Wednesday, June 20, 2007

ရှက်မိပါတယ်

2 comments
ဒီအကြောင်းကိုပြောမဲ့ သာ ပြောရတာ ................ မပြောချင်းဘူး .... ရှက်လို့လေး .......... အခုဆိုရင် online blogger တစ်နေ့တစ်ခြား များပြာလာတာတွေ့ရပါတယ် .............. များပြာလာသလောက်လည်း ......... ပြဿနာ တစ်သောင်းခြောက်ထောင် တက်လာပါလေရော ............. ဒါကြောင့် မို့ ........ ကျွန်တော်ဆို အမြဲ သတိထားမိတယ် .......... မြန်မာနိုင်ငံသား ... ပေါးမျာတဲ့ နေရာတိုင်းလို လို ........... ပြဿနာတွေက အသင့် ဆီးကြိုနေလေရဲ့ ............

တစ်ခါခါကြရင်တွေးမိတယ် .......... မြန်မာတွေဟာ ........ ကမ္ဘာမှာ ခေါင်းမာလွန်တဲ့ သူများလားလို့ ........ စည်းလုံးမှုကို မနှစ်သက် ............ အကောင်းကို မမြင် ....... အဆိုးအတင်းတွေ ပြောမယ်ဆို ... အရှေ့က । ........ ဒါက မြန်မာ မဟုတ်လား...............

အဖွဲ့ စည်းတစ်ခုကို ထောင်လိုက်တယ်ဆိုရင်ဘဲ ............. ပြဿနာတွေက အရင်စတယ် ................ ၀ိုင်းဝန်း ကူညီမဲ့သူက ခန့်ရှားရှား ဘာဖြစ်တယ် ညာဖြစ်တယ် ...ဆိုတာက စကြတယ် ........ အခုလည်း .... ဟော တွေ့ လိုက်ရပီ ............. မြန်မာ ဘလောက်ကာများ အစည်းရုံးတဲ့ ........... online မှာစပီ တည်မယ် ကြံကာဘဲ ရှိသေး .......... တွေ့ကြပီပေါ့ တို့ မြန်မာ ........... ဘယ်လိုလဲ .......

ကျွန်တော် အတွေး အမြင်ကို ပြောရမယ် ဆိုရင် ............ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ........... တစ်ဦးကို တစ်ဦး ဘယ်လို ယုံကြည်ရမယ်ဆိုတာကို ......... မသိကြလို့ဘဲ ........... ဒီအကြောင်းအရာတွေ ....... ဒီလိုဖြစ်လာအောင် ....... ဘယ်သူတွေက အကွက်ကွင်းကျကျ .......... ကျွန်တော်တို့ မျိုးဆက်လူငယ်များရဲ့ .......... စိတ်ထဲကို ရိုက်သွင်းခဲ့လည်းတော့ မသိ .......................

ဘယ်အရာတွေက ဘယ်လိုပင်ဖြစ်လာခဲ့ ဖြစ်လာခဲ့ပါစေ ................ ရောက်ရာအရပ်ကနေ ............. ငါတို့မြေ ....... ငါတို့ နိုင်ငံ ........ ငါ့တို့ လူမျိုးအတွက်ဆိုတဲ့ စေတနာစိတ်ထား ကာ ............. စုစု စည်းစည်း နဲ့ လူငယ်များက ..... မိမိတတ်နိုင်သည် တာဝန်ကို ............ ကိုယ့်အသိနဲ့ ကို လုပ်သွားကြရင် ............. အကောင်းဆုံးပင် မဟုတ်လော .........................


(စာကြွင်း = မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောဆိုခြင်းမဟုတ်ပါ ....... ကျွန်တော်မြင်တွေ့နေရတဲ့ ပြဿနာကို ...... ကျွန်တော် ရဲ့ တတ်နိုင်စွမ်းရှိသလောက်နဲ့ ... ပြောပြလိုက်တာပါ ... )


