
ဘာရယ်တော့မဟုတ်ပါဘူး ပိုစ်တွေမှာ အသစ်ထပ်တင်နိုင်အောင်ဆိုပီ ဟိုအရင်က ရေးခဲ့တဲ့ စာအုပ်ဟောင်းတွေ ပြန်လှဲ့ရှာရတယ် ... စာတွေရေးပီ စနစ်တကျ သိပ်လေ့မရှိတတ်တဲ့ ကျွန်တော် ဟာ စိတ်ကူး ပေါ်လာလို့ လိုချင်တာကို ပြန်ရှာတော့ လွယ်လွယ်နဲ့ ဘယ်တော့မှမရ ... ဟိုနားထည့် ဒီနားပစ်ဆိုတော့ ကျန်ရှိသေးသမျှ စာအုပ်အားလုံးမှာ ပြန်ကြည့်ရတယ် ... ဒီတော့ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဖွဲ့စည်းခဲ့တဲ့ မြန်မာဒုက္ခရောက်သူ အလုပ်သမား များကို ကူညီရန် အတွက် ရင်ငြိမ်းပန်း ဂရုဏာ ဖောင်ဒေးရှင်း ရဲ့ နှစ်နှစ်မြောက် အထိမ်းမှတ်ပွဲ ကျင်ပရာတွင် အသုံးပြုခဲ့တဲ့ စာသားလေးကို တွေ့ သဖြင့် ပြန်ဖတ်နေမိသည် ဒီစာပိုဒ်လေးကို ကျွန်တော်မမေ့ပါ ဘာကြောင့်ဆိုသော် ဒီစာပိုဒ်လေးကို ... ရင်ငြိမ်းပန်းရဲ့ ဥက္ကဌ ဦးကျော်လွင်မှ စာစီင်္ပေးပီ ကျွန်တော် ကိုယ်တိုင် ထိုပွဲအတွက် ညအိပ်ပျက်ခံပီ ရိုက်ပေးထားတာပါ ပိုစ်မှာတင်ရင်ကောင်းမှာဘဲ လို့ တွေးပီ တင်ပေးလိုက်ရခြင်းပါ ။ ။
ကမ္ဘာမြေကြီး ကိုယ်စား ရင်ငြိမ်းပန်းကလေးဧ။် ရင်ဖွင့်သံ ...................................
ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို အမှီးပြု၍ ရှင်သန်ဖူးပွင့်လာကြသည် ... ကောင်းသော နှစ်တွေ တစ်နှစ်ပီ တစ်နှစ် ချည်းနင်းဝင်ရောက်လိုကြသည်မှာ ငြိမ်ချမ်းရေးကိုမြတ်နိုးကြသော လူသားအားလုံးပင်ဖြစ်သည် ။ ပျော်ရွှင်မှု့ဆိုသည်မှာ မိုးပေါ်က ကျလာသည့်အရာမဟုတ်ပါ လူသားတစ်ဥင်္ီးချင်းရဲ့ ရင်ထဲမှ မေတ္တာကရုဏာများကို ပေါင်းစပ်ပုံဖေါ်မှသာ ကြည်စင်သန့်ရှင်းသော ငြိမ်းချမ်းမှု့တစ်ခုဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည် ။
"ငါဧ။်ချစ်လှစွာသော လူသားအပေါင်းတို့အား ထမ်းပိုထားသည်မှာ မည်မျှကြာပြီကို မင်းတို့မသိ ဘယ်လောက်ကြာအောင်ထမ်းပိုးရမည်ကိုလည်း မင်းတို့မသိ ငါ့မင်းတို့ကို အပြုံးမပျက် ထမ်းပိုထားသည် သိုသော် မင်းတို့ဒေါသကြောင့်ကျတဲ့သွေးတွေ မျက်ရည်းတွေ မတရားဖိနှိပ်ညှင်ပန်းစေခိုင်းလို့ ကျတဲ့ ချွေးတွေ ငါ့ရဲ့ပုခုံးပေါ်ကို နေ့စဉ်နှင့်အမျှ ကျနေသည် မင်းတို့ပူသလို ငါလည်းပူလောင်လှသည် ဒါကြောင့် ငါ တခါတရံ လှုပ်ရှားမိသည်။
သြော် ထပ်ဆင့်ဝမ်းနည်းခြင်းများစွာဖြင့်သာ ရင်ဆိုင်ကြရတော့သည် ဒီအချိန်တွင် ငါ့ရဲ့တည်ငြိမ်မှု့အတွက် မင်းတို့လူသားတွေ နှလုံးကြာက ကျလာမဲ့ မေတ္တာရေကြည် တစ်ပေါက်မျှသာ ငါမျှော်လင့်တော့တယ် "။ ။

3 comments:
ဟေ့ ဦးချစ်သူ စီဘောက်စ် ပြန်တပ်ဦးလေ၊ ပြီးတော့ ဘလော့ဂ်ပို့စ်တွေကို ဇော်ဂျီဖောင့် လိုက်ပြောပေးထားဦး side bar တွေရောပဲ... အကုန်လိုက်ကြေငြာလိုက်ပါဦး။
ရင်ငြိမ်းပန်းရဲ့ စာသားလေးတွေ ခံစားသွားတယ်....
ကိုမျိုးသော်ရေ... ကျွန်တော်တို့ link လုပ်ထားတယ်နော်
ချစ်သူ ရေ ဆီပုံးလည်းတွေ့ဝူး။အော်ချင်တာအော်ရအောင်။ပိုစ့်လေးတွေကိုသဘောကျတယ်။
Post a Comment