Thursday, July 5, 2007

Child Camp "I need care"


လူတစ်ဦး ဒါမှဟုတ် ပုဂ္ဂိုလ် တစ်ယောက်ဟာ မိမိရဲ့ ဘ၀ဖြတ်သန်းမှုမှ မထင်မှတ်တဲ့ အဖြစ်ပျက်တစ်ခု ကို ဘ၀တစ်ခု လုံးအတွက် တမ်းတပီလွမ်းဆွေးနေကြလိမ့် မိမိရဲ့ လုပ်ဆောင်မှုများအပေါ်တွင်လည်း ကျေနပ်နေကြလိမ့်မည် ....

အမှတ်မထင် ကျွန်တော် ဒီကနေ ရက်ပိုင်းနည်းငယ် ပျောက်သွာားကို သူငယ်ချင်းတွေ သတိထားမိရင်လည်း သတိထားမိလိမ့်မယ် ... ဘာတွေလုပ်နေလဲ ဆိုတော့ အလုပ်ရှုပ်နေတယ် ရှုပ်တဲ့အလုပ်ကို လုပ်တယ်လို့ ထင်တဲ့ သူလည်းထင်ကောင်းပါရဲ့ ... Child Camp "I need care" ဆိုပီခေါင်းစဉ်နဲ့ ရခ်ျပုရီ မြို့တွင် ပထမဆုံး ၁၈ နှစ်အောက် သူငယ်များကို စခန်းသွင်း ပညာပေးပွဲ လေးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တယ် ... ရခ်ျပူရီ တက္ကသိုလ်မှ ဆေးကျောင်းသူ အယောက် ၇၀ ကျော်ဟာလည်း ကျွန်တော်တို့နဲ့ အတူပူးပေါင်း ကူညီလုပ်ဆောင်ပေးတာကြောင့် ထင်သည်ထက်ပင် ပို၍စည်ကာသွားခဲ့သည် ... သူတို့လေးတွေရဲ့ ရင်ထဲကစကားတွေကို ရောင်စုံ ရွှံးရုပ်ကလေးများဖြစ် လည်းကောင်း အိုးအပေါ်တွင် သူတို့ရဲ့ ဘ၀ ခံစားမှုပုံရိပ်တွေကို ရေးဆွဲခဲ့ကြ သည်မှာ ပြန်တွေးမိတိုင်း သွေးကြေားများက သွေးများဟာ နားထင်ထိပ်ထိ ပြေးပြေးစောင့်လေသည် ...

ညအချိန်တွင် တဖန် ဆုတောင်းပွဲကျင်းပ၍ သူတို့များအား မိခင်ဖခင် များ၏ သားလိမ္မာ သမီးလိမ္မာ များ နိုင်ငံ၏ သားကောင်ရတနာ များ ဖြစ်အောင်ကြိုးစား ကြရန်နှင့် ပြောဆိုကာ သီချင်းလေးတစ်ပုဒ်ဖြစ် ညလမ်းခွဲရာ ပိတီမျက်ရည်းများနှင့် ပြည့်နှက်နေကြသည် ॥ သူတို့ရဲ့ ရင်ထဲက ခံစားချက်များဟာလည်း ပွင့်အန် ကျလာပီမဟုတ်လော ॥ ကျွန်တော်ပင်လျှင် ဒီလိုပွဲများနှင့် အတော်ပင် ရင်းနှီးခဲသော်လည်း သူတို့ရင်ထဲမှ ခံစားချက် များကိုကြား ရသောအခါ မိမိကိုယ်ကိုယ် မှင်းသက်မိသွားသည် ....

မိမိရဲ့ ခံစားချက်ရုပ်လွှားလေးကို ရေးဆွဲနေသည့် ကလေးငယ်တစ်ဦး



ခံစားမှုတွေ ပြည့်နှက်နေတဲ့ သူတို့လေးရဲ့ ပုံရိပ်တွေကို သိချင်ရင်ဓါတ်ပုံကို နှိပ်လိုက်ပါ ....



5 comments:

ပြည့်မွန်သျှံ on 5/7/07 said...

သူငယ်ချင်းများအားလုံးကို သတိတရရှိနေကြောင်းကို ဒီနေရာမှတဆင့် ပြောကြားလိုက်ပါတယ် .......

ပြည့်မွန်သျှံ on 6/7/07 said...

I remember all my fri:

ပြည့်မွန်သျှံ on 14/7/07 said...

လာတော့မယ် အလုပ်တွေများနေလို့ မလာဖြင့်တာ ...

Layma on 22/7/07 said...

These words and photos touch my heart...Thank u !!!

kay on 25/7/07 said...

(နံမယ်တော့မခေါ်တော့ဘူးနော် ) လာလည်တဲ့အတွက်ကျေးဇူး..ဘလော့၈ါမိတ်ဆွေတယောက်တိုးတဲ့အတွက်လည်းဝမ်းသာပါတယ်..နောက်မှပြန်လာလည်ဦးမယ်..သေသေချာချာလာစပ်စုဦးမယ်..အခုအမြန်လာနှူတ်ဆက်တာပါ..

 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....