Thursday, May 24, 2007

ဆရာအကြောင်း တစ်စေ့တစ်စောင်


အစ်ကိုအဉ္စလီက ဆရာအကြောင်းကိုပြောတော့ ကျွန်တော်ကလည်း အားကျမခံပြန်ပြောပြရမယ်ဗျို့ ... ဆရာက ထမင်းဟင်းချက်အရမ်းကောင်းသလို စာသင်တာလဲ အရမ်းကောင်းတယ် ... ကျောင်းမှာဆို ဆရာက အားတာနဲ့ မီးဖိုအခန်းထဲဝင်ပြီး "ဒီနေ့ဘာဟင်းချက်လဲဟေ့ ငါပိရည်လေနဲ့ တို့စရာပါရင် ထမင်းမြိုန်တယ်ကွာ" ဆိုပြီး အားရပါးရပြောပြီး ၀င်လုပ်လေ့ရှိတယ် ... ကျွန်တော်တို့လို ကျောင်းမှာ ကပ်စားတဲ့အကောင်တွေက မနေသာတော့ဘူး ဆရာ နေနေ ကျွန်တော်တို့လုပ်နှင့်မယ်ဆိုပြီး ပြောရတယ် အဲဒီအခါကျရင် ဆရာကပြုံးပြီး မင်းတို့ကတော့ကွာ .... "ငါတို့ တောထဲမှာနေတဲ့အချိန်ကဆိုရင်လေ ဆိုပြီး ဆရာရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ကြောင်းတွေကို ပြောပြလေ့ရှိတယ် ... ဆရာတို့တော ခိုဖို လူစုတဲ့အချိန်က ဖြစ်ပျက်ခဲ့ အရာတွေကိုလဲ ဟာသနှောပြီး " ဟေ့ သူငယ်ချင်း ငါ့တို့ တောခိုမလို့ လိုက်မလာဆိုတော့ ဆိုင်မှာ ပစ္စည်းသွားဝယ်ဖို့ထွက်လာတဲ့ တခြားဆရာတစ်ယောက်က ငါလဲလိုက်မယ်ကွာဆိုပြီး စီးလာတဲ့စက်ဘီးကို အသိအိမ်တစ်အိမ်မှာ အပ်ပြီး တော်လှန်ရေးပြီးရင် ပြန်လာယူမယ်" ဆိုပြီးအပ်ခဲ့တဲ့ စက်ဘီးကို ပြန်တမ်းတပြီး ပြောတဲ့ စကားသံတွေက ကျွန်တော်တို့အတွက်အံသြ စရာတွေပင် .....................

1 comments:

Pawakayee on 24/5/07 said...

ချစ်သူဆိုတော့ ဘယ်သူ့ချစ်သူဖြစ်ပါလိမ့်. :).လင့်ပေးတဲ့အတွက် ကျေးဇူး၊ ဆရာ့အကြောင်း တစ်စေ့တစ်စောင်းကို ဆက်ဖတ်ချင်သေးတယ်.. အခန်းဆက်တွေရှိရင် လုပ်ပါအုံး.. ဘ၀ခရီးလည်း တစ်ယောက်ထဲ ခရီးသွားတာညည်းငွေ့တာနဲ့ အဖေါ်လိုက်ရှာတာ..လင့်ပြန်လုပ်လိုက်ပြီ..။

 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....