မနက်ခင်းမှာ နှင်းဆီးရနံတွေနှင့်မျက်နှာသစ်ခဲ့တော့ အာရုံတွေလန်းဆန်းကာ နှစ်တစ်နှစ်ရဲ့အချစ်တွေပေါင်းဆုံတဲ့နေ့တစ်နေ့ကိုရောက်မှန်းမသိရောက်ခဲ့ရသည်မှာ ဟိုယခင် ၆ နှစ် ၇နှစ်ခန့်က ခံစားမှုတွေနဲ့မတူ ။
သူများတကာတွေ စားမေးပွဲနီးပြီးမို့ စာအန်သံတွေ ဆူညံနေတဲ့အချိန် ရပ်ကွက်တစ်ခုလုံးကိုသာမက မြို့ကြီးတစ်မြို့လုံးကိုပင်ဝါးမြိုးသွားမလောက်အောင်ပင် ဆူးညံနေလင့်ကစား လူငယ် ၇ ယောက်တစ်စုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ စာပွဲထောင့်တစ်ခုမှာ အာရပါရ ဟောနေပြောနေကြသည်မှာ သူတို့တစ်တွေရဲ့ရှေ့မှာ ချထားသော ကဗျာစာအုပ်ကလေးတွင်ပါသော အကြောင်းအရာတစ်ခုပင်။ စာအုပ်ကလေးရဲ့ အမည်က ' အသက်ငင်နေသောအိပ်မက်တဲ့ ' ကဗျာဆရာတွေမဟုတ် ၀ါသနာရှင်လူငယ်တွေရေးတဲ့ကဗျာ ကို မြိတ်ဇာတိ ကဗျာဆရာ နရီ(မြိတ်) ကအားပေးလေတော့ သူတို့တစ်တွေအားရကျေနပ်မဆုံး ... ထိုသို့သောနေ့ရက်များကို ယခုတက္ကသိုလ်ကျောင်းသားများ ခံစားခွင့်မှရှိလင့်ကစားလို့တွေးရင် စိတ်မကောင်းဖြစ်မိတယ် .... နောက် သူငယ်ချင်းတွေရော အရင်လိုဘဲ စာအုပ်တွေထုတ်နေကြသေးလား .... အမျိုးမျိုးအထွေထွေတွေးရင်ပေါ့ .... သူငယ်ချင်းတွေရဲ့အမည်ကိုမှတ်မိပေမဲ့ ထိုစဉ်က သူတို့ရဲ့ ကလောင်တွေကိုမေ့တေတေဖြစ်နေခဲ့တယ် ... မှတ်မိသလောက်တော့ ပြောရရင် အသက်ငင်နေတဲ့အိပ်မက်မှာ အသက်ငင်နေသူတွေကတော့ " လ၀န်းသဒ္ဒါ ၊ လှကိုကို ၊ ဗေဒါ ၊ ဆူး ၊ ပြည့်မွန်သျှံ ၊ ချစ်လှိုင် စသဖြင့် ကောင်လေးတွေပေါ့ .... အဲဒီထဲက ဟဲ ..ဟဲ ကြွားရမယ်ဆိုရင် ချစ်သူက ပြည့်မွန်သျှံ ပါ ... ဟိုတစ်လောကမြိတ်ကိုခဏပြန်သွားတာ တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော်ကို ပြည့်မွန်သျှံလို့ခေါ်နေကြသေးတာတွေ့ရလို့ ၀မ်းသာမိတယ် .... နောက်ကျန်တဲ့ သူငယ်ချင်းတွေကို လိုက်ရှာပါသေးတယ် မတွေ့ ... တစ်ယောက်တော့တွေတယ် ... ဗေဒါ ပါ သူက ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲသားမို့ ရှာရတာမခက် ... သို့သော် အရင်ကလိုမဟုတ်တော့ မိန်းမရလို့ ကလေးတစ်ယောက်ပင်ရနေပီ ... သူ့ရဲ့ကလောင်နာမည်လေးကို ချစ်မြတ်နိုးသောအားဖြင့် အိမ်ရှေ့တွင် ဗေဒါစာပေဆိုတဲ့ခေါင်းစီနဲ့ စာအုပ်အငှားဆိုင်လေးကိုဖွင့်ထားပါလေရဲ့ ..... အရင်က လက်ဖက်ရည်ဆိုင်ကိုသွားရန်အတွက် အအိပ်ကြီးတဲ့ ကျွန်တော်ကို လာလာစောင့်ခေါ်လေ့ရှိတဲ့ သူငယ်ချင်းက လက်ဖက်ရည်ဆိုင်ကိုရှောင်နေခဲ့တာတွေ့ရတော့စိတ်မကောင်းဖြစ်မိပြန်တယ် ... အဲ .. သူတို့တစ်တွေက လက်သုံးစကားကတော့ "အရင်ကနဲ့မတူတော့ဘူးတဲ့ "..... မတူးဘူးဆိုလို့ တွေးကြည့်မိတယ် .... ဘာများကွာခြားသွာပီလဲပေါ့ .... အင် ... သူတို့ပြောတာမှန်ပါတယ် ... အရာရာက အရင်ကနဲ့မတူတာပါဘဲ ...
0 comments:
Post a Comment