Read full story

Tuesday, June 19, 2007

အလွမ်းတွေနဲ့ မိုး

1 comments
ဟာ .... သူတို့တွေတော်တော်လွမ်းနေကြပါလားနော် ...ဧကန်တော့ မြန်မာနိုင်ငံမှာ မိုးတွေအရမ်းရွာလို့ ရေကြီးနေပုံပေါက်တယ် ....... s0wha1 ကတော့ လုပ်ချလိုက်ပြန်ပီနော် ...... နှိပ့်စက်တယ် ....နှိပ့်စက်တယ် .... ဟဲ ဟဲ ... စတာနော် ............ မိုးကတကယ်တော့ ချစ်ဖို့ကောင်းတယ် ..... လွမ်းစရာလည်းကောင်းတယ် ....... မြန်မာနိုင်ငံက အဆိုတော် တွေများ .... မိုးအကြောင်းကိုဖွဲ့တာ .... မရိုးနိုင်ဘူး .... L ဆိုင်ဇီရဲ့ မိုးက လည်းလွမ်းစရားနော် .... အဲ လေလုံးတွေ ထွားနေလိုက်တာ ... ဟဲ ဟဲ ... မိုးအကြောင်းကိုပြောမလို့ ..... မိုးကတော့ မိုးပေါ့ ..... ဒါပေမဲ့ လူတွေက မိမိတို့ ခံစားမှု့အလိုက် ဖွဲတတ်ကြတော့ ... သူလည်း စာတွေ ကဗျာတွေ ဖြစ်ရတာဘဲ မဟုတ်လား ..... အခုကျွန်တော် လည်း မိုးအကြောင်းကို ကြော်မယ် နော် ...........

ငယ်ငယ်က မိုးရွာပီဆိုရင် အရမ်းပျော်တာ ............. သူငယ်ချင်းတွေစုပီ ဘောလုံးကန်ကြဖို့လေ ............. မိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းနှစ်သက်တယ် ......... အထူသဖြင့် ကိုယ်ချစ်တဲ့ သူလေးနှင့် နှစ်ကိုယ်တည်း ... သွားရတဲ့ အချိန်ပေါ့ ........... မိုးအရမ်းသည်းလွန်းလျှင်လည်း မကြိုက်ပြန် ......... လေနှင့်အတူ ပြေးလွှားဆော့ ကစားနေတတ်တဲ့ မိုးပြေးကလေးမျိုးကိုမှ ကြိုက်နှစ်သက်တတ်သည် ........

"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲ စားမယ် "...

ဆိုပီ အသံပြဲတွေနှင့် ၀ိုင်းစု အော်ကြတာလဲ မမော မပန်း ........... တကယ်တော့ မိုးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အရမ်းရေးကြီးတယ် မဟုတ်ပါလား .............. လယ်သမားတွေဟာ ....... တန်းခူ ကဆုန် ဆိုရင် ..... မိုးကို မျှော်ကြရပီ .......... မိုးလာမှလဲ သူတို့ ကလေးတွေ လုပ်ငန်းစကြ၇မှာ ဖြစ်တယ် .......... လယ်ကွင်ပြင်တွေမှာ ရေရှိမှ လယ်သမား ဦးကြီးတို့က ပြုံး ရွှင်ကြတယ် .... မိုးဦး ကာလများတွင် ....... လယ်ကွင်တွေမှာ ငါးဖမ်းကြတဲ့ မြင်ကွင်တွေက နေရာအနှံ့ .......... မေ့မရတဲ့ မြင်ကွင်တွေပါ ..........

မိုးလို့ပြောရင် ....... ကျွန်တော်မှာ မိုးနှင့်ပတ်သက်ပီ ........... လွမ်းစရား ဆွေ;စရားတွေက မနည်း .......... မိုးကဘဲ ကျွန်တော် ကို ပျော်အောင် လုပ်ခဲ့ သလို ....... သူကဘဲ ပြန်ပီ လွမ်းဆွေးတွေပေးခဲ့ ပြန်တယ် ........... ကျွန်တော် ချစ်တဲ့ အမေကလည်း ကျွန်တော်တို့မိသားစု ဘ၀လေးကနေ အပြီးပိုင် ခွဲ သွားခဲ့တယ် မဟုတ်လားလေ ............ မိုးတိမ်တွေ ညှိတက်လာတာကို မြင်မိတိုင်း အမေ့ကိုလွမ်းတာ ယနေ့တိုင် ပင် ......... စကားတွေ မပီကလာ တီတီတာတာ ပြောပီ အမေ့ရင်ခွင်မှာ ... နေခဲ့တဲ့ အချိန်လေးကို ..... သတိရမိသည် .......... အခုချိန်မှာ ဒီလိုအခွင့်ရေးမျိုး မရှိတော့ပေမဲ့ ............. ချစ်သူလေးရဲ့ ရင်ခွင်မှာ မှေးစက်ခွင့်လေးများရရင် ကောင်းမလားလို့ တွေးမိတယ် .............. ဒါတွေက အိပ်မက်ပေါ့ ........

