Saturday, April 7, 2007

လွမ်းတယ် သင်္ကြန်


အော် ......
သင်္ကြန်ကျတော့မယ်နော် သင်္ကြန်နှင့် မြန်မာနိုင်ငံခွဲလို့မရသလို မြန်မာနှင့် သင်္ကြန်ကတွဲလျက် မြန်မာနိုင်ငံ သားတိုင်း သင်္ကြန်ကိုချစ်တယ် ကျွန်တော်တို့လို နိုင်ငံခြားရောက်နေတဲ့သူတွေဟာ တခြားအချိန်တွေမှာ အမိမြေ ကိုလွမ်းတဲ့စိတ်ဖြေဖျောက်လို့ ရပေမဲ့ ဒီလိုလ ဒီလိုရာသီပွဲတွေကို ဘယ်မြန်မာနိုင်ငံသားတစ်ယောက်က သတိမရပါဘူးကွာ လို့ ပြောရဲမည်နည်း။ ဟိုမွေးလာသည်မှ ယခုနိုင်ငံခြား မရောက်ခင်အချိန်ထိ သူငယ်ချင်းတွေစု သင်္ကြန်ကားတွေလုပ်ကြနဲ့ လူငယ်ပီပီ တက်ကြွနေတယ် ချစ်စရာကောင်းတဲ့မြန်မာရိုးရာ နွေထွေးတဲ့အပြုံး အေးမြတဲ့ သင်္ကြန်ရေတွေနဲ့ နှစ်ဟောင်းက အကြွေးကို နှစ်သစ်မှာ ပျော်ပျော်ရွင်ရွင်နဲ့သန့်စင်ပက်လောင်းကြတယ် အခုဆိုရင် ကျွန်တော်မှာပိုလို့တောင်လွမ်းရတယ် ဘာလို့လဲဆိုတော့ ပူပူနွေးနွေး ရည်းစာလေးကိုထားခဲ့ပြီး သင်္ကြန်ကလည်းမခေါ်တော့ဘူးတဲ့ ။ လွမ်းတယ် သင်္ကြန်ရယ် လွမ်းတယ်သူငယ်ချင်းတို့ရေ လွမ်းတယ် အချစ်ရေ ............ လွမ်း တယ် ................ လွမ်းတယ် အားလုံးကိုလွမ်းတယ် ။ ။

0 comments:

 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....