Search
Saturday, March 15, 2008
နာမည်ပြောင်းခြင်း
Thursday, February 14, 2008
အမှတ်တရနေ့များထဲက သူငယ်ချင်း
မနက်ခင်းမှာ နှင်းဆီးရနံတွေနှင့်မျက်နှာသစ်ခဲ့တော့ အာရုံတွေလန်းဆန်းကာ နှစ်တစ်နှစ်ရဲ့အချစ်တွေပေါင်းဆုံတဲ့နေ့တစ်နေ့ကိုရောက်မှန်းမသိရောက်ခဲ့ရသည်မှာ ဟိုယခင် ၆ နှစ် ၇နှစ်ခန့်က ခံစားမှုတွေနဲ့မတူ ။
သူများတကာတွေ စားမေးပွဲနီးပြီးမို့ စာအန်သံတွေ ဆူညံနေတဲ့အချိန် ရပ်ကွက်တစ်ခုလုံးကိုသာမက မြို့ကြီးတစ်မြို့လုံးကိုပင်ဝါးမြိုးသွားမလောက်အောင်ပင် ဆူးညံနေလင့်ကစား လူငယ် ၇ ယောက်တစ်စုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ စာပွဲထောင့်တစ်ခုမှာ အာရပါရ ဟောနေပြောနေကြသည်မှာ သူတို့တစ်တွေရဲ့ရှေ့မှာ ချထားသော ကဗျာစာအုပ်ကလေးတွင်ပါသော အကြောင်းအရာတစ်ခုပင်။ စာအုပ်ကလေးရဲ့ အမည်က ' အသက်ငင်နေသောအိပ်မက်တဲ့ ' ကဗျာဆရာတွေမဟုတ် ၀ါသနာရှင်လူငယ်တွေရေးတဲ့ကဗျာ ကို မြိတ်ဇာတိ ကဗျာဆရာ နရီ(မြိတ်) ကအားပေးလေတော့ သူတို့တစ်တွေအားရကျေနပ်မဆုံး ... ထိုသို့သောနေ့ရက်များကို ယခုတက္ကသိုလ်ကျောင်းသားများ ခံစားခွင့်မှရှိလင့်ကစားလို့တွေးရင် စိတ်မကောင်းဖြစ်မိတယ် .... နောက် သူငယ်ချင်းတွေရော အရင်လိုဘဲ စာအုပ်တွေထုတ်နေကြသေးလား .... အမျိုးမျိုးအထွေထွေတွေးရင်ပေါ့ .... သူငယ်ချင်းတွေရဲ့အမည်ကိုမှတ်မိပေမဲ့ ထိုစဉ်က သူတို့ရဲ့ ကလောင်တွေကိုမေ့တေတေဖြစ်နေခဲ့တယ် ... မှတ်မိသလောက်တော့ ပြောရရင် အသက်ငင်နေတဲ့အိပ်မက်မှာ အသက်ငင်နေသူတွေကတော့ " လ၀န်းသဒ္ဒါ ၊ လှကိုကို ၊ ဗေဒါ ၊ ဆူး ၊ ပြည့်မွန်သျှံ ၊ ချစ်လှိုင် စသဖြင့် ကောင်လေးတွေပေါ့ .... အဲဒီထဲက ဟဲ ..ဟဲ ကြွားရမယ်ဆိုရင် ချစ်သူက ပြည့်မွန်သျှံ ပါ ... ဟိုတစ်လောကမြိတ်ကိုခဏပြန်သွားတာ တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော်ကို ပြည့်မွန်သျှံလို့ခေါ်နေကြသေးတာတွေ့ရလို့ ၀မ်းသာမိတယ် .... နောက်ကျန်တဲ့ သူငယ်ချင်းတွေကို လိုက်ရှာပါသေးတယ် မတွေ့ ... တစ်ယောက်တော့တွေတယ် ... ဗေဒါ ပါ သူက ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲသားမို့ ရှာရတာမခက် ... သို့သော် အရင်ကလိုမဟုတ်တော့ မိန်းမရလို့ ကလေးတစ်ယောက်ပင်ရနေပီ ... သူ့ရဲ့ကလောင်နာမည်လေးကို ချစ်မြတ်နိုးသောအားဖြင့် အိမ်ရှေ့တွင် ဗေဒါစာပေဆိုတဲ့ခေါင်းစီနဲ့ စာအုပ်အငှားဆိုင်လေးကိုဖွင့်ထားပါလေရဲ့ ..... အရင်က လက်ဖက်ရည်ဆိုင်ကိုသွားရန်အတွက် အအိပ်ကြီးတဲ့ ကျွန်တော်ကို လာလာစောင့်ခေါ်လေ့ရှိတဲ့ သူငယ်ချင်းက လက်ဖက်ရည်ဆိုင်ကိုရှောင်နေခဲ့တာတွေ့ရတော့စိတ်မကောင်းဖြစ်မိပြန်တယ် ... အဲ .. သူတို့တစ်တွေက လက်သုံးစကားကတော့ "အရင်ကနဲ့မတူတော့ဘူးတဲ့ "..... မတူးဘူးဆိုလို့ တွေးကြည့်မိတယ် .... ဘာများကွာခြားသွာပီလဲပေါ့ .... အင် ... သူတို့ပြောတာမှန်ပါတယ် ... အရာရာက အရင်ကနဲ့မတူတာပါဘဲ ...
Wednesday, February 13, 2008
post မရေးဖြစ်တဲ့အကြောင်း
Thursday, November 8, 2007
Governor accused of race bias
Governor accused of race bias
Leading labour rights groups yesterday came down on the government for its policy of strictly controlling foreign workers after the Samut Sakhon governor sent a letter to all em-ployers in his province directing them to forbid migrants from holding cultural events.
Published on November 7, 2007
“The letter demonstrated the governor’s lack of cultural sensitivity, which when dealing with people from foreign countries,” said Sompong Sakaew, director of the Labour Rights Promotion Network.
Governor Verrayuth Yea-mampar- in his circular of October 26 to the Employment Office, employers and factory owners – said they should strictly manage and monitor their worker from
“These activities should not be supported because it will make the community feel that these people are the owners of the community, and that could create security problems. It is against the government’s purpose for them to be just temporary workers,” he said.
Sompoang criticized the governor for his “racial prejudice”.
“There’s nothing wrong with foreign workers, just the government’s policy trying to control them. We’re pressing down on them by not allowing them to demonstrate their identity out of fear that they might dilute our culture. What’s diluting and what’s to be diluted?” he said.
Sompong wants the government to reconsider the policy. He said the government should thin positively, in that allowing migrant worker to celebrate their culture would strengthen Thai culture due to the similarity and relationship of their traditions and beliefs in the region.
“There are many Thai Mon residents who observe their Mon culture in
Veerayuth was not immediately available for comment.
Manoon Punyakriyakorn, director – general of the Employment Department, distanced himself from the controversy, saying it was the mandate of the governor to regulate alien workers in his province.
Pennapa Hongthong
The Nation
Unacceptable from all point of views such as labour right, racial right and human right
The letter from governor of Smaut Sarkhon (Mahachai) is unacceptable from all point of views such as labour right, racial right and human right. It is also unfair for the people from every single point of view. Governor should have wide vision for the long term. His order make relationship between Thai and other ethinic groups from south east asia region split seriously Moreover, his order destroyed
united nation's Charter about
Saturday, November 3, 2007
စိတ်မကောင်း ဖြစ်မိခြင်း
Tuesday, October 23, 2007
တောင်းပန်ခြင်း
Tuesday, August 28, 2007
ဒီလိုပါကွာ
Tuesday, July 17, 2007
အလွမ်းနဲ့ အိမ်ပြန်
ပေတေတေ လေလွင့်လို့ကောင်းဆဲပါ.... အသက်အရွယ် ... အချိန်တွေကို ....... လက်ခေါက်ချိုး နောက်ပြန်သိမ်းခဲ့တာ ကြာမြင်နေပီ .......
တစ်ခါတစ်ခါ မိမိ ကိုယ်ကိုယ် ပြန်စမ်းစစ်မိတယ် ... ငါသည် ငါ့မိသားစုအတွက် ... ငါသည် ငါ့အနာဂတ်အတွက် ........... ငါသည် ငါ့လူမျိုးအတွက် ............. ငါသည် ငါ့နိုင်ငံအတွက် ဘာများ လုပ်ပေးနိုင်ခဲ့ ပီလဲ ?????? စသည့်မေးခွန်တွေနဲ့ အကြိမ်ကြိမ် မေးမိသည် ။
ရှုံးနိမ့်မှုတွေနှင့် ...... ဘ၀ကိုစတင်ခဲ့သူမို့ ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ပါ ..... မောဒန် ကဗျာ ၊ စာတွေလိုဘဲ .. နောက်ဆုံးအကြွင်းကို သုည အဖြင့်ထားမှာလား? ကံမကောင်းလို့ လွဲချော်ခဲ့တာဘဲ ဆိုပီ .. ဒီအတိုင်းကော နေသွားမှာလား ... ?