အထက်တန်း ကျောင်းသားဘ၀လေးများကဆို သူငယ်ချင်းတွေနဲ့ စက်ဘီစီးပီ မိုးရေထဲ အပြိုင်နင်းခဲ့ တာလည်းရှိ .......... ကျောင်းအတူပြေးပီ ........ ဘောလုံးကန်ဖို့ ...တစ်ကျောင်းနဲ့ တစ်ကျောင်းချိန်းကြတာလဲ ......... မေ့မရ ........ အဲ မေ့လို့မ၇တဲ့ နေ့တစ်နေ့တော့ လူတိုင်းမှာတော့ ရှိဖူး ကြမှာပေါ့ ........... အမှတ်တမဲ့ ဆိုပေမဲ့ အမှတ်တရ ဖြစ်ခဲ့ တဲ့နေ့လေးပေါ့ ..........

မိုးတသဲးသဲးနဲ့ ကျောင်းများ စတင်ဖွင့်သည့်နေ့ .......... ကျူရှင်မှပင် ကျောင်းသို့ တိုက်ရိုက်သွားမည်ဆိုတော့ ......... ကျောင်းဝတ်စုံးကို တစ်ခါတည်း ၀တ်ပီစက်ဘီးကို မှန်မှန်နင်းလာခဲ့တော့ သည် ............ ထီးအနီကလေးကိုဆောင်းပီ .... လမ်းဘေး ပလန့်ဖောင်းပေါ်တွင် လျှောက်နေသူ ....... ဒီကောင်းမလေး ကြည့်ကောင်းလှချီလားဆိုပီ ........... စမယ်ကြံကာ ...... အနားရောက်တော့ သူများမဟုတ် ........ အိမ်နီချင်း .... ကျောင်းတွင် တစ်ခါမှ မျက်နှာချင်းဆိုင်လို့မရပေမဲ့ ..... ကျွန်တော် ကျောင်းပြေးသည့်နေ့များတွင် ........ စာအုပ်ကို ယူပီ သူရဲ့ လက်ရေးဝိုင်းဝိုင်းကလေးနဲ့ စိတ်ရှည်းရှည်း ကူးပေးတတ်သူ .......... ဒီနေ့ သူ အ၇မ်းလှနေပါလား .......... အော် သူလည်း ဖူးပွင့်သည့်အရွယ် သို့ရောက်နေပီကို ........ ဒီတော့ စချင်သည်နှင့် ......... "ဟဲ ငါနဲ့ အတူလိုက်မလား" ဆိုပီ စနောက်နောက်မေးလိုက်တော့ .......... ဘယ်ကဘယ်လို ........ စိတ်ကောင်းပေါ်သည်မသိ ............. "လိုက်မယ်" ဆိုတော့ .......... ခေါ်မိတဲ့ ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမလို .......... ခေါ်ပီတော့ မထူး လိုက်ဆိုပီ ...... စက်ဘီအနောက် ကလီယာနောက်တွင် ထိုင်ခိုင်းလိုက်သည် ......... ဘယ်လက်တွင် ထီးကို ကိုင် ..... လက်ယာက စက်ဘီး လက်ကိုင်းကို ကိုင် နင်းမယ်ကြံတော့ ....... "ပေး ငါ့ကိုင်ပေမယ် ।"..... ဆိုတော့ ပေးလိုက်တယ် ....... သူ့ထီးကိုတော့ ပိတ်လိုက်ပီ စက်ဘီးနောက်တွင် ညှပ်လိုက်သည် ...........

