လူတွေကပြောကြတယ် ... ဘ၀ဆိုတာဒီလိုပါဘဲတဲ့ ..... ဟုတ်လား? ငါ့ မေးကြည့်တယ် ... မနက်မိုးသောက်နဲ့ အတူ အလင်းတန်းလေးတွေတစ်စစ ထွက်လာပီ ငါ့မှာကအိပ်မရသေး လူလိမ့်နေဖို့လည်း အချိန်တွေကို နှမျော်မိတယ် .. ဒီတော့ ပစ်ထားတာကြာပီဖြစ်တဲ့ ဘလောက်ကို 3 colum ရအောင် မရမချင်းလုပ်နေလိုက်တယ် အရင်နေတွေကလုပ်တယ် ... CSS code တွေနဲ့ ရင်နှီးတဲ့သူပီပီ လုပ်ရင်နဲ့ နဂိုရှိတဲ့ စာတွေပါ ပျောက်ကုန်တယ် .. သူငယ်ချင်းတစ်ယောက် ဖွင့်ထားတဲ့မေးကနေ ၀င်လာတယ် .... Hello! fri: တဲ့ အင် အားနာပါးနာနဲ့ ပြန်ပြောလိုက်တယ် ... ၁၀ နာရီ ထိုးလာတော့ ငါ့မျက်လုံးတွေမှေးစင်းလာပီပေါ့ ... စိတ်က မအိပ်ချင်ပေမဲ့ .. အိပ်မှရတော့မှာ .. ဒီတော့ ဖွင့်ထားတဲ့မေးကိုလည်း မပိတ်ချင် ....
ဒီတော့ ဘာလုပ်မလဲ ... ရုံးဖော်သူငယ်ချင်းက ပြန်ရောက်လာတော့ သူကို အပ်ခဲ့တယ် .. ငါ့ကောင်းမလေးလာရင်နှိုးပါဆိုပီ .... ဒီတော့ ငါ့ သွားတော့မယ် ... ဟုတ်တယ် ကောင်းမလေးက ငါ့ကို အိပ်မက်ထဲမှာတွေ့ကြမယ်ဆိုပီ ... ပြောလေ့ရှိတယ် ... သူရှိနေမှာပါ .... အိပ်မက်ထဲကို ငါ့အရောက်လှမ်းခဲတယ် .... ကောင်းမလေးက ပျော်လို့ ငါ့လည်း ရင်မှာပီတိတွေနဲ့ပေါ့ .... ငါတို့ ရန်ကုန်မြို့အနှံ လျှောက်လည်းကြတယ် .... မုန့်တွေစားကြတယ် ... ဟုတ်တယ် အရမ်းပျော်တာဘဲကွာ ... ငါ့တို့ ရဲ့ချစ်သူဘ၀ ... ဟ ဟ ဟ ဆို တဲ့ ရီသံတွေလွင့်လို့ ........
ရီသံတွေက ကျယ်နေသလိုဘဲ ... ဟုတ်တယ် ငါ့အိပ်မက်မက်နေတာ ... သူငယ်ချင်းက အိပ်မက်ထဲမှ ငါ့ကို ဆွဲထုတ်လိုက်တယ် .... အေးလေ .. မနာလိုဖြစ်နေမှာပေါ့ သူ့ကိုမှမခေါ်တာ ... ဘာမှမပြောဘဲ ကိုယ့်အတွေးနဲ့ ကို နေလိုက်တယ် .... တစ်နေကုန် ဘာမှမစားရသေးတော့ .. ဗိုက်က ဆန္ဒပြနေပီပေါ့ ... ကောင်မလေး ကို ဒီနေ့မတွေ့ရ သူလာမယ်လို့ ငါ့ကိုပြောထားတာ ဘာလို့ပါလိမ့် ... အေးလေ သူမအားလို့နေမှာဘဲ ဆိုပီ ... ကိုယ်ဘာသာ လုပ်စရာရှိတာလုပ်နေလေတော့တယ် .... ကိုယ်တော်ကလည်း ဘာတွေအကြိတ်နယ် ရိုက်နေလဲမသိတော့ ... တစ်အောက်ကြာတော့ အပြင်သွားမယ်ကွာဆိုပီခေါ်တော့တယ် ... ဒီနေ့ဘယ်မှ မသွားချင် ကောင်းမလေးကိုလဲ စောင့်ရအုံးမှာမဟုတ်လား ... ဒီတော့ ရွှေမြိတ်သားက ပြုံးပီထွက်သွားတယ် ... ဒီကောင် ငါ့ အကြောင်းသိမယ် ဆိုတဲ့ ငါးခူအပြုံးလာ ဘာလာတော့မသိဘူး ပြုံးသွာတယ် ...
နောက် ငါသိလိုက်ရတာကတော့ ... ပြီးသွာပါပီတဲ့ ... အချစ်တွေနဲ့အတူ နှုတ်ဆက်လိုက်တယ်တဲ့ ... ဘယ်လိုဖြစ်တာလဲ ... ငါ့နာမလည်းဘူး ... အခုဏက အိပ်မက်ထဲမှာ ငါ့တို့ ပျော်ခဲ့တာတွေ .. ရီခဲတာတွေက .. ပီသွာပီတဲ့လား ... အေးလေ ဘ၀ဆိုတာ ဒီလိုပါဘဲကွာ ....တဲ့ ။ ။

7 comments:
ပြီးသွားပါပြီ လို့  ပြောသွားတာကိုက ကျေးဇူးတင်စရာကောင်းပါတယ် ကိုချစ်သူရယ်…တချို့  ဆို ပြီးမှန်းတောင်မသိရှာဘူး…. တချို့ ဆို အိပ်မက်တောင် မမက်လိုက်ရပြန်ဘူး…. အိပ်မက်ထဲမှာ ပျော်ခဲ့ရပါလားဆိုတဲ့ အတွေးနဲ့  ပျော်လိုက်ပါလား….

ပြီးသွားပါပီလို့  သိလိုက်ရတာတော်သေးတာပေါ့….တချို့ ဆို သိခွင့်တောင် မရလိုက်ဘူး…အိပ်မက် မက်ခွင့်မရလိုက်တဲ့ သူတွေနဲ့ စာရင် အိပ်မက်ထဲ ပျော်ခဲ့ရတယ်ဆိုတာ ကျေနပ်စရာပါ….ပျော်ရွှင်ပါစေ…..
ကိုဖြို့းရေ...လာလည်သွားတယ်ဗျာ...Cbox ရှာာတာမတွေ့လို့ comment မှာပဲရေးသွား လိုက်တယ်။ ပို့စ်တွေကြိုက်တယ်ဗျာ.
လာလည်သွားတယ်ဗျာ...Cbox ရှာတာမတွေလေို့ comment ထဲမှာပဲရေး သွားလိုက်တယ်။ good တယ်။
Post a Comment