မဟုတ်ဘူး .... မဟုတ်ဘူး .... မဖြစ်သင့်ဘူး .... မျက်စိကိုစုံမှိတ် နုတ်ကိုပိတ်ပီ တစ်ကိုယ်တည်းကြိတ် အော်နေမိသည် ... ငါဟာ လူငယ်တစ်ယောက်ပါ ... ငါ့မှာ အားအင်တွေရှိတယ် .. ငါလုပ်နိုင်တာဘဲ ဆိုပီ စိတ်ကိုတင်း ... အားမာန်ကို ဆွဲ နိုးကြွဖို့ ထ တောင်ပံတွေကို စတင်လှုပ်ခတ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ ဘဲ ....
ငါ့ရဲ့တောင်ပံ အားအင်တွေ တစစီ ကျိုးပဲ့ သွားခဲ့ပြန်တယ် ....
ဘာတတ်နိုင်မှာလဲ ... ဘ၀ကဒီလိုပါဘဲလား? လို့ ပြောယုံမှတစ်ပါး မရှိတော့ ... ဒီတစ်ကြိမ်တော့ ... အလွမ်းတွေက ငါ့ရဲ့ သွေးကြော အားလုံးထဲကို စိမ့်ဝင်နေခဲပြီး .....
ရှင်းပြဖို့လဲ မကြိုးစားတော့ဘူး ... အကြောင်းပြချက်ဆိုတာ ... အမှားကို ကျူးလွန်သူတွေအတွက်မဟုတ်လား ... ဒီတော့ .... ငါ့မှာကာ အဖြေမရှိ .... အားအင်လဲမရှိ ... အမှားတွေကြားမှာပင် အလူးလဲ .... စာသားတစ်ကြောင်းကတော့ ပြောခဲ့တယ် .... အမှန်တွေ ခရီးစဖို့ ခြေလှမ်း ပြင်ချိန်မှာ အမှားတွေက ကမ္ဘာပတ်ခဲ့ပြီး .... ဒီလိုဆို ... ကမ္ဘာကြီးက အမှားတွေနဲ့ ပြည့်ကျပ်နေခဲပြီးလား .... လူတွေကရော ... အမှားတွေနဲ့ အသားကျနေခဲ့ပီပေါ့ .......
အမှန်ကို ဘယ်မှာရှာလို့ တွေနိုင်အုန်းမှာလဲ ... ဒါကြောင့်မို့ ထင်ပါရဲ့ အမှန်ကို ချစ်တတ်သူတွေဟာ .. ကမ္ဘာကြီးရဲ့ အပြင်ကို ရောက်မှန်မသိ .. ရောက်ခဲ့ရတယ် ... ဒီတော့ ... ငါ့အတွက် အမှန်ဟာ ဘယ်မှာလဲ ... ဘယ်နေ့များမှ ရောက်လာမလဲ ဆိုတာကို မေးရင်နဲ့ အလွမ်းကိုပိုက် ငိုရှိုက်သံနဲ့ ... အိမ်ပြန်ရမှာပေါ့ ...
(လူဆိုတာကမျှော်လင့်ထားသလိုမဖြစ်ရင်၊ ငြင်းပယ်ခံရရင် စိတ်ဓာတ်ကျတတ်တယ်
ကျွန်တော်လဲလူထဲကလူပါပဲ ဒါပေမယ့် အရှုံးတွေနဲ့ကျွန်တော် သူငယ်ချင်းဖြစ်နေပါပြီ ….) သံစဉ်မဲ့အလကာင်္မှ ။ ။
ီ
Sunday, July 15, 2007
3 colum လုပ်ကြမယ်
ကျွန်တော်တို့လို ကွန်ပျူတာကို ငယ်ကတည်းက ပိုက်ပီမွေးလာတဲ့သူ css code ကို ၀ါးမျိုမယ် သယောင်ယောင် English စာ စကားဆိုတစ်လုံးမှမရအောင် ကျွမ်းကျင်သူတွေဆိုတော့ ဟိုလုပ်ဒီလုပ်နဲ့ ဘယ်က ဘာတွေပျောက်သွားလဲမသိ နောက်ဆုံးဘာမှမကျန်တော့ .... အဲအခုတော့ရသွားပီ ... ပြန်ပြောပြမယ် ... ဒီလိုပုံစံကိုရသွားအောင်ကူညီပေးသူကတော့ .... ကျွန်တော်ကောင်မလေးပါ ... သူက လမ်းခွဲစကားပြောတော့ ... gtalk ကို မဖွင့်ဖြင့်အောင် ကိုယ့်ကိုယ်ကို အားတင်ရင်နဲ့ ရသွားတာပါ ... ဒါဆို ဒီပုံစံဟာ ကျွန်တော် ရဲ့ နှလုံးသားကို ခင်းပြီ လုပ်ခဲ့တာပါလို့ ပြောရင် ယုံကြမှာလား ... မယုံလဲနေပါ အကြောင်းမဟုတ် .... အချိန်မရတဲ့ကြားက ဘလော့ကိုရေးနေရတဲ့ သူငယ်ချင်းတွေအဆင်ပြေအောင်လို့ ဒီဟာလေးကို အခြေခံပီ ကျွန်တော်လုပ် လာခဲ့တဲ့ အတွေ့ကြုံလေးတွေကိုပြောပြမယ် .... အို စမယ်နော် ... အာလူနည်းနည်းများသွားတယ် ....
ဘလော့တစ်ခုကို လုပ်တော့မယ်ဆို ကျွန်တော်တို့ ပထမဆုံးနားလည်းထားရမှာက Blog Layout ရဲ့ လုပ်ဆောင်မှု အပိုင်းလေးတွေကိုသိရမယ် ... ဘလော့ တစ်ခုရဲ့ အခြေခံအစိတ်ပိုင်းမှာ တော့ Header- section, Main-section, Sidebar section နှင့် Footer-section ဆိုပီ ပါဝင်ပါတယ် .... ဒီတော့ ကျွန်တော်တို့ တစ်တွေ ယူသုံးနေတဲ့ Layout က ဒီပုံစံမဟုတ်လား ....
အဲဒီအထဲမှာ ဘဲ အပိုင်းလေးပိုင်းကို ခွဲမြင်တတ်ဖို့ လိုမယ် .... ဒီအထဲမှာ ပါဝင်တဲ့ HTML code တွေကိုတော့ ဒီနေရာမှာကြည့်လိုက်ပါ ..ကြည့်ရတာ လွယ်ကူအောင်ဆိုပီ နံပတ်တွေ ထည့်ပေးထားတယ် .... နံပတ် 010 ကနေ 0320 အထိဟာ body-tags ဖြစ်ပါတယ် .... အာလူက များလွန်တော့ သူငယ်ချင်းတွေ ငြိငွေ့နေတော့မယ် .. ဒါဆို စလုပ်ကြရအောင် ... အပေါ်က ရှင်းပြခဲ့တဲ့ အပိုင်းတွေကို နားလည်လောက်ပီပေါ့နော် ....
အောက် က formatting code တွေကို ရင်းနှီးအောင်ကြည်ထားပါ ...
#outer-wrapper {
with: 660 px;
padding: 10px
........... }
#main-wrapper{
width: 410px;
float: left;
...........}
#sidebar-wrapper {
width: 220px
float: right;
...........}
ဒီလောက်ဆို စပြီး ...
ပထမဆုံးက တော့ Edit Template ကို သွားကြမယ် .....
ဒုတိယကတော့ sidebar code ကို ဒီလိုလေး (#right-sidebar-wrapper)
(b: section class='sidebar' id='right-sidebar' preferred='yes')
(/div)
ဖြစ်အောင်ပြောင်းလိုက်ပါ ... သူနဂို #sidebar-wrapper) ကို # right-sidebar-wrapper အဖြင့် ပြောင်းလိုက်ခြင်းပါ ...
ဆိုပီ နောက်ထပ် အသစ် ထည့်ပေးလိုက်ရပါ့မယ် ဘယ်မှာ သွားထည့်ရမလဲဆိုတော့ (div id= main-wrapper အေ၇ှ့မှာထည့်လိုက်ပါ .... နောက် save ... ဒီတော့
ဒီပုံစံလေးကိုရလာတာပေါ့ ......အဆင့်လေးကိုရောက်လာပီနော် . ..
