Wednesday, April 4, 2007


ဒီနေ့မိုးတွေမှိုင်းနေတယ် ရွာမလိုလိုနဲ့ မရွာဖြစ်ဘူး သူကိုကြည့်ပြီးတော့ နှမျော်မိတယ် ငါကမိုးကိုတော့ မနှစ်သက်ပေမဲ့ တစ်ခါခါမှာ မိုးကိုတမ်းတမိတယ် မိုးကငါ့ဘ၀ကိုခွဲခဲ့တာ မိုးကငါ့ဘ၀ကိုတစ်စီဖြစ်အောင် ဖန်တီးလိုက် တယ် မိုးကိုမြင်ရင် ငါ့ဘ၀က အတိတ်ကိုပြန်ရောက်သွားတယ် ငါ့မိသားစုမှာ ငါကသာကြီး အမေ ကချစ်တယ် အဖွားကလည်းချစ်တယ် အဖေကလည်းငါ့သားဆိုပြီး အမြဲတမ်ဘယ်သွားသွားခေါ်သွားတတ်တယ် ဒါကြောင့် ငါ လေးနှစ် သားနဲ့အဖေနောက်ကိုလိုက်ပြီး ပင်လယ်ကိုဖြတ်ဖူးတယ် တောင်တွေကိုလည်းကျော် ဖူးတယ် လူသူအရောက်ပေါက်နည်းတဲ့ ကျွန်းတွေပေါ်မှာလည်းနေဖူးတယ် ဒီနေ့မိုးတွေ သည်းသည်းမဲမဲပြို ကျတယ် ငါက ဒုတိယတန်း ကျောင်းသားလေးပေါ့ အမေက မော်လမြိုင်ကိုပြန်မှာ ငါက ကလေးဆိုတော့ အမေကိုမပို့ဖြစ်ဘူး ကျောင်းတက်နေတယ် အဖွားက ငါ့အမေကို လှေဆိပ်အထိပို့ပေးတယ် ငါ့ညီးမအငယ် ဆုံးက နိုးမပြတ်သေးဘူး ညီက ၄ နှစ်သားပေါ့ သူတို့က အမေ့အနားမှာ ခဏကြာတော့ ပျောက်ကျားဝတ်စုံနဲ့ လူငယ်လေးယောက် လှေပေါ်ရောက်လာပြီး ထမင်းတောင်းစားတယ် သူတို့ကြည့်ရတာ ပင်ပန်းနေပုံရတယ် လက်ထဲမှာတော့ သေနတ်တွေနဲ့ ဒါပေမဲ့ သူတို့မျက်နှာတွေမှာ ရက်စက်မူကိုမတွေ့ရဘူး သူတို့ထမင်းစား နေဆဲမှာဘဲ "ဒိုင်း ........... ဒိုင်းဒိုင်း"နဲ့ သေနတ်သံတွေ ဆူညံသွားပြီး ရုပ်ရုပ်သဲသဲပေါ့ ငါ့နားထဲမှာ မိုးချုံးသံကြားလို့ လန့်နိုးလာတယ် အော် ငါအိပ်မက် မက်နေပါလား မိုးကတော့ လေနှင့်အတူပါသွားပြီ။

0 comments:

 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....