ဟေ့....... ချစ်သူ
မင်းအတူရှိတဲ့အခါ ဘ၀မှာချိုးမြိန်ခြင်းတွေအပြည့်
ငါတို့မြို့ကလေးလည်း လှပလို့
ပင်လယ်ကလည်း မြူးကြွမယ်
အရှေ့ရိုးမကတော့ ကခုန်နေတယ်
ငါထင်ခဲ့တယ် ဒါဟာအချစ်
မင်မရှိတော့တဲ့ မြို့ကလေး
အဝေးထွက်ပြေးလို့
ပင်လယ်တွေတောင် မျက်ရည် ကျတယ်တဲ့
ရိုးမကတော့ မငိုပါဘူး
ဒါပေမဲ့ ......
အချစ်ရယ်
မင်းကိုတော့ ငါတို့ရဲ့မြို့ကလေးရယ်
အမြဲပြုံးတတ်တဲ့ ပင်လယ်ရေလှိုင်းကလေးတွေက
ငါနဲ့အတူ မင်းကိုစောင့်နေတယ် ... ။ ။
(မျိုးသော်)
0 comments:
Post a Comment