#left-sidebar-wrapper {
width:220px;
float:left;
word-wrap:break-word;
overflow:hidden;
........}
ကို #main-sidebar-wrapper ရဲ့ အပေါ်မှာထားပါ ..... ဒါဆိုရင် ရခါနီးပီပေါ့ ...
စိတ်ဓါတ်မကျပါနဲ့အုံး .... နောက်ဆုံး ဘာကျန်သေးလဲဆိုရင် ... ဒီအပေါ်ပုံက အဆင်ပြေနေပီ .. ဒါပေမဲ့ ညာဘက်က ဘာ ဘာလို့ အောက်ရောက်နေရတာလဲ ... ရှင်းရှင်းလေးပါ .. သူ့ရဲ့ outer-wrapper ကိုချဲ့ပေးလိုက်ပါ ... သူ့နဂို က 660 ရှိရင် ရှိလိမ့်မယ် ... ဒါကို 860 လောက်ပြောင်းပေးရင် အဆင်ပြေနိုင်ပါတယ် ..... အဲလိုဆိုရင် ... နောက်ဆုံး အသုံးပြုလို့ရတဲ့ ဒီပုံလေးရပီပေါ့ .....
အဆင်ပြေကြပါစေ ရင်နာနာနဲ့ ဘဲ ရေးလိုက်ရတာပါ ... မရရင် ပြန်ပြောနော် ... သိတာလေးကို မျှဝေ ပေးဖို့ ၀န်မလေးပါဘူး .....(မှတ်ချက် ။ ။ ရေးထား တာတွေကို တဆင့်ချင်း လုပ်ဆောင်ပါ .... ကွင်လေးတွေကိုလည်း ပြန်ပြင်ရေးပေါ့နော် ...)
မရေးဖြစ်သော ကဗျာတစ်ပုဒ်
အပြုံးကို တန်ဆာဆင်တဲ့
မာယာနဲ့ မပြုံးနဲ့ခင်
မေရွက်ပင် ချဉ်ပေါင်က
ချဉ်ရဲ့လားလို့ မမေးသလို့
မင်းရဲ့အချစ် ....
ယုံကြည်မှုခိုင်မာရဲ့လား ငါမမေးတော့ပါ
မင်းလည်း ..........
သွားလိုရာ သွား၍
ဖြစ်နိုင်တာလုပ်ခဲ့ပါ ................
ငါကတော့ ........
ဖောင်တိန်ကိုင်
ရွက်စုတ် စက္ကူနဲ့
မင်းအကြောင်းရေးဖွဲ့ ဆဲပါ ......... ။ ။
Saturday, July 14, 2007
ပြီးသွာပါပီတဲ့
ဒီတော့ ဘာလုပ်မလဲ ... ရုံးဖော်သူငယ်ချင်းက ပြန်ရောက်လာတော့ သူကို အပ်ခဲ့တယ် .. ငါ့ကောင်းမလေးလာရင်နှိုးပါဆိုပီ .... ဒီတော့ ငါ့ သွားတော့မယ် ... ဟုတ်တယ် ကောင်းမလေးက ငါ့ကို အိပ်မက်ထဲမှာတွေ့ကြမယ်ဆိုပီ ... ပြောလေ့ရှိတယ် ... သူရှိနေမှာပါ .... အိပ်မက်ထဲကို ငါ့အရောက်လှမ်းခဲတယ် .... ကောင်းမလေးက ပျော်လို့ ငါ့လည်း ရင်မှာပီတိတွေနဲ့ပေါ့ .... ငါတို့ ရန်ကုန်မြို့အနှံ လျှောက်လည်းကြတယ် .... မုန့်တွေစားကြတယ် ... ဟုတ်တယ် အရမ်းပျော်တာဘဲကွာ ... ငါ့တို့ ရဲ့ချစ်သူဘ၀ ... ဟ ဟ ဟ ဆို တဲ့ ရီသံတွေလွင့်လို့ ........
ရီသံတွေက ကျယ်နေသလိုဘဲ ... ဟုတ်တယ် ငါ့အိပ်မက်မက်နေတာ ... သူငယ်ချင်းက အိပ်မက်ထဲမှ ငါ့ကို ဆွဲထုတ်လိုက်တယ် .... အေးလေ .. မနာလိုဖြစ်နေမှာပေါ့ သူ့ကိုမှမခေါ်တာ ... ဘာမှမပြောဘဲ ကိုယ့်အတွေးနဲ့ ကို နေလိုက်တယ် .... တစ်နေကုန် ဘာမှမစားရသေးတော့ .. ဗိုက်က ဆန္ဒပြနေပီပေါ့ ... ကောင်မလေး ကို ဒီနေ့မတွေ့ရ သူလာမယ်လို့ ငါ့ကိုပြောထားတာ ဘာလို့ပါလိမ့် ... အေးလေ သူမအားလို့နေမှာဘဲ ဆိုပီ ... ကိုယ်ဘာသာ လုပ်စရာရှိတာလုပ်နေလေတော့တယ် .... ကိုယ်တော်ကလည်း ဘာတွေအကြိတ်နယ် ရိုက်နေလဲမသိတော့ ... တစ်အောက်ကြာတော့ အပြင်သွားမယ်ကွာဆိုပီခေါ်တော့တယ် ... ဒီနေ့ဘယ်မှ မသွားချင် ကောင်းမလေးကိုလဲ စောင့်ရအုံးမှာမဟုတ်လား ... ဒီတော့ ရွှေမြိတ်သားက ပြုံးပီထွက်သွားတယ် ... ဒီကောင် ငါ့ အကြောင်းသိမယ် ဆိုတဲ့ ငါးခူအပြုံးလာ ဘာလာတော့မသိဘူး ပြုံးသွာတယ် ...
နောက် ငါသိလိုက်ရတာကတော့ ... ပြီးသွာပါပီတဲ့ ... အချစ်တွေနဲ့အတူ နှုတ်ဆက်လိုက်တယ်တဲ့ ... ဘယ်လိုဖြစ်တာလဲ ... ငါ့နာမလည်းဘူး ... အခုဏက အိပ်မက်ထဲမှာ ငါ့တို့ ပျော်ခဲ့တာတွေ .. ရီခဲတာတွေက .. ပီသွာပီတဲ့လား ... အေးလေ ဘ၀ဆိုတာ ဒီလိုပါဘဲကွာ ....တဲ့ ။ ။
Thursday, July 5, 2007
Child Camp "I need care"
အမှတ်မထင် ကျွန်တော် ဒီကနေ ရက်ပိုင်းနည်းငယ် ပျောက်သွားတာကို သူငယ်ချင်းတွေ သတိထားမိရင်လည်း သတိထားမိလိမ့်မယ် ... ဘာတွေလုပ်နေလဲ ဆိုတော့ အလုပ်ရှုပ်နေတယ် ရှုပ်တဲ့အလုပ်ကို လုပ်တယ်လို့ ထင်တဲ့ သူလည်းထင်ကောင်းပါရဲ့ ... Child Camp "I need care" ဆိုပီခေါင်းစဉ်နဲ့ ရခ်ျပုရီ မြို့တွင် ပထမဆုံး ၁၈ နှစ်အောက် သူငယ်များကို စခန်းသွင်း ပညာပေးပွဲ လေးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တယ် ... ရခ်ျပူရီ တက္ကသိုလ်မှ ဆေးကျောင်းသူ အယောက် ၇၀ ကျော်ဟာလည်း ကျွန်တော်တို့နဲ့ အတူပူးပေါင်း ကူညီလုပ်ဆောင်ပေးတာကြောင့် ထင်သည်ထက်ပင် ပို၍စည်ကာသွားခဲ့သည် ... သူတို့လေးတွေရဲ့ ရင်ထဲကစကားတွေကို ရောင်စုံ ရွှံးရုပ်ကလေးများဖြစ် လည်းကောင်း အိုးအပေါ်တွင် သူတို့ရဲ့ ဘ၀ ခံစားမှုပုံရိပ်တွေကို ရေးဆွဲခဲ့ကြ သည်မှာ ပြန်တွေးမိတိုင်း သွေးကြေားများက သွေးများဟာ နားထင်ထိပ်ထိ ပြေးပြေးစောင့်လေသည် ...
