာများ လုပ်ပေးနိုင်ခဲ့ ပီလဲ ?????? စသည့်မေးခွန်တွေနဲ့ အကြိမ်ကြိမ် မေးမိသည် ။

ရှုံးနိမ့်မှုတွေနှင့် ...... ဘ၀ကိုစတင်ခဲ့သူမို့ ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ပါ ..... မောဒန် ကဗျာ ၊ စာတွေလိုဘဲ .. နောက်ဆုံးအကြွင်းကို သုည အဖြင့်ထားမှာလား? ကံမကောင်းလို့ လွဲချော်ခဲ့တာဘဲ ဆိုပီ .. ဒီအတိုင်းကော နေသွားမှာလား ... ?

မဟုတ်ဘူး .... မဟုတ်ဘူး .... မဖြစ်သင့်ဘူး .... မျက်စိကိုစုံမှိတ် နုတ်ကိုပိတ်ပီ တစ်ကိုယ်တည်းကြိတ် အော်နေမိသည် ... ငါဟာ လူငယ်တစ်ယောက်ပါ ... ငါ့မှာ အားအင်တွေရှိတယ် .. ငါလုပ်နိုင်တာဘဲ ဆိုပီ စိတ်ကိုတင်း ... အားမာန်ကို ဆွဲ နိုးကြွဖို့ ထ တောင်ပံတွေကို စတင်လှုပ်ခတ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ ဘဲ ....
ငါ့ရဲ့တောင်ပံ အားအင်တွေ တစစီ ကျိုးပဲ့ သွားခဲ့ပြန်တယ် ....

ဘာတတ်နိုင်မှာလဲ ... ဘ၀ကဒီလိုပါဘဲလား? လို့ ပြောယုံမှတစ်ပါး မရှိတော့ ... ဒီတစ်ကြိမ်တော့ ... အလွမ်းတွေက ငါ့ရဲ့ သွေးကြော အားလုံးထဲကို စိမ့်ဝင်နေခဲပြီး .....

ရှင်းပြဖို့လဲ မကြိုးစားတော့ဘူး ... အကြောင်းပြချက်ဆိုတာ ... အမှားကို ကျူးလွန်သူတွေအတွက်မဟုတ်လား ... ဒီတော့ .... ငါ့မှာကာ အဖြေမရှိ .... အားအင်လဲမရှိ ... အမှားတွေကြားမှာပင် အလူးလဲ .... စာသားတစ်ကြောင်းကတော့ ပြောခဲ့တယ် .... အမှန်တွေ ခရီးစဖို့ ခြေလှမ်း ပြင်ချိန်မှာ အမှားတွေက ကမ္ဘာပတ်ခဲ့ပြီး .... ဒီလိုဆို ... ကမ္ဘာကြီးက အမှားတွေနဲ့ ပြည့်ကျပ်နေခဲပြီးလား .... လူတွေကရော ... အမှားတွေနဲ့ အသားကျနေခဲ့ပီပေါ့ .......

အမှန်ကို ဘယ်မှာရှာလို့ တွေနိုင်အုန်းမှာလဲ ... ဒါကြောင့်မို့ ထင်ပါရဲ့ အမှန်ကို ချစ်တတ်သူတွေဟာ .. ကမ္ဘာကြီးရဲ့ အပြင်ကို ရောက်မှန်မသိ .. ရောက်ခဲ့ရတယ် ... ဒီတော့ ... ငါ့အတွက် အမှန်ဟာ ဘယ်မှာလဲ ... ဘယ်နေ့များမှ ရောက်လာမလဲ ဆိုတာကို မေးရင်နဲ့ အလွမ်းကိုပိုက် ငိုရှိုက်သံနဲ့ ... အိမ်ပြန်ရမှာပေါ့ ...
(လူဆိုတာကမျှော်လင့်ထားသလိုမဖြစ်ရင်၊ ငြင်းပယ်ခံရရင် စိတ်ဓာတ်ကျတတ်တယ်
ကျွန်တော်လဲလူထဲကလူပါပဲ ဒါပေမယ့် အရှုံးတွေနဲ့ကျွန်တော် သူငယ်ချင်းဖြစ်နေပါပြီ ….) သံစဉ်မဲ့အလကာင်္မှ
။ ။

