သင်္ကြန်ကျတော့မယ်နော် သင်္ကြန်နှင့် မြန်မာနိုင်ငံခွဲလို့မရသလို မြန်မာနှင့် သင်္ကြန်ကတွဲလျက် မြန်မာနိုင်ငံ သားတိုင်း သင်္ကြန်ကိုချစ်တယ် ကျွန်တော်တို့လို နိုင်ငံခြားရောက်နေတဲ့သူတွေဟာ တခြားအချိန်တွေမှာ အမိမြေ ကိုလွမ်းတဲ့စိတ်ဖြေဖျောက်လို့ ရပေမဲ့ ဒီလိုလ ဒီလိုရာသီပွဲတွေကို ဘယ်မြန်မာနိုင်ငံသားတစ်ယောက်က သတိမရပါဘူးကွာ လို့ ပြောရဲမည်နည်း။ ဟိုမွေးလာသည်မှ ယခုနိုင်ငံခြား မရောက်ခင်အချိန်ထိ သူငယ်ချင်းတွေစု သင်္ကြန်ကားတွေလုပ်ကြနဲ့ လူငယ်ပီပီ တက်ကြွနေတယ် ချစ်စရာကောင်းတဲ့မြန်မာရိုးရာ နွေထွေးတဲ့အပြုံး အေးမြတဲ့ သင်္ကြန်ရေတွေနဲ့ နှစ်ဟောင်းက အကြွေးကို နှစ်သစ်မှာ ပျော်ပျော်ရွင်ရွင်နဲ့သန့်စင်ပက်လောင်းကြတယ် အခုဆိုရင် ကျွန်တော်မှာပိုလို့တောင်လွမ်းရတယ် ဘာလို့လဲဆိုတော့ ပူပူနွေးနွေး ရည်းစာလေးကိုထားခဲ့ပြီး သင်္ကြန်ကလည်းမခေါ်တော့ဘူးတဲ့ ။ လွမ်းတယ် သင်္ကြန်ရယ် လွမ်းတယ်သူငယ်ချင်းတို့ရေ လွမ်းတယ် အချစ်ရေ ............ လွမ်း တယ် ................ လွမ်းတယ် အားလုံးကိုလွမ်းတယ် ။ ။
Search
Saturday, April 7, 2007
လွမ်းတယ် သင်္ကြန်
သင်္ကြန်ကျတော့မယ်နော် သင်္ကြန်နှင့် မြန်မာနိုင်ငံခွဲလို့မရသလို မြန်မာနှင့် သင်္ကြန်ကတွဲလျက် မြန်မာနိုင်ငံ သားတိုင်း သင်္ကြန်ကိုချစ်တယ် ကျွန်တော်တို့လို နိုင်ငံခြားရောက်နေတဲ့သူတွေဟာ တခြားအချိန်တွေမှာ အမိမြေ ကိုလွမ်းတဲ့စိတ်ဖြေဖျောက်လို့ ရပေမဲ့ ဒီလိုလ ဒီလိုရာသီပွဲတွေကို ဘယ်မြန်မာနိုင်ငံသားတစ်ယောက်က သတိမရပါဘူးကွာ လို့ ပြောရဲမည်နည်း။ ဟိုမွေးလာသည်မှ ယခုနိုင်ငံခြား မရောက်ခင်အချိန်ထိ သူငယ်ချင်းတွေစု သင်္ကြန်ကားတွေလုပ်ကြနဲ့ လူငယ်ပီပီ တက်ကြွနေတယ် ချစ်စရာကောင်းတဲ့မြန်မာရိုးရာ နွေထွေးတဲ့အပြုံး အေးမြတဲ့ သင်္ကြန်ရေတွေနဲ့ နှစ်ဟောင်းက အကြွေးကို နှစ်သစ်မှာ ပျော်ပျော်ရွင်ရွင်နဲ့သန့်စင်ပက်လောင်းကြတယ် အခုဆိုရင် ကျွန်တော်မှာပိုလို့တောင်လွမ်းရတယ် ဘာလို့လဲဆိုတော့ ပူပူနွေးနွေး ရည်းစာလေးကိုထားခဲ့ပြီး သင်္ကြန်ကလည်းမခေါ်တော့ဘူးတဲ့ ။ လွမ်းတယ် သင်္ကြန်ရယ် လွမ်းတယ်သူငယ်ချင်းတို့ရေ လွမ်းတယ် အချစ်ရေ ............ လွမ်း တယ် ................ လွမ်းတယ် အားလုံးကိုလွမ်းတယ် ။ ။
Friday, April 6, 2007
ပိတောက်ပွင့်သစ် မှဖော်ပြသော ဆရာညီဗလ ရဲ့ကဗျာတစ်ပုဒ်ကိုကြိုက်လို့ ကဗျာချစ်သူများ မြန်မာကဗျာနဲ့ အင်္ဂလိပ်ကဗျာကို တွဲ၍ဖတ်နိုင်ရန်အတွက် တင်ပြပေးလိုက်ပါသည် ။ နောက်တွင်လည်း ဆက်လက်ဖော်ပြပေးနိုင်ရန် ကြိုးစားသွားပါအုံးမည် ။
ဂျွန်ရဲ့ နေ့တွေ
မိုးများရွာနေပေါ့
ခေါင်းလောင်းသံတွေက တစ်စုံတစ်ရာ
ငါ့ကိုသတိရသွားစေတယ်။
ရှစ်နှစ်အရွယ်
တစ်နှစ်ကြီး ကျောင်းဖွင့်တော့