မိုးပြေးကလေးတွေက ကျွန်တော် မျက်နှာကို မထိတထိ ခိုးခိုးနမ်းသည် ......... သူ့ မျက်နှာလေးက ... ကျွန်တော် ကျောမှာ အပ် ကာ နှစ်ယောက်တာ အတူစီးလာကြသည် ........... အမြဲ နင်းနေကြ စက်ဘီးက ဒီနေ့ကြ မှ တော် တော်ပေါ့နေသည် ....... မိမိကိုယ်ကိုယ် လေဟုန်စီးသလိုပင်ခံစားလိုက်ရသည် ........... ရင်ထဲမှ ........ မသိလိုက်တဲ့ ........ နှလုံးသားတစ်ချို့နေရာ ထထခုန်းသည် ............ ပုံမှန်အချိန်တွင် လမ်းထိပ်ကို သွားလျှင်ပင် မောဟိုက်နေတဲ့ သူက ......... အခုလို အချိန်မျိုးမှာ ....... မြိတ်မြို့ ကို အကြိမ်ကြိမ် ပတ်ခိုင်းလဲ မောမည် ထင်မှာမဟုတ် ...........

အော် အခုတော့ ဒါတွေ တွေ .......... အတိတ်က ခြေရာတွေပါလား ................ အခုတော့ လည်း ......... သူငယ်ချင်းတွေ အားလုံး ........ ဘယ်ရောက်လို့ ပေါက်မှန်းလည်း မသိတော့ ......... ကိုယ်ကိုယ်တိုင်ကပင် အမိမြေမှ ထွက်လာခဲ့ တာ ........လေးနှစ်လေးမိုးကြာခဲပီမဟုတ်လား ........... မိုးသံကြားရင် ......... သူငယ်ချင်းတွေကိုပင်ပြေးပြေး သတိရမိသည် ............ ထိုင်းမှာကလည်းမိုးပေါးပါဘီ ... မိုးရေးကိုပင် တစ်ကိုယ်လုံး မစိုဖူးသေး .............. ဒီတော့ မြန်မာနိုင်ငံ ကိုရောက်မှဘဲ ........... မိုးရေထဲမှာ လမ်းလျှောက်ပီ ............... မိုးရဲ့ အတိတ်က ခြေရာတွေ ပြန်ကောက်တော့ မယ် ............ဆိုပီ ...... မိုးကောင်းကင်ကိုကြည့် ပီ ပြုံးပြမိတော့တယ် ................... ။ ။
Read full story

Monday, June 18, 2007

အဖေအကြောင်း

0 comments




ဒီနေ့ ဘလော့ကိုဖွင့်လိုက်တော့ .... အစ်မ s0wha1က ချစ်သူရဲ့ အဖေအကြောင်းကိုရေးပါအုံးဆိုတော့ .... ရေးရမှာပေါ့ .... သူများရေးတာကိုဖတ်ပီ ..... နေလို့မရ ... ကိုယ်လည်းရေးရဖို့ပြင်ရမယ် ... ဘယ်ကစရေးရမလဲ .... အဆင်သင့်ရှိပီသာ ပေမဲ့ ... ရေးမယ်ဆိုရင် ... အစရှာလို့မရ ..... အဖေဆို လူတိုင်းမှာ ရှိတယ် မဟုတ်လား ... အဖေမရှိတဲ့ သူကော့ ရှိဖူးလား .... သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အလိုက် သားသမီးတွေအပေါ်မှာ ထားတဲ့ သူတို့ရဲ့ ချစ်ခင်မှု့တွေက ... တစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူလိမ့်မယ် ... စဉ်းစားနေတယ် ဘယ်ကအစရေးမလဲလို့ ... အချိန်ကလည်းဆင်းရဲ လိုက်ပါဘီ ... ဒီတော့ ကိုယ်ရဲ့ အိပ်ချိန်ကို ... တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက် .... အဖေအကြောင်းကို ပြောပြရမှာပေါ့ .... ကြားထဲ အရေးက ၀င်လာသေးတယ် ...ဘာလဲဆိုတော့ ... ကိုယ်က ရုံးမှာနေတဲ့ သူဆိုတော့ ရုံး ကွန်ပျူ တာကိုဘဲ ဆွဲသုံးသုံးနေရတယ်မဟုတ်လား .... ရုံးပိုင်ဆိုတော့ လက်ကများတာပေါ့ ... ဟိုလူက တစ်ခု ဒီလူကတစ်ခုနဲ့ .............. ကိုယ်လိုတဲ့ programကို dowloadလုပ်ကြတော့ ... စက်က ဘယ်ခံနိုင်ပါ့မလဲ .... တော်တော်လေးနိုးယူရတယ် .... စိတ်ကမရှည်းချင်တော့ ... ရှိသမျှ feil တွေကို delete လုပ်လိုက်တာ ... အလုပ်ကောင်းတော့ .... အားလုံးပါသွာတာပေါ့ .... ပိုစ်ရေးတော့မယ်ဆိုမှ ...့ မြန်မာစာ ရိုက်လို့မရပြန် .... အဲ အခုတော့ ရသွားပီ ... ပြောပြမယ်နော် ...နည်းနည်းနောက်ကျသွားရင် ... စိတ်ဆိုးရဘူး.....