Read full story

Sunday, July 15, 2007

3 colum လုပ်ကြမယ်

15 comments
ဘလော့နဲ့အဆက်သွယ်နည်းနည်းပြတ်နေတယ် .... အလုပ်တွေရှုပ်လို့လား အရှုပ်တွေလုပ်တာဆိုတာ ကိုယ့်ကိုယ်ကို မခွဲခြားတတ် စိတ်တွေကလဲ တစ်စုတစ်စည်းမရှိတော့ ဒီတော့ ဘာလုပ်လို့ ကိုင်ရမှန်လည်းမသိတော့ဘူး .... စိတ်ညစ်တယ်ဆိုပီ ထိုင်အောနေလို့လဲ သနားမဲ့သူမရှိ ... ဘ၀ ကို ဒီလိုဘဲ ဖြတ်သန်းရအုံးမှာပေါ့ ... အော် သူငယ်ချင်းမျာကို ပြောရအုံးမယ် ... 3 colum တွေကိုလုပ်ချင်တယ်ပေါ့ဆိုရင် .. ဘလော့ကိုရေးတာ အချိန်ကြာလာတာနဲ့အမျှ အချက်လက်တွေက များတထက်များလာ ကိုယ်ကလည်းမဖြုတ်ချင် ဆိုတော့ သူတို့ပေးထားတဲ့ Template က ကောလန်က နှစ်ခုဘဲဆိုတော့ အခက်တွေ့ပီပေါ့ ... ဒီပြင် 3 colum သူများရေးထားတာကို ယူသုံးမယ်ဆိုရင်လဲ ကိုယ့် စိတ်ကြိုက် ရချင်မှ ရလိမ့်မယ် ... ဒီတော့ ဘာလုပ်ရမလဲ ... ကျွန်တော်တို့ ကောလန်တစ်ခု ထပ်တိုးမှာပေါ့ ... ဘယ်နားမှာ သွားတိုးမလဲ .... လက်တို့မေးနေမလား ...

ကျွန်တော်တို့လို ကွန်ပျူတာကို ငယ်ကတည်းက ပိုက်ပီမွေးလာတဲ့သူ css code ကို ၀ါးမျိုမယ် သယောင်ယောင် English စာ စကားဆိုတစ်လုံးမှမရအောင် ကျွမ်းကျင်သူတွေဆိုတော့ ဟိုလုပ်ဒီလုပ်နဲ့ ဘယ်က ဘာတွေပျောက်သွားလဲမသိ နောက်ဆုံးဘာမှမကျန်တော့ .... အဲအခုတော့ရသွားပီ ... ပြန်ပြောပြမယ် ... ဒီလိုပုံစံကိုရသွားအောင်ကူညီပေးသူကတာ့ .... ကျွန်တော်ကောင်မလေးပါ ... သူက လမ်းခွဲစကားပြောတော့ ... gtalk ကို မဖွင့်ဖြင့်အောင် ကိုယ့်ကိုယ်ကို အားတင်ရင်နဲ့ ရသွားတာပါ ... ဒါဆို ဒီပုံစံဟာ ကျွန်တော် ရဲ့ နှလုံးသားကို ခင်းပြီ လုပ်ခဲ့တာပါလို့ ပြောရင် ယုံကြမှာလား ... မယုံလဲနေပါ အကြောင်းမဟုတ် .... အချိန်မရတဲ့ကြားက ဘလော့ကိုရေးနေရတဲ့ သူငယ်ချင်းတွေအဆင်ပြေအောင်လို့ ဒီဟာလေးကို အခြေခံပီ ကျွန်တော်လုပ် လာခဲ့တဲ့ အတွေ့ကြုံလေးတွေကိုပြောပြမယ် .... အို စမယ်နော် ... အာလူနည်းနည်းများသွားတယ် ....

ဘလော့တစ်ခုကို လုပ်တော့မယ်ဆို ကျွန်တော်တို့ ပထမဆုံးနားလည်းထားရမှာက Blog Layout ရဲ့ လုပ်ဆောင်မှု အပိုင်းလေးတွေကိုသိရမယ် ... ဘလော့ တစ်ခုရဲ့ အခြေခံအစိတ်ပိုင်းမှာ တော့ Header- section, Main-section, Sidebar section နှင့် Footer-section ဆိုပီ ပါဝင်ပါတယ် .... ဒီတော့ ကျွန်တော်တို့ တစ်တွေ ယူသုံးနေတဲ့ Layout က ဒီပုံစံမဟုတ်လား .... အဲဒီအထဲမှာ ဘဲ အပိုင်းလေးပိုင်းကို ခွဲမြင်တတ်ဖို့ လိုမယ် .... ဒီအထဲမှာ ပါဝင်တဲ့ HTML code တွေကိုတော့ ဒီနေရာမှာကြည့်လိုက်ပါ ..
ကြည့်ရတာ လွယ်ကူအောင်ဆိုပီ နံပတ်တွေ ထည့်ပေးထားတယ် .... နံပတ် 010 ကနေ 0320 အထိဟာ body-tags ဖြစ်ပါတယ် .... အာလူက များလွန်တော့ သူငယ်ချင်းတွေ ငြိငွေ့နေတော့မယ် .. ဒါဆို စလုပ်ကြရအောင် ... အပေါ်က ရှင်းပြခဲ့တဲ့ အပိုင်းတွေကို နားလည်လောက်ပီပေါ့နော် ....
အောက် က formatting code တွေကို ရင်းနှီးအောင်ကြည်ထားပါ ...
#outer-wrapper {
with: 660 px;
padding: 10px
........... }
#main-wrapper{
width: 410px;
float: left;
...........}
#sidebar-wrapper {
width: 220px
float: right;
...........}