ကစားကွင်းထဲကမြက်တွေ
ရင်ခေါင်းအထိ မြင့်တက်နေတာတွေ့ရ
ကျွန်တော်တို့ကလေးဘ၀နဲ့
ဘောလုံးကို ခိုးဝှက်ထားလိုက်တဲ့မြက်ပင်တွေ။
စာသင်ခန်းနဲ့မဆန့်အောင်
မတန်တဆ ကျွန်တော်တို့ကြီးရင့်လာပုံကို
ဆရာက အံသြဆဲ
မိုးများလည်းရွာသွန်းမစဲပေါ့။ ။
The Days of June
Raining.
The chime of the bell
Makes me remember something.
Eight years old
When the school reopens,
The grass in the playground
Is found as tall as my chest.
The grass where our childhood
And the football have been stolen
As the teacher is surprised
The way our extreme maturation
Does not fit in our classroom.
Still raining heavily.
Nyi Bala
Trs: by Maung Nyiyutt.
Wednesday, April 4, 2007
Tuesday, April 3, 2007
အချစ်မရှိနေ့
ဟေ့....... ချစ်သူ
မင်းအတူရှိတဲ့အခါ ဘ၀မှာချိုးမြိန်ခြင်းတွေအပြည့်
ငါတို့မြို့ကလေးလည်း လှပလို့
ပင်လယ်ကလည်း မြူးကြွမယ်
အရှေ့ရိုးမကတော့ ကခုန်နေတယ်
ငါထင်ခဲ့တယ် ဒါဟာအချစ်
မင်မရှိတော့တဲ့ မြို့ကလေး
အဝေးထွက်ပြေးလို့
ပင်လယ်တွေတောင် မျက်ရည် ကျတယ်တဲ့
ရိုးမကတော့ မငိုပါဘူး
ဒါပေမဲ့ ......
အချစ်ရယ်
မင်းကိုတော့ ငါတို့ရဲ့မြို့ကလေးရယ်
အမြဲပြုံးတတ်တဲ့ ပင်လယ်ရေလှိုင်းကလေးတွေက
ငါနဲ့အတူ မင်းကိုစောင့်နေတယ် ... ။ ။
အမီမြန်မာနိုင်ငံမှ အင်တာနက်သုံးသူများကြုံတွေ့နေရသော အခက်ခဲများကို နိုင်ငံခြားရောက် ညီအစ်ကိုများ ခံစားနားလည်နိုင်ရန် တွေ့ရသမျှကို တင်ပြလိုက်ပါသည်။
မန္တလေးမှ PAC များ
မန္တလေးမှာ အရင်က Cyber Cafe ၃ခုလောက်သာ ရှိခဲ့ရာကနေ အခုဆိုရင် PAC (Public Access Center) တွေ တော်တော်များလာပါတယ်...။ Center တွေ များလာတာနဲ့အမျှ သူတို့ပေးတဲ့ ၀န်ဆောင်မှုဟာလည်း အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဈေးနှူန်းတွေ အပြိုင်အဆိုင် လျှော့ချကြသလို ပေးတဲ့ Facilities တွေကိုလည်း ပိုပိုပြီးပေးနိုင်အောင် ကြိုးစားလာကြပါတယ်။ မီးမလာလို့ စက်နိုးပြီး လုပ်ကိုင်ရတာကြောင့် မကိုက်ဘူးလို့ ညဉ်းတွားကြတဲ့ လုပ်ငန်းရှင်တွေကိုလည်း တွေ့ရပါတယ်...။ ဘာပဲပြောပြော မန္တလေးမှာတော့ အရင့်အရင်ကထက် ပိုပိုပြီး တိုးတက်နေပါတယ် ... ။ PAC ဖွင့်တဲ့လူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကြုံလို့ ကူးယူ ဖော်ပြလိုက်ပါတယ်...။
Public Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ
၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည်၊ မှတ်ပုံတင်အမှတ် (Passport Number) ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။
၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date,Time,Screen Shot, URLs,) အား နှစ်ပတ်တစ်ကြိမ် Myanmar Info-Tech သို့ CD ဖြင့် ရေးသားပေးပို့ရမည်။
၃။ အလားတူ မိမိတို့ထံတွင်လည်း Backup အား သိမ်းဆည်းထားရှိရမည်။
၎။ Screen Shot များကို ငါးမိနစ်တစ်ကြိမ် ရယူထားရမည်။
၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူ ထားရှိရမည်။
၆။ မြန်မာနိုင်ငံအတွင်း တရားဝင် အသုံးပြုလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးထားသော Email များနှင့် Mail4U များကိုသာ သုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားရမည်။
၇။ Tunnelling Website/ Software များအား သုံးစွဲခွင့်မရှိကြောင်း ဖော်ပြထားရမည်။
၈။ Cyber Crimes (Hacking, Virus Distribution, Port Scanning and etc) မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကိစ္စများဆောင်ရွက်ခြင်းတို့အား တားမြစ်ကြောင်း ရေးသားဖော်ပြထားရမည်။
၉။ နိုင်ငံရေးနှင့် ပါတ်သက်သော Website များအား ကြည့်ရှုခွင့်မပြုရ။၁၀။ PAC အတွင်း (Online/Offline) လောင်းကစားအမျိုးမျိုးအား ပြုလုပ်ခွင့်မပြုရ။
၁၁။ PAC အတွင်း အရက်သေစာနှင့် မူးယစ်စေသော ဆေးဝါးနှင့် ပစ္စည်းများ သုံးစွဲရောင်းချခွင့်မပြု။
၁၂။ PAC အတွင်း Speaker သုံးစွဲခွင့်မပြု၊ Head Phone များကိုသာ အသုံးပြုရမည်။
၁၃။ PAC အတွင်းရှိ Computer များ၏ Floppy Drive, CD Drive, USB Port များအား သုံးစွဲခွင့်မပြုရ။၁၄။ Internet မှ download ပြုလုပ်ရရှိလိုပါက ဆိုင်တွင်မှတ်ပုံတင်၍ ရေးကူးပေးရမည်။
၁၅။ PAC အား ည ၁၁း၀၀နာရီထက် ကျော်လွန်၍ ဖွင့်လှစ်ခွင့်မပြု။
၁၆။ မီးဘေးကာကွယ်မှုအတွက် ကြိုတင်စီစဉ်ထားရမည်။
၁၇။ PAC များတွင် ချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်သည့် User များ တွေ့ရှိခဲ့လျင် Myanmar Info-Tech သို့ ချက်ချင်းအကြောင်းကြားရမည်။
၁၈။ ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၁၀.၇.၂၀၀၂ခုနှစ် ရက်စွဲဖြင့်ထုတ်ပြန်ထားသော Wide Area Network အသုံးပြု ကွန်ပျူတာကွန်ယက်ထူထောင်ခြင်း၊ ၀န်ဆောင်မှုပေးခြင်းနှင့် သက်ဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့် စပ်လျဉ်းသည့် အမိန့်ကြေငြာစာအမှတ် (၃/၂၀၀၃)အား လိုက်နာဆောင်ရွက်ရမည်။
၁၉။ အခါအားလျော်စွာ Myanmar Info-Tech မှ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်။
အရာမရောက်တဲ့နေ့များ
အလွမ်းတွေဘဲ ပိုက်လို့
အငိုက်မိသွားတဲ့ ငါ
အချိန်တွေကို ခြစား
ဘ၀က ခါးတယ်
နာရီတွေကို
အလွမ်းနဲ့ပေါင်နှံ
အချိုမှတ်နဲ့ သောက်ခဲ့တယ်
အခုတော့
မူပြီးပေါ့ ...... ။ ။
ံ
Monday, April 2, 2007
အမေ
ရင်တမမနဲ့
အလည်လွန်သားကို