မြိတ်မြို့ကိုပြောင်းလာတာ ... ဆယ်စုနှစ်ကျော်ပီဖြစ်ပေမဲ့ မွန်သွေးဖြစ်တဲ့ အဖေကတော့ အခုချိန်အထိ မွန်သံ ၀ဲ သဲသဲ ပြောဆဲ .... ဒီတော့ ရပ်ကွက်ကဆရာသမားတွေက ... အဖေ့ကိုအမည်မခေါ်တော့ ... ဦးမွန်ကြီး ဆိုပီ တစ်လေးတစ်စား ခေါ်တတ်ကြတယ် .... အဖေက မွန
်ကြီးဆိုတော့ ... သားကလဲ အလိုလိုနေရင်မွန်လေး ဖြစ်ရတာပေါ့ ဒါပေမဲ့ ဘိတ်မှာ မွန်လေးလို့ မခေါ်ပေါင်း .... သူတို့ခေါ်တာ မွန်သားငယ်တဲ့ .... ငယ်တာမငယ်တာတော့ မသိဘူး ................... အဖေဟာ သားသမီးတွေကို အရမ်းချစ်တတ်သူဖြစ်သည် ... အဖေဟာ သားသမီးတွေအတွက်ဆို ပင်လယ် ဘယ်လောက်ကျယ်ကျယ် ...............မုန်တိုင်းဘယ်လိုပင် ထန်ထန် နေမင်းက ဘယ်လိုပင်နှိပ်စက်လည်း မမူ ॥

အဖေဟာ သားကြီးဖြစ်တဲ့ ကျွန်တော်ကို အထင်ကြီးသည် ဘယ်သွားသွား ဘယ်လာလာ အမြဲခေါ်လေ့ရှိသည် ... သူ့ရဲ့ စီးပွားရေလုပ်ဖော်ကိုင်ဘက်များနှင့်လည်း အမြဲတစ်စေ အသိကျွမ်းဖြစ်စေသည် ... သိုသော် .......... ကျွန်တော် က အဖေထင်သလိုမဟုတ် ............. ကိုယ်လုပ်ချင်တာလုပ်တတ်သူ ...ပေပေတေတေ နေရတာကို သဘောကျသည် ..............ဒီတော့ အဖေက ဘာမျှမပြော ..............ကျွန်တော် ဘယ်သွားဘယ်လာ တာကိုအကုန်သိတဲ့သူ ........အရုပ်စွဆုံး ...............လမ်းမှာ ဘယ်ကောင်းမလေးကို ဘာတွေပြောလိုက်တယ် ဆိုတာအစ ကျွန်တော်ပင် အိမ်မရောက်သေး ... သတင်းက အိမ်ကို အရင် ရောက်နှင့်ပီ .... အဖေက ဘာမှမပြော ပေမဲ့ အဖွားက ပူညံပူညံ လုပ်တတ်သည် ॥ အဖေဟာ သားသမီးတွေကိုဆုံးမရာတွင် လိမ္မာ ပါးနပ်သူဖြစ်သည့်အလျှောက် သားသမီးများကို ဘယ်တော့ မှ စကား ကြမ်းကြမ်းပြောသူမဟုတ်ချေ...........................