ညအချိန်တွင် တဖန် ဆုတောင်းပွဲကျင်းပ၍ သူတို့များအား မိခင်ဖခင် များ၏ သားလိမ္မာ သမီးလိမ္မာ များ နိုင်ငံ၏ သားကောင်ရတနာ များ ဖြစ်အောင်ကြိုးစား ကြရန်နှင့် ပြောဆိုကာ သီချင်းလေးတစ်ပုဒ်ဖြစ် ညလမ်းခွဲရာ ပိတီမျက်ရည်းများနှင့် ပြည့်နှက်နေကြသည် ॥ သူတို့ရဲ့ ရင်ထဲက ခံစားချက်များဟာလည်း ပွင့်အန် ကျလာပီမဟုတ်လော ॥ ကျွန်တော်ပင်လျှင် ဒီလိုပွဲများနှင့် အတော်ပင် ရင်းနှီးခဲသော်လည်း သူတို့ရင်ထဲမှ ခံစားချက် များကိုကြား ရသောအခါ မိမိကိုယ်ကိုယ် မှင်းသက်မိသွားသည် ....
ခံစားမှုတွေ ပြည့်နှက်နေတဲ့ သူတို့လေးရဲ့ ပုံရိပ်တွေကို သိချင်ရင်ဓါတ်ပုံကို နှိပ်လိုက်ပါ ....
Wednesday, July 4, 2007
မေ့မရသောနေ့ တစ်နေ့
Wednesday, June 20, 2007
ရှက်မိပါတယ်
တစ်ခါခါကြရင်တွေးမိတယ် .......... မြန်မာတွေဟာ ........ ကမ္ဘာမှာ ခေါင်းမာလွန်တဲ့ သူများလားလို့ ........ စည်းလုံးမှုကို မနှစ်သက် ............ အကောင်းကို မမြင် ....... အဆိုးအတင်းတွေ ပြောမယ်ဆို ... အရှေ့က । ........ ဒါက မြန်မာ မဟုတ်လား...............
အဖွဲ့ စည်းတစ်ခုကို ထောင်လိုက်တယ်ဆိုရင်ဘဲ ............. ပြဿနာတွေက အရင်စတယ် ................ ၀ိုင်းဝန်း ကူညီမဲ့သူက ခန့်ရှားရှား ဘာဖြစ်တယ် ညာဖြစ်တယ် ...ဆိုတာက စကြတယ် ........ အခုလည်း .... ဟော တွေ့ လိုက်ရပီ ............. မြန်မာ ဘလောက်ကာများ အစည်းရုံးတဲ့ ........... online မှာစပီ တည်မယ် ကြံကာဘဲ ရှိသေး .......... တွေ့ကြပီပေါ့ တို့ မြန်မာ ........... ဘယ်လိုလဲ .......
ကျွန်တော် အတွေး အမြင်ကို ပြောရမယ် ဆိုရင် ............ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ........... တစ်ဦးကို တစ်ဦး ဘယ်လို ယုံကြည်ရမယ်ဆိုတာကို ......... မသိကြလို့ဘဲ ........... ဒီအကြောင်းအရာတွေ ....... ဒီလိုဖြစ်လာအောင် ....... ဘယ်သူတွေက အကွက်ကွင်းကျကျ .......... ကျွန်တော်တို့ မျိုးဆက်လူငယ်များရဲ့ .......... စိတ်ထဲကို ရိုက်သွင်းခဲ့လည်းတော့ မသိ .......................
ဘယ်အရာတွေက ဘယ်လိုပင်ဖြစ်လာခဲ့ ဖြစ်လာခဲ့ပါစေ ................ ရောက်ရာအရပ်ကနေ ............. ငါတို့မြေ ....... ငါတို့ နိုင်ငံ ........ ငါ့တို့ လူမျိုးအတွက်ဆိုတဲ့ စေတနာစိတ်ထား ကာ ............. စုစု စည်းစည်း နဲ့ လူငယ်များက ..... မိမိတတ်နိုင်သည် တာဝန်ကို ............ ကိုယ့်အသိနဲ့ ကို လုပ်သွားကြရင် ............. အကောင်းဆုံးပင် မဟုတ်လော .........................
(စာကြွင်း = မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောဆိုခြင်းမဟုတ်ပါ ....... ကျွန်တော်မြင်တွေ့နေရတဲ့ ပြဿနာကို ...... ကျွန်တော် ရဲ့ တတ်နိုင်စွမ်းရှိသလောက်နဲ့ ... ပြောပြလိုက်တာပါ ... )
Tuesday, June 19, 2007
အလွမ်းတွေနဲ့ မိုး
ငယ်ငယ်က မိုးရွာပီဆိုရင် အရမ်းပျော်တာ ............. သူငယ်ချင်းတွေစုပီ ဘောလုံးကန်ကြဖို့လေ ............. မိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းနှစ်သက်တယ် ......... အထူသဖြင့် ကိုယ်ချစ်တဲ့ သူလေးနှင့် နှစ်ကိုယ်တည်း ... သွားရတဲ့ အချိန်ပေါ့ ........... မိုးအရမ်းသည်းလွန်းလျှင်လည်း မကြိုက်ပြန် ......... လေနှင့်အတူ ပြေးလွှားဆော့ ကစားနေတတ်တဲ့ မိုးပြေးကလေးမျိုးကိုမှ ကြိုက်နှစ်သက်တတ်သည် ........
"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲ စားမယ် "...
ဆိုပီ အသံပြဲတွေနှင့် ၀ိုင်းစု အော်ကြတာလဲ မမော မပန်း ........... တကယ်တော့ မိုးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အရမ်းရေးကြီးတယ် မဟုတ်ပါလား .............. လယ်သမားတွေဟာ ....... တန်းခူ ကဆုန် ဆိုရင် ..... မိုးကို မျှော်ကြရပီ .......... မိုးလာမှလဲ သူတို့ ကလေးတွေ လုပ်ငန်းစကြ၇မှာ ဖြစ်တယ် .......... လယ်ကွင်ပြင်တွေမှာ ရေရှိမှ လယ်သမား ဦးကြီးတို့က ပြုံး ရွှင်ကြတယ် .... မိုးဦး ကာလများတွင် ....... လယ်ကွင်တွေမှာ ငါးဖမ်းကြတဲ့ မြင်ကွင်တွေက နေရာအနှံ့ .......... မေ့မရတဲ့ မြင်ကွင်တွေပါ ..........
မိုးလို့ပြောရင် ....... ကျွန်တော်မှာ မိုးနှင့်ပတ်သက်ပီ ........... လွမ်းစရား ဆွေ;စရားတွေက မနည်း .......... မိုးကဘဲ ကျွန်တော် ကို ပျော်အောင် လုပ်ခဲ့ သလို ....... သူကဘဲ ပြန်ပီ လွမ်းဆွေးတွေပေးခဲ့ ပြန်တယ် ........... ကျွန်တော် ချစ်တဲ့ အမေကလည်း ကျွန်တော်တို့မိသားစု ဘ၀လေးကနေ အပြီးပိုင် ခွဲ သွားခဲ့တယ် မဟုတ်လားလေ ............ မိုးတိမ်တွေ ညှိတက်လာတာကို မြင်မိတိုင်း အမေ့ကိုလွမ်းတာ ယနေ့တိုင် ပင် ......... စကားတွေ မပီကလာ တီတီတာတာ ပြောပီ အမေ့ရင်ခွင်မှာ ... နေခဲ့တဲ့ အချိန်လေးကို ..... သတိရမိသည် .......... အခုချိန်မှာ ဒီလိုအခွင့်ရေးမျိုး မရှိတော့ပေမဲ့ ............. ချစ်သူလေးရဲ့ ရင်ခွင်မှာ မှေးစက်ခွင့်လေးများရရင် ကောင်းမလားလို့ တွေးမိတယ် .............. ဒါတွေက အိပ်မက်ပေါ့ ........
အထက်တန်း ကျောင်းသားဘ၀လေးများကဆို သူငယ်ချင်းတွေနဲ့ စက်ဘီစီးပီ မိုးရေထဲ အပြိုင်နင်းခဲ့ တာလည်းရှိ .......... ကျောင်းအတူပြေးပီ ........ ဘောလုံးကန်ဖို့ ...တစ်ကျောင်းနဲ့ တစ်ကျောင်းချိန်းကြတာလဲ ......... မေ့မရ ........ အဲ မေ့လို့မ၇တဲ့ နေ့တစ်နေ့တော့ လူတိုင်းမှာတော့ ရှိဖူး ကြမှာပေါ့ ........... အမှတ်တမဲ့ ဆိုပေမဲ့ အမှတ်တရ ဖြစ်ခဲ့ တဲ့နေ့လေးပေါ့ ..........