ဒီလောက်ဆို စပြီး ...
ပထမဆုံးက တော့ Edit Template ကို သွားကြမယ် .....
ဒုတိယကတော့ sidebar code ကို ဒီလိုလေး (#right-sidebar-wrapper)
(b: section class='sidebar' id='right-sidebar' preferred='yes')
(/div)
ဖြစ်အောင်ပြောင်းလိုက်ပါ ... သူနဂို #sidebar-wrapper) ကို # right-sidebar-wrapper အဖြင့် ပြောင်းလိုက်ခြင်းပါ ... တတိယ အဆင့်မှာတော့ (div id=left-sidebar-wrapper)
(b: section class= 'sidebar' id='left-sidebar-wrapper' preferred='yes'/)
(/div)
ဆိုပီ နောက်ထပ် အသစ် ထည့်ပေးလိုက်ရပါ့မယ် ဘယ်မှာ သွားထည့်ရမလဲဆိုတော့ (div id= main-wrapper အေ၇ှ့မှာထည့်လိုက်ပါ .... နောက် save ... ဒီတော့ ဒီပုံစံလေးကိုရလာတာပေါ့ ......
အဆင့်လေးကိုရောက်လာပီနော် . ..
#left-sidebar-wrapper {
width:220px;
float:left;
word-wrap:break-word;
overflow:hidden;
........}
ကို #main-sidebar-wrapper ရဲ့ အပေါ်မှာထားပါ ..... ဒါဆိုရင် ရခါနီးပီပေါ့ ... စိတ်ဓါတ်မကျပါနဲ့အုံး ....
နောက်ဆုံး ဘာကျန်သေးလဲဆိုရင် ... ဒီအပေါ်ပုံက အဆင်ပြေနေပီ .. ဒါပေမဲ့ ညာဘက်က ဘာ ဘာလို့ အောက်ရောက်နေရတာလဲ ... ရှင်းရှင်းလေးပါ .. သူ့ရဲ့ outer-wrapper ကိုချဲ့ပေးလိုက်ပါ ... သူ့နဂို က 660 ရှိရင် ရှိလိမ့်မယ် ... ဒါကို 860 လောက်ပြောင်းပေးရင် အဆင်ပြေနိုင်ပါတယ် ..... အဲလိုဆိုရင် ... နောက်ဆုံး အသုံးပြုလို့ရတဲ့ ဒီပုံလေးရပီပေါ့ ..... အဆင်ပြေကြပါစေ ရင်နာနာနဲ့ ဘဲ ရေးလိုက်ရတာပါ ... မရရင် ပြန်ပြောနော် ... သိတာလေးကို မျှဝေ ပေးဖို့ ၀န်မလေးပါဘူး .....

(မှတ်ချက် ။ ။ ရေးထား တာတွေကို တဆင့်ချင်း လုပ်ဆောင်ပါ .... ကွင်လေးတွေကိုလည်း ပြန်ပြင်ရေးပေါ့နော် ...)

Read full story

မရေးဖြစ်သော ကဗျာတစ်ပုဒ်

0 comments
အချစ်ကို မွန်းတင်

အပြုံးကို တန်ဆာဆင်တဲ့
မာယာနဲ့ မပြုံးနဲ့ခင်

မေရွက်ပင် ချဉ်ပေါင်က
ချဉ်ရဲ့လားလို့ မမေးသလို့

မင်းရဲ့အချစ် ....
ယုံကြည်မှုခိုင်မာရဲ့လား ငါမမေးတော့ပါ

မင်းလည်း ..........
သွားလိုရာ သွား၍
ဖြစ်နိုင်တာလုပ်ခဲ့ပါ ................

ငါကတော့ ........
ဖောင်တိန်ကိုင်
ရွက်စုတ် စက္ကူနဲ့

မင်းအကြောင်းရေးဖွဲ့ ဆဲပါ ......... ။ ။

(မျိုးသော်)


Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....