အဖေသည် တစ်ခါတစ်ရံပြောတတ်သည် ... "သား မင်း အဖေနေရာကို ရောက်လာရင် အဖေ့လိုတာဝန်တွေ ထမ်းဆောင်ရလိမ့်မယ် ... ဒီတော့ မိမိကိုယ်ကိုယ် အဆင်သင့် ဖြစ်အောင် လုပ်ထားပေါ့ကွာ" ................. ဆိုပီပြောတတ်တယ် အဖေဟာ သားသမီးများကို သူများနှင့်တန်းတူထားနိုင်အောင် အလုပ်ကို ကြိုးစားလုပ်တတ်သူ ... ဘယ်လောက်ပင် ပင်ပန်းပါစေ မညှိးငြူတတ် ............. သားသမီးတွေကို အမြဲတမ်း ပျော်စေချင်သူ မျက်နှာလေး မကောင်းတာနဲ့ မေး၍ ရအောင် လုပ်ပေးတတ်သည် ... ကျွန်တော် ငယ်ငယ်ကဆိုရင် သူများတွေလို ဖိုးလမင်းနှင့်ကြယ်တွေကို ကြည့်ပီ လက်ဖြန့်တောင်းခဲဖူးသည်နောက်........... ... တစ်နေ့ အဖေကို ပူဆာလေသည် "အဖေ သားလေ ဟိုကြယ်တွေကို ကိုင်ကြည့်ဖူးချင်တယ် ဆိုပီ ကောင်းကင်ကို လက်ညှိထိုးပြတော့ အဖေက ရီသည် အဖေရီတော့ ကလေးပီ ပီ ငိုလေတော့ ... အဖေဘာမှ ပြန်မပြော .... တအောင့်လောက်ကြာတော့ အဖေ အပြင်ကိုထွက်သွားတော့ ကျွန်တော်လည်း ဒီပြင် ကစားစရာများနှင့် အလုပ်ရှုပ်နေခိုက် အဖေပြန်ရောက်လာတယ်........... လက်ထဲမှာ ကျွန်တော် ကိုင်ကြည့်ချင်သည့်ဆိုသည့် ကြယ်ပွင်ကလေးတွေကိုတွေ့ရသည် ...၀မ်းသာအားရနှင့် အဖေဆီပြေပီ ယူကြည့်တော့ ... ဟုတ်ပါသည် ကြယ်ပွင့်ကလေးတွေ ... အနံတော့နည်းနည်းရှိတယ် ... ဘယ်ကနေ အဖေ ယူလာမှန်းမသိတဲ့ ပင်လယ်ရေအောက်က ကြယ်ပွင့်ကလေးတွေပါ ... အဖေဟာ ထိုကဲသို့မျှ သားသမီးတွေအပေါ်အလိုက်သိတတ်သူဖြစ်သည့် အလျှောက် ....

သားသမီတွေက အဖေအပေါ် အခုချိန်ထိ အဖေ ဖြစ်စေချင်သော ပုံစံ ... အဖေလုပ်စေချင်သော အရာတွေကို တစ်ခုမျှပင် မလုပ်ပေးနိုင်သေး .... ဒါပေမဲ့လည်း အဖေက ပြုံးလျှက်ပါဘဲ ... စိတ်မဆိုးပါ ... ဘ၀ရဲ့ အသိပညာတွေကို သင်ယူစေသည် ... သွားချင်သည့် ဆိုသည့်နေရာကိုမတား ... သွားစေသည် ... စိတ်ချလက်ချ လွတ်တာမျိုးတော့ မဟုတ် ... ..............အဖေဟာ မ
ယုံကြည်နိုင်လောက်အောင် ... မြင်နိုင်စွမ်းရှိသူဖြစ်တယ် ... လွန်ခဲတဲ့ ၆နှစ်ခန့်က ကျွန်တော် မလေးရှာကို အဖေဆီမှ ခွင့်မတောင်း အကြောင်းမကြာဘဲ ထွက်သွားခဲ့ လေတော့ ...အဖေဟာ ကျွန်တော် သွားသည့် လမ်းကြောင်းတစ်လျှောက် ဘယ်နေရာဘာလုပ်သည် ဘာကိုင်သည်ကို အကုန်သိသည် ... တစ်ချို့နေရာများဆို ကျွန်တော်ပင်မခေါ်တတ် အဖေကခေါ်ပြလေသည် ... မေးကြည့် တော့ အဖေဟာ ကျွန်တော်သွားခဲ့သော နေရာများတွင် လမ်းဘေးမှာအိပ်ရတဲ့ ဘ၀နဲ့ ဘ၀ အသိတွေကိုရှာခဲသူမဟုတ်လားတဲ့ .............. မလေးရှာမှာ နေမပျော်၍ အိမ် ပြန်သွားတော့ လည်း အဖေဟာ အရင်လိုဘဲ နွေးထွေးသည့်အပြုံးနှင့်ပင် ဆီးကြိုရှာသည် ...