မိုးတသဲးသဲးနဲ့ ကျောင်းများ စတင်ဖွင့်သည့်နေ့ .......... ကျူရှင်မှပင် ကျောင်းသို့ တိုက်ရိုက်သွားမည်ဆိုတော့ ......... ကျောင်းဝတ်စုံးကို တစ်ခါတည်း ၀တ်ပီစက်ဘီးကို မှန်မှန်နင်းလာခဲ့တော့ သည် ............ ထီးအနီကလေးကိုဆောင်းပီ .... လမ်းဘေး ပလန့်ဖောင်းပေါ်တွင် လျှောက်နေသူ ....... ဒီကောင်းမလေး ကြည့်ကောင်းလှချီလားဆိုပီ ........... စမယ်ကြံကာ ...... အနားရောက်တော့ သူများမဟုတ် ........ အိမ်နီချင်း .... ကျောင်းတွင် တစ်ခါမှ မျက်နှာချင်းဆိုင်လို့မရပေမဲ့ ..... ကျွန်တော် ကျောင်းပြေးသည့်နေ့များတွင် ........ စာအုပ်ကို ယူပီ သူရဲ့ လက်ရေးဝိုင်းဝိုင်းကလေးနဲ့ စိတ်ရှည်းရှည်း ကူးပေးတတ်သူ .......... ဒီနေ့ သူ အ၇မ်းလှနေပါလား .......... အော် သူလည်း ဖူးပွင့်သည့်အရွယ် သို့ရောက်နေပီကို ........ ဒီတော့ စချင်သည်နှင့် ......... "ဟဲ ငါနဲ့ အတူလိုက်မလား" ဆိုပီ စနောက်နောက်မေးလိုက်တော့ .......... ဘယ်ကဘယ်လို ........ စိတ်ကောင်းပေါ်သည်မသိ ............. "လိုက်မယ်" ဆိုတော့ .......... ခေါ်မိတဲ့ ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမလို .......... ခေါ်ပီတော့ မထူး လိုက်ဆိုပီ ...... စက်ဘီအနောက် ကလီယာနောက်တွင် ထိုင်ခိုင်းလိုက်သည် ......... ဘယ်လက်တွင် ထီးကို ကိုင် ..... လက်ယာက စက်ဘီး လက်ကိုင်းကို ကိုင် နင်းမယ်ကြံတော့ ....... "ပေး ငါ့ကိုင်ပေမယ် ।"..... ဆိုတော့ ပေးလိုက်တယ် ....... သူ့ထီးကိုတော့ ပိတ်လိုက်ပီ စက်ဘီးနောက်တွင် ညှပ်လိုက်သည် ...........
မိုးပြေးကလေးတွေက ကျွန်တော် မျက်နှာကို မထိတထိ ခိုးခိုးနမ်းသည် ......... သူ့ မျက်နှာလေးက ... ကျွန်တော် ကျောမှာ အပ် ကာ နှစ်ယောက်တာ အတူစီးလာကြသည် ........... အမြဲ နင်းနေကြ စက်ဘီးက ဒီနေ့ကြ မှ တော် တော်ပေါ့နေသည် ....... မိမိကိုယ်ကိုယ် လေဟုန်စီးသလိုပင်ခံစားလိုက်ရသည် ........... ရင်ထဲမှ ........ မသိလိုက်တဲ့ ........ နှလုံးသားတစ်ချို့နေရာ ထထခုန်းသည် ............ ပုံမှန်အချိန်တွင် လမ်းထိပ်ကို သွားလျှင်ပင် မောဟိုက်နေတဲ့ သူက ......... အခုလို အချိန်မျိုးမှာ ....... မြိတ်မြို့ ကို အကြိမ်ကြိမ် ပတ်ခိုင်းလဲ မောမည် ထင်မှာမဟုတ် ...........
အော် အခုတော့ ဒါတွေ တွေ .......... အတိတ်က ခြေရာတွေပါလား ................ အခုတော့ လည်း ......... သူငယ်ချင်းတွေ အားလုံး ........ ဘယ်ရောက်လို့ ပေါက်မှန်းလည်း မသိတော့ ......... ကိုယ်ကိုယ်တိုင်ကပင် အမိမြေမှ ထွက်လာခဲ့ တာ ........လေးနှစ်လေးမိုးကြာခဲပီမဟုတ်လား ........... မိုးသံကြားရင် ......... သူငယ်ချင်းတွေကိုပင်ပြေးပြေး သတိရမိသည် ............ ထိုင်းမှာကလည်းမိုးပေါးပါဘီ ... မိုးရေးကိုပင် တစ်ကိုယ်လုံး မစိုဖူးသေး .............. ဒီတော့ မြန်မာနိုင်ငံ ကိုရောက်မှဘဲ ........... မိုးရေထဲမှာ လမ်းလျှောက်ပီ ............... မိုးရဲ့ အတိတ်က ခြေရာတွေ ပြန်ကောက်တော့ မယ် ............ဆိုပီ ...... မိုးကောင်းကင်ကိုကြည့် ပီ ပြုံးပြမိတော့တယ် ................... ။ ။
Monday, June 18, 2007
အဖေအကြောင်း

ဒီနေ့ ဘလော့ကိုဖွင့်လိုက်တော့ .... အစ်မ s0wha1က ချစ်သူရဲ့ အဖေအကြောင်းကိုရေးပါအုံးဆိုတော့ .... ရေးရမှာပေါ့ .... သူများရေးတာကိုဖတ်ပီ ..... နေလို့မရ ... ကိုယ်လည်းရေးရဖို့ပြင်ရမယ် ... ဘယ်ကစရေးရမလဲ .... အဆင်သင့်ရှိပီသာ ပေမဲ့ ... ရေးမယ်ဆိုရင် ... အစရှာလို့မရ ..... အဖေဆို လူတိုင်းမှာ ရှိတယ် မဟုတ်လား ... အဖေမရှိတဲ့ သူကော့ ရှိဖူးလား .... သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အလိုက် သားသမီးတွေအပေါ်မှာ ထားတဲ့ သူတို့ရဲ့ ချစ်ခင်မှု့တွေက ... တစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူလိမ့်မယ် ... စဉ်းစားနေတယ် ဘယ်ကအစရေးမလဲလို့ ... အချိန်ကလည်းဆင်းရဲ လိုက်ပါဘီ ... ဒီတော့ ကိုယ်ရဲ့ အိပ်ချိန်ကို ... တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက် .... အဖေအကြောင်းကို ပြောပြရမှာပေါ့ .... ကြားထဲ အရေးက ၀င်လာသေးတယ် ...ဘာလဲဆိုတော့ ... ကိုယ်က ရုံးမှာနေတဲ့ သူဆိုတော့ ရုံး ကွန်ပျူ တာကိုဘဲ ဆွဲသုံးသုံးနေရတယ်မဟုတ်လား .... ရုံးပိုင်ဆိုတော့ လက်ကများတာပေါ့ ... ဟိုလူက တစ်ခု ဒီလူကတစ်ခုနဲ့ .............. ကိုယ်လိုတဲ့ programကို dowloadလုပ်ကြတော့ ... စက်က ဘယ်ခံနိုင်ပါ့မလဲ .... တော်တော်လေးနိုးယူရတယ် .... စိတ်ကမရှည်းချင်တော့ ... ရှိသမျှ feil တွေကို delete လုပ်လိုက်တာ ... အလုပ်ကောင်းတော့ .... အားလုံးပါသွာတာပေါ့ .... ပိုစ်ရေးတော့မယ်ဆိုမှ ...့ မြန်မာစာ ရိုက်လို့မရပြန် .... အဲ အခုတော့ ရသွားပီ ... ပြောပြမယ်နော် ...နည်းနည်းနောက်ကျသွားရင် ... စိတ်ဆိုးရဘူး.....
မြိတ်မြို့ကိုပြောင်းလာတာ ... ဆယ်စုနှစ်ကျော်ပီဖြစ်ပေမဲ့ မွန်သွေးဖြစ်တဲ့ အဖေကတော့ အခုချိန်အထိ မွန်သံ ၀ဲ သဲသဲ ပြောဆဲ .... ဒီတော့ ရပ်ကွက်ကဆရာသမားတွေက ... အဖေ့ကိုအမည်မခေါ်တော့ ... ဦးမွန်ကြီး ဆိုပီ တစ်လေးတစ်စား ခေါ်တတ်ကြတယ် .... အဖေက မွန်ကြီးဆိုတော့ ... သားကလဲ အလိုလိုနေရင်မွန်လေး ဖြစ်ရတာပေါ့ ဒါပေမဲ့ ဘိတ်မှာ မွန်လေးလို့ မခေါ်ပေါင်း .... သူတို့ခေါ်တာ မွန်သားငယ်တဲ့ .... ငယ်တာမငယ်တာတော့ မသိဘူး ................... အဖေဟာ သားသမီးတွေကို အရမ်းချစ်တတ်သူဖြစ်သည် ... အဖေဟာ သားသမီးတွေအတွက်ဆို ပင်လယ် ဘယ်လောက်ကျယ်ကျယ် ...............မုန်တိုင်းဘယ်လိုပင် ထန်ထန် နေမင်းက ဘယ်လိုပင်နှိပ်စက်လည်း မမူ ॥
အဖေဟာ သားကြီးဖြစ်တဲ့ ကျွန်တော်ကို အထင်ကြီးသည် ဘယ်သွားသွား ဘယ်လာလာ အမြဲခေါ်လေ့ရှိသည် ... သူ့ရဲ့ စီးပွားရေလုပ်ဖော်ကိုင်ဘက်များနှင့်လည်း အမြဲတစ်စေ အသိကျွမ်းဖြစ်စေသည် ... သိုသော် .......... ကျွန်တော် က အဖေထင်သလိုမဟုတ် ............. ကိုယ်လုပ်ချင်တာလုပ်တတ်သူ ...ပေပေတေတေ နေရတာကို သဘောကျသည် ..............ဒီတော့ အဖေက ဘာမျှမပြော ..............ကျွန်တော် ဘယ်သွားဘယ်လာ တာကိုအကုန်သိတဲ့သူ ........အရုပ်စွဆုံး ...............လမ်းမှာ ဘယ်ကောင်းမလေးကို ဘာတွေပြောလိုက်တယ် ဆိုတာအစ ကျွန်တော်ပင် အိမ်မရောက်သေး ... သတင်းက အိမ်ကို အရင် ရောက်နှင့်ပီ .... အဖေက ဘာမှမပြော ပေမဲ့ အဖွားက ပူညံပူညံ လုပ်တတ်သည် ॥ အဖေဟာ သားသမီးတွေကိုဆုံးမရာတွင် လိမ္မာ ပါးနပ်သူဖြစ်သည့်အလျှောက် သားသမီးများကို ဘယ်တော့ မှ စကား ကြမ်းကြမ်းပြောသူမဟုတ်ချေ...........................
အဖေသည် တစ်ခါတစ်ရံပြောတတ်သည် ... "သား မင်း အဖေနေရာကို ရောက်လာရင် အဖေ့လိုတာဝန်တွေ ထမ်းဆောင်ရလိမ့်မယ် ... ဒီတော့ မိမိကိုယ်ကိုယ် အဆင်သင့် ဖြစ်အောင် လုပ်ထားပေါ့ကွာ" ................. ဆိုပီပြောတတ်တယ် အဖေဟာ သားသမီးများကို သူများနှင့်တန်းတူထားနိုင်အောင် အလုပ်ကို ကြိုးစားလုပ်တတ်သူ ... ဘယ်လောက်ပင် ပင်ပန်းပါစေ မညှိးငြူတတ် ............. သားသမီးတွေကို အမြဲတမ်း ပျော်စေချင်သူ မျက်နှာလေး မကောင်းတာနဲ့ မေး၍ ရအောင် လုပ်ပေးတတ်သည် ... ကျွန်တော် ငယ်ငယ်ကဆိုရင် သူများတွေလို ဖိုးလမင်းနှင့်ကြယ်တွေကို ကြည့်ပီ လက်ဖြန့်တောင်းခဲဖူးသည်နောက်........... ... တစ်နေ့ အဖေကို ပူဆာလေသည် "အဖေ သားလေ ဟိုကြယ်တွေကို ကိုင်ကြည့်ဖူးချင်တယ် ဆိုပီ ကောင်းကင်ကို လက်ညှိထိုးပြတော့ အဖေက ရီသည် အဖေရီတော့ ကလေးပီ ပီ ငိုလေတော့ ... အဖေဘာမှ ပြန်မပြော .... တအောင့်လောက်ကြာတော့ အဖေ အပြင်ကိုထွက်သွားတော့ ကျွန်တော်လည်း ဒီပြင် ကစားစရာများနှင့် အလုပ်ရှုပ်နေခိုက် အဖေပြန်ရောက်လာတယ်........... လက်ထဲမှာ ကျွန်တော် ကိုင်ကြည့်ချင်သည့်ဆိုသည့် ကြယ်ပွင်ကလေးတွေကိုတွေ့ရသည် ...၀မ်းသာအားရနှင့် အဖေဆီပြေပီ ယူကြည့်တော့ ... ဟုတ်ပါသည် ကြယ်ပွင့်ကလေးတွေ ... အနံတော့နည်းနည်းရှိတယ် ... ဘယ်ကနေ အဖေ ယူလာမှန်းမသိတဲ့ ပင်လယ်ရေအောက်က ကြယ်ပွင့်ကလေးတွေပါ ... အဖေဟာ ထိုကဲသို့မျှ သားသမီးတွေအပေါ်အလိုက်သိတတ်သူဖြစ်သည့် အလျှောက် ....
သားသမီတွေက အဖေအပေါ် အခုချိန်ထိ အဖေ ဖြစ်စေချင်သော ပုံစံ ... အဖေလုပ်စေချင်သော အရာတွေကို တစ်ခုမျှပင် မလုပ်ပေးနိုင်သေး .... ဒါပေမဲ့လည်း အဖေက ပြုံးလျှက်ပါဘဲ ... စိတ်မဆိုးပါ ... ဘ၀ရဲ့ အသိပညာတွေကို သင်ယူစေသည် ... သွားချင်သည့် ဆိုသည့်နေရာကိုမတား ... သွားစေသည် ... စိတ်ချလက်ချ လွတ်တာမျိုးတော့ မဟုတ် ... ..............အဖေဟာ မယုံကြည်နိုင်လောက်အောင် ... မြင်နိုင်စွမ်းရှိသူဖြစ်တယ် ... လွန်ခဲတဲ့ ၆နှစ်ခန့်က ကျွန်တော် မလေးရှာကို အဖေဆီမှ ခွင့်မတောင်း အကြောင်းမကြာဘဲ ထွက်သွားခဲ့ လေတော့ ...အဖေဟာ ကျွန်တော် သွားသည့် လမ်းကြောင်းတစ်လျှောက် ဘယ်နေရာဘာလုပ်သည် ဘာကိုင်သည်ကို အကုန်သိသည် ... တစ်ချို့နေရာများဆို ကျွန်တော်ပင်မခေါ်တတ် အဖေကခေါ်ပြလေသည် ... မေးကြည့် တော့ အဖေဟာ ကျွန်တော်သွားခဲ့သော နေရာများတွင် လမ်းဘေးမှာအိပ်ရတဲ့ ဘ၀နဲ့ ဘ၀ အသိတွေကိုရှာခဲသူမဟုတ်လားတဲ့ .............. မလေးရှာမှာ နေမပျော်၍ အိမ် ပြန်သွားတော့ လည်း အဖေဟာ အရင်လိုဘဲ နွေးထွေးသည့်အပြုံးနှင့်ပင် ဆီးကြိုရှာသည် ...
အခုတစ်ဖန် ထိုင်းကိုလာခဲ့ သည်မှာလည်း လေးနှစ်အတွင်းဝင်ခဲ့ပီ သိုသော် အဖေဆီကို ဖုန်းခေါ်တာ လေးခေါက်ပင် မပြည့်သေး .... အဖေက သားရဲ့ သတင်းကို အမြဲစောင့်ကြည့်သူ သားတွေက သားတာဝန်မကျေ ပေမဲ့ အဖေဟာ မိဘတာဝန်ကို အမေ့နေရာ အဖေ့နေရာကို တစ်ဦးတည် ထမ်းဆောင်လာခဲ့ သူပါ ... ချစ်သူနဲ့ အဆင်မပြေလို့ အသဲကွဲတဲ့ အဖေသားကို အဖေက အမေတစ်ယောက်ကဲ့သို အားပေးသည် ပျော်တဲ့ အချိန်မှာ အဖေကိုသတိမရပေမဲ့ ဒုက္ခရောက်တဲ့ အချိန် အားငယ်တဲ့ အချိန်တွေမှာ အဖေကို ပင် ပြေ ပြေ သတိရမိတော့ အဖေရဲ့ အပြုံး ............တည်ငြိမ်တဲ့ စကားသံတွေက ကျွန်တော်ကို လုံခြုံစေခဲ့ တာ အမှန်ပါ .... မိုးခြိမ်းရင် နေစရာနေရာ မရှိအောင် ငယ်ငယ်က ကြောက်တတ်တဲ့ ကျွန်တော် ကို မိုးရာသီများတွင် အဖေဟာ ဘေးမှမခွာ ... မိုးခြိမ်းလျှင်လည်း ကျွန်တော်ကို သူ့ရဲ့ ရင်ခွင်ပြင် အကျယ်ကြီးထဲကို ပွေးသွင်းကာ ... လာမည့်ဘေး အရှေ့မှ ကာကွယ်ပေးမည့် အားဇာနည်းတစ်ဦးပမာ ... မျက်ဝန်းများကလည်း ကြင်နာမှု တွေအပြည့် ...