အခုတစ်ဖန် ထိုင်းကိုလာခဲ့ သည်မှာလည်း လေးနှစ်အတွင်းဝင်ခဲ့ပီ သိုသော် အဖေဆီကို ဖုန်းခေါ်တာ လေးခေါက်ပင် မပြည့်သေး .... အဖေက သားရဲ့ သတင်းကို အမြဲစောင့်ကြည့်သူ သားတွေက သားတာဝန်မကျေ ပေမဲ့ အဖေဟာ မိဘတာဝန်ကို အမေ့နေရာ အဖေ့နေရာကို တစ်ဦးတည် ထမ်းဆောင်လာခဲ့ သူပါ ... ချစ်သူနဲ့ အဆင်မပြေ
လို့ အသဲကွဲတဲ့ အဖေသားကို အဖေက အမေတစ်ယောက်ကဲ့သို အားပေးသည် ပျော်တဲ့ အချိန်မှာ အဖေကိုသတိမရပေမဲ့ ဒုက္ခရောက်တဲ့ အချိန် အားငယ်တဲ့ အချိန်တွေမှာ အဖေကို ပင် ပြေ ပြေ သတိရမိတော့ အဖေရဲ့ အပြုံး ............တည်ငြိမ်တဲ့ စကားသံတွေက ကျွန်တော်ကို လုံခြုံစေခဲ့ တာ အမှန်ပါ .... မိုးခြိမ်းရင် နေစရာနေရာ မရှိအောင် ငယ်ငယ်က ကြောက်တတ်တဲ့ ကျွန်တော် ကို မိုးရာသီများတွင် အဖေဟာ ဘေးမှမခွာ ... မိုးခြိမ်းလျှင်လည်း ကျွန်တော်ကို သူ့ရဲ့ ရင်ခွင်ပြင် အကျယ်ကြီးထဲကို ပွေးသွင်းကာ ... လာမည့်ဘေး အရှေ့မှ ကာကွယ်ပေးမည့် အားဇာနည်းတစ်ဦးပမာ ... မျက်ဝန်းများကလည်း ကြင်နာမှု တွေအပြည့် ...

လသာသည့် ညအချိန်တွေဆို အဖေဟာ ကျွန်တော်နှင့် တူလမ်းလျှောက်ကာ လရောင် ရဲ့အရိပ်ကိုခိုလှုံရင် အဖေနှင့် စကားပြော သည့် ညများကို ပြန်အောက်မေ့မိတယ် .... ပွဲလမ်းသဘင်များသွားလျှင် အဖေဟာ ကျွန်တော် ကို ပခုံးပေါ်မှမချ ... အဖေပြောသည့်
စကားရှိသည် ................ အဖေဟာ သားတွေအဝေးကိုမြင်ရဖို့အတွက် အောက်ကနေ ထမ်းပိုပေးရတယ် ...





ထိုကဲသို့ သားတွေ အပေါ်မှာ ကောင်းလွန်းသည့်အဖေ တစ်ဦးလုံးရှိသာနှင် ကျွန်တော် ဘာကြောင့်များ ဟာ ဘာကြောင့်များ အဖေရဲ့ လိုဆန္ဒတစ်ခု တစ်လေကိုမှ မဖြည့်ပေးနိုင်ခဲ့တာလဲ ...


Read full story

Saturday, June 16, 2007

ကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ

0 comments
ညကတစ်ညလုံးအိပ်လို့မရ ... ရင်ထဲမှာအမျိုးအမည်မသိတဲ့အတွေးရယ် ..... ဘာမှန်းမသိတဲ့ ခံစာချက်လေးတစ်ခုပါပေါ့ .... ဟိုဘက်ဒီဘက်လှဲ့ရင်နဲ့ဘဲ မနက်မိုးသောက်ခဲ့ရတယ် ..... ခေါင်းကမူးနောက်နောက်ဆိုတော့ ..... ကောဖီတစ်ခွက်ကို မျက်နှာမသစ်ဘဲ လောင်ထည့်လိုက်ရတယ် .... ညကအတွေးကမပျောက်သေး တော့ ... ပြန်ပီ ညက အဖြစ်ပျက်လေးကို ထိုင်စဉ်းစားနေမိတယ် ..... ဖြစ်ပုံက ဒီလိုဗျ .....

ညနေစောင်ပီဆိုတော့ လူကလည်း တစ်နေကုန် runနေတော့ အ၇မ်းပင်ပန်နေပြီ .... ဒါပေမဲ့လည်း ... ချစ်သူနဲ့ onlineမှာ တွေ့ဖို့ချိန်းထားတော့ .... မေားတော့မေားတာပေါ့ .... ဒါပေမဲ့ မမေားဘူးလိုပြောရမှာဘဲ .... ချစ်သူမလာခင်လေးမှာ ဘဲ ... ပိုစ်အသစ်ဘာတင်ရင်ကောင်းမ
လဲဆိုပီတွေးနေဆဲမှာ .... လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေက ... နယ်မြေစည်းရုံးရေးဆင်းဖို့ ... အဖေါ်ခေါ်တော့ မလိုက်ရင် မကောင်း အလုပ်နဲ့ ပတ်သက်တယ်ဆိုတော့လည်း ... မလိုက်ချင်ပေမဲ့ လိုက်ခဲ့ရတာပေါ့ ......

အဲလိုဘဲ စကားတပြောပြောနဲ့ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းလေးယောက်သာ ... ရုံးက တိုယိုတာ ကားလေးနဲ့ ထွက်လာကြတယ် ..... တစ်နေရာရောက်တော့ ကြည့်လိုက်တယ် ... ကိုယ်တွေရုံးမှာကော ကျောင်းမှာပါ မြန်မာစာ သင်ပြပေးနေရတဲ့ ကလေးတေ
ွ ကစားနေကြတာတွေ့ရတော့ ... ကားပေါ်ကဆင်ပီ သူတို့တွေ ကစားတဲ့ နေရာလေးကို လျှောက်သွားလိုက်တယ် .... ကျွန်တော်တို့ကို မြင်တော့ ကလေးတွေက အပြေးလေလာပီ စ၀ါတီခါရ် ခွန်ခူ (မင်္ဂလာပါ ဆရာ)ဆိုပီ ထိုင်းလိုနဲ့ လက်အုပ်ချီပီ နူတ်ဆက်ကြတယ် ... တစ်ချို့ကြတော့ ... ကျွန်တော်တို့ လက်ကိုဆွဲပီ သူတို့နေတဲ့နေရာကိုခေါ်သွာကြတော့ အနောက်ကနေဘဲ လိုက်သွားကြတာပေါ့ ... မိဘတွေရောလို့ ကျွန်တော်က လှမ်းမေးလိုက်တော့မှ ... သွပ်တွေနဲ့ ကာထားတဲ့ အခန်းသေးသေးလေး ကနေ ကလေးမိဘတွေ ဆယ်ဦးလောက်ထွက်လာတယ် ... သူတို့မျက်နှာတွေမှာ တစ်ခုခုကို စိုရိမ်းထိန့်လန့်နေတယ် ... မျက်နှာတွေမှာလည်း ချွေးသီချွေပေါက်တွေနဲ့ ကျွန်တော်တို့အဖွဲ့ကိုမြင်တော့မှ .... "ဟာ ..... ဆရာတို့ပါလား ... လာဗျာ ..... ဆရာတို့ကို ကျွန်တော်တို့က ပုလိပ်တွေထင်လို့ ဟိုအခန်းလေမှာ ၀ိုင်းပီ ပုန်းနေကြတာ "... ဆိုတော့ ... ကျွန်တော်တို့လူစုလည်း အံအားသင့်ပီ တစ်ယောက်ကိုတစ်ယောက် အပြန်အလန် ကြည့်မိကြတယ် ...

ဒီနေ့က ...... အလုပ်သမားရေးဝန်ကြီးရုံးကို သွားထားကြတာဆိုတော့ ...... တစ်ခါမှ ဒီလိုအ၀တ်အစားတွေသိပ့် မ၀တ်ဖြစ်ကြတဲ့ ကျွန်တော်တို့ အဖွဲ့က ဒီလိုစကားသံကိုကြားတော့ ... ကိုယ်တွေရဲ့ အဖြစ်ပျက်ကိုရီ ချင်ပေမဲ့ ... သူတို့တစ်တွေရဲ့ ဘ၀အခြေနေမှန်ကိုမြင