လသာသည့် ညအချိန်တွေဆို အဖေဟာ ကျွန်တော်နှင့် တူလမ်းလျှောက်ကာ လရောင် ရဲ့အရိပ်ကိုခိုလှုံရင် အဖေနှင့် စကားပြော သည့် ညများကို ပြန်အောက်မေ့မိတယ် .... ပွဲလမ်းသဘင်များသွားလျှင် အဖေဟာ ကျွန်တော် ကို ပခုံးပေါ်မှမချ ... အဖေပြောသည့်စကားရှိသည် ................ အဖေဟာ သားတွေအဝေးကိုမြင်ရဖို့အတွက် အောက်ကနေ ထမ်းပိုပေးရတယ် ...

ထိုကဲသို့ သားတွေ အပေါ်မှာ ကောင်းလွန်းသည့်အဖေ တစ်ဦးလုံးရှိသာနှင် ကျွန်တော် ဘာကြောင့်များ ဟာ ဘာကြောင့်များ အဖေရဲ့ လိုဆန္ဒတစ်ခု တစ်လေကိုမှ မဖြည့်ပေးနိုင်ခဲ့တာလဲ ...
Saturday, June 16, 2007
ကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ
ညနေစောင်ပီဆိုတော့ လူကလည်း တစ်နေကုန် runနေတော့ အ၇မ်းပင်ပန်နေပြီ .... ဒါပေမဲ့လည်း ... ချစ်သူနဲ့ onlineမှာ တွေ့ဖို့ချိန်းထားတော့ .... မေားတော့မေားတာပေါ့ .... ဒါပေမဲ့ မမေားဘူးလိုပြောရမှာဘဲ .... ချစ်သူမလာခင်လေးမှာ ဘဲ ... ပိုစ်အသစ်ဘာတင်ရင်ကောင်းမလဲဆိုပီတွေးနေဆဲမှာ .... လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေက ... နယ်မြေစည်းရုံးရေးဆင်းဖို့ ... အဖေါ်ခေါ်တော့ မလိုက်ရင် မကောင်း အလုပ်နဲ့ ပတ်သက်တယ်ဆိုတော့လည်း ... မလိုက်ချင်ပေမဲ့ လိုက်ခဲ့ရတာပေါ့ ......
အဲလိုဘဲ စကားတပြောပြောနဲ့ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းလေးယောက်သာ ... ရုံးက တိုယိုတာ ကားလေးနဲ့ ထွက်လာကြတယ် ..... တစ်နေရာရောက်တော့ ကြည့်လိုက်တယ် ... ကိုယ်တွေရုံးမှာကော ကျောင်းမှာပါ မြန်မာစာ သင်ပြပေးနေရတဲ့ ကလေးတွေ ကစားနေကြတာတွေ့ရတော့ ... ကားပေါ်ကဆင်ပီ သူတို့တွေ ကစားတဲ့ နေရာလေးကို လျှောက်သွားလိုက်တယ် .... ကျွန်တော်တို့ကို မြင်တော့ ကလေးတွေက အပြေးလေလာပီ စ၀ါတီခါရ် ခွန်ခူ (မင်္ဂလာပါ ဆရာ)ဆိုပီ ထိုင်းလိုနဲ့ လက်အုပ်ချီပီ နူတ်ဆက်ကြတယ် ... တစ်ချို့ကြတော့ ... ကျွန်တော်တို့ လက်ကိုဆွဲပီ သူတို့နေတဲ့နေရာကိုခေါ်သွာကြတော့ အနောက်ကနေဘဲ လိုက်သွားကြတာပေါ့ ...
ဒီနေ့က ...... အလုပ်သမားရေးဝန်ကြီးရုံးကို သွားထားကြတာဆိုတော့ ...... တစ်ခါမှ ဒီလိုအ၀တ်အစားတွေသိပ့် မ၀တ်ဖြစ်ကြတဲ့ ကျွန်တော်တို့ အဖွဲ့က ဒီလိုစကားသံကိုကြားတော့ ... ကိုယ်တွေရဲ့ အဖြစ်ပျက်ကိုရီ ချင်ပေမဲ့ ... သူတို့တစ်တွေရဲ့ ဘ၀အခြေနေမှန်ကိုမြင်ရတော့ ... မရီဖြစ်ကြ ... သနားစိတ်တွေပိုလို့များလာတယ် ... သူများနိုင်ငံမှာ ... ရိုးရိုးသားသား လုပ်ကိုင်နေကြပေမဲ့ ... ကားနဲ့ အ၀တ်စား လေး နည်းနည်းပါးပါး သေသတ်အောင် ၀တ်ထားတယ်ဆိုရင်ဘဲ ... ဘယ်သူဘယ်ဝါဆိုတာကို မကြည့်ဖြစ်တော့ ... နီးရာနေရာ မှာ ၀င်ရောက် ပုန်းအောင်းပီနေကြရတယ် ..... သူတို့ကိုယ် သူတို့လည်း ပြစ်မှုတစ်ခုကို ကျူလွန်ထားသူလို မလုံမခြုံ နေရတဲ့ ဘ၀တွေ ... ဘာလုပ်လုပ် ... ဘာကိုင်ကိုင် အမြဲကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ ......
နောက် ဒီလိုဖြစ်နေတဲ့ သူတွေရဲ့ ... ရင်သွေးငယ်တွေရဲ့ အနာဂတ် ....အစသဖြင့် ...
အတွေးတွေက ခေါင်းထဲကို တစ်ဟုန်ထိုး ပြေးဝင်လာတော့တယ် .... နောက်ဆက်တွဲ ... မေးခွန်းတွေကလည်း တစ်သီကြီး လိုက်လာတယ် ... ဘာကြောင့်သူတို့တွေ ဒီလိုဖြစ်နေကြရတာလဲ ... ဒါတွေက ဘယ်သူကြောင့်လဲ .... လူသားတစ်ယောက်ရဲ့ အခွင့်ရေးဆိုတဲ့ အချက်တွေ သူတို့ မှာခံစားခွင့်ကော့ရှိရဲ့လား ... ဒီလိုခံစားမှုတွေ ကို သူတို့ နောက်ထပ် ဘယ်လောက်ကြာကြာ ခံစားနေကြရအုံးမှာလဲ ... ဆိုတဲ့ အတွေးနဲ့ဘဲ ... ရုံးကိုပြန်လာခဲ့ရတော့တယ် ..... ။ ။
Thursday, June 14, 2007
အိုးတွေနဲ့ သူတို့ဘ၀ ....
Saturday, June 9, 2007
ကမ္ဘာကြီးရဲ့ ရင်ဖွင့်သံ

ဘာရယ်တော့မဟုတ်ပါဘူး ပိုစ်တွေမှာ အသစ်ထပ်တင်နိုင်အောင်ဆိုပီ ဟိုအရင်က ရေးခဲ့တဲ့ စာအုပ်ဟောင်းတွေ ပြန်လှဲ့ရှာရတယ် ... စာတွေရေးပီ စနစ်တကျ သိပ်လေ့မရှိတတ်တဲ့ ကျွန်တော် ဟာ စိတ်ကူး ပေါ်လာလို့ လိုချင်တာကို ပြန်ရှာတော့ လွယ်လွယ်နဲ့ ဘယ်တော့မှမရ ... ဟိုနားထည့် ဒီနားပစ်ဆိုတော့ ကျန်ရှိသေးသမျှ စာအုပ်အားလုံးမှာ ပြန်ကြည့်ရတယ် ... ဒီတော့ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဖွဲ့စည်းခဲ့တဲ့ မြန်မာဒုက္ခရောက်သူ အလုပ်သမား များကို ကူညီရန် အတွက် ရင်ငြိမ်းပန်း ဂရုဏာ ဖောင်ဒေးရှင်း ရဲ့ နှစ်နှစ်မြောက် အထိမ်းမှတ်ပွဲ ကျင်ပရာတွင် အသုံးပြုခဲ့တဲ့ စာသားလေးကို တွေ့ သဖြင့် ပြန်ဖတ်နေမိသည် ဒီစာပိုဒ်လေးကို ကျွန်တော်မမေ့ပါ ဘာကြောင့်ဆိုသော် ဒီစာပိုဒ်လေးကို ... ရင်ငြိမ်းပန်းရဲ့ ဥက္ကဌ ဦးကျော်လွင်မှ စာစီင်္ပေးပီ ကျွန်တော် ကိုယ်တိုင် ထိုပွဲအတွက် ညအိပ်ပျက်ခံပီ ရိုက်ပေးထားတာပါ ပိုစ်မှာတင်ရင်ကောင်းမှာဘဲ လို့ တွေးပီ တင်ပေးလိုက်ရခြင်းပါ ။ ။
ကမ္ဘာမြေကြီး ကိုယ်စား ရင်ငြိမ်းပန်းကလေးဧ။် ရင်ဖွင့်သံ ...................................
ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို အမှီးပြု၍ ရှင်သန်ဖူးပွင့်လာကြသည် ... ကောင်းသော နှစ်တွေ တစ်နှစ်ပီ တစ်နှစ် ချည်းနင်းဝင်ရောက်လိုကြသည်မှာ ငြိမ်ချမ်းရေးကိုမြတ်နိုးကြသော လူသားအားလုံးပင်ဖြစ်သည် ။ ပျော်ရွှင်မှု့ဆိုသည်မှာ မိုးပေါ်က ကျလာသည့်အရာမဟုတ်ပါ လူသားတစ်ဥင်္ီးချင်းရဲ့ ရင်ထဲမှ မေတ္တာကရုဏာများကို ပေါင်းစပ်ပုံဖေါ်မှသာ ကြည်စင်သန့်ရှင်းသော ငြိမ်းချမ်းမှု့တစ်ခုဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည် ။
"ငါဧ။်ချစ်လှစွာသော လူသားအပေါင်းတို့အား ထမ်းပိုထားသည်မှာ မည်မျှကြာပြီကို မင်းတို့မသိ ဘယ်လောက်ကြာအောင်ထမ်းပိုးရမည်ကိုလည်း မင်းတို့မသိ ငါ့မင်းတို့ကို အပြုံးမပျက် ထမ်းပိုထားသည် သိုသော် မင်းတို့ဒေါသကြောင့်ကျတဲ့သွေးတွေ မျက်ရည်းတွေ မတရားဖိနှိပ်ညှင်ပန်းစေခိုင်းလို့ ကျတဲ့ ချွေးတွေ ငါ့ရဲ့ပုခုံးပေါ်ကို နေ့စဉ်နှင့်အမျှ ကျနေသည် မင်းတို့ပူသလို ငါလည်းပူလောင်လှသည် ဒါကြောင့် ငါ တခါတရံ လှုပ်ရှားမိသည်။
သြော် ထပ်ဆင့်ဝမ်းနည်းခြင်းများစွာဖြင့်သာ ရင်ဆိုင်ကြရတော့သည် ဒီအချိန်တွင် ငါ့ရဲ့တည်ငြိမ်မှု့အတွက် မင်းတို့လူသားတွေ နှလုံးကြာက ကျလာမဲ့ မေတ္တာရေကြည် တစ်ပေါက်မျှသာ ငါမျှော်လင့်တော့တယ် "။ ။
Friday, June 8, 2007
ပြန်သုံးသပ်ပါ

မနေ့က တင်ထားတဲ့ပုံကိုကြည့်ပီ စိတ်တိုင်းမကျတာနဲ့ ပြန်ပြောင်းလိုက်တာ ညဖြစ်သွားရော ... ဟိုလှဲ့ ဒီလှဲ့ ဓါတ်ပုံတွေအမျိုးမျိုးလျှောက်လုပ်နေခိုက် ... ဟိုတစ်နေ့က .... တီဗီမှာ ကြည့်မိတဲ့ သတင်းတစ်ခု ခေါင်းထဲဝင်လာတော့ ... လုပ်နေတာ ကို ရပ်လိုက်တယ် ...... ကြည့်တော့ .... "အော် တော်ပါသေးရဲ့ " ... ကိုယ် ဓါတ်ပုံဖြစ်နေတယ် .... ကလေးနဲ့ တွဲတဲ့ ပုံက လည်း သူ့ဆီက ခွင့်တောင်းပီသာမို့ ပြသာနာမရှိ .... အဲ ပြသာနာက တီဗီထဲမှာ ... အပြင်မှာလက်တွေ့တော့ မတွေ့သေး .... သူတို့ပြောတဲ့စကားတွေက ... နားထဲစွဲနေလောက်အောင် ခက်ထန်တယ် ... "ခင်ဗျာတို့ တစ်တွေဟာ ဓါတ်ပုံပြင်တာ တော်တာ မှန်တယ် ... သို့သော် ဒီလိုမလုပ်သင့်ဘူး " ဆိုပီ ဓါတ်ပုံပြတယ် မင်းသမီးတစ်ယောက်ပုံပါဘဲ ခန့်ချောချောလေး ရင်တောင်ခုန်ချင်လာပီ .... အင် ဘရိန်အုပ်မှ ကမ်းခြေမှာ လှဲအိပ်နေတဲ့ ပုံ အတွင်းအကျီနဲ့ သူ့ရဲ့ ဟို ဟို ဟာ ဟာ လေးတွေ မပေါ်တစ်ပေါ်ပေါ့ ... အင် အဲ ဒီမင်းသမီကငြင်းတယ် ... သူဒီလိုပုံမျိုး တစ်ခါမှ မရိုက်ဖူးကြောင်း ဘယ်သူ့လက်ချက်မှန်မသိဘဲ အင်တာနက် စာမျက်နှာတွေမှာ ဖောင်းဖွနေတယ် ...
ဒီတော့ ခပ်သေးသေး ဆင်လောက်ရှိတဲ့ သတင်ကြေငြာတဲ့ အဖွားကြီးက ॥ အဲ မှားကုန်ပီ မိန်းကလေးက "ရှင်တို့ ဒီလိုလုပ်တာ ဟာ မှားတယ် မှန်တယ် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါ ဒီမိန်းကလေးရဲ့ ဓါတ်ပုံကို ဒီလိုလုပ်တော့ သူနဲ့ပတ်သက်တဲ့ ဆွေမျိုး မိဘ ညီအစ်ကိုတွေက ခံနိုင်ပါ့မလား မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ကော့ ဘယ်မှာသွားထားမလဲ ရှင် ကိုယ်တိုင် ဒီလို ပုံစံနဲ့ ရှင်ရဲ့ ညီမ အမျိုးတော်စပ်သူတစ်ယောက်ယောက်ရဲ့ ပုံကို မြင်တော့ကော သည်းခံနိုင်ပါမလား " ဆိုတဲ့ မေးခွန်းတွေမေးသွားတဲ့ အတွက် ကျွန်တော် အရမ်းသဘောကျသွားတယ် ... ဒီတော့ ကျွန်တော် ပြောချင်တာ က မြန်မာ့ လူမျိုးတွေဟာ အရှက်အကြောက်ကြီးတယ် ....ယဉ်ကျေးသိပ်မွေ့တယ် ဆိုပီအမြဲပြောလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူတွေရဲ့ တစ်ချို့ ဓါတ်ပုံတွေကို အင်တာနက်စာမျက်နှာမှာ တစ်ခါတစ်လေ တွေ့မိတယ် ॥အစက ဘာမှမဖြစ်သလို့နေမိပေမဲ့ တစ်စတစ်စ များလာတာကိုတွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ် ..."အဆဲမခံရရင် ထမင်းမ၀င်ဘူးလေ "... ဆရာကြီးလုပ်ချင်တယ် .... အဲ ပြောချင်တာ က ဒီလိုပါ ... "မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြပါ "...
အခုဆိုရင် ဓါတ်ပုံတင် မဟုတ်တော့ဘဲ တစ်ချို့ညစ်ညမ်ခွေတွေပါ လုပ်လာတာကိုတွေ့ရတော့ ကာယကံရှင်ကိုယ်တိုင်တော့ ဘယ်လိုနေတယ်မသိဘူး ကိုယ်ကိုယ်တိုင်းမနေနိုင်ဘူး ...
နောက် "chattingမှာ ပျော်မွေ့နေတဲ့ မမတို့ ညီမတို့ ကိုကိုကြီးတို့ ဓါတ်ပုံတွေတောင်းရင် များများတာပေးလိုက"် "အဲ မဟုတ်ဘူး" သတိထားဖို့ ပြောချင်တာပါ ကိုယ်ကိုယ်ကို တန်ဖိုးထားရင်ပေါ့လေး....
တစ်စဆီ ဖြုန်စားပစ်လိုက်မှာ ...
(မောင်နှမချင် ကိုယ်ချင်းစာစွာ ပြောမိခြင်းပါ တစ်စုံတစ်ခုကို ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိ စေတနာ သက်သက် နဲ့ပါ စေတနာမှားဖြစ်ခဲ့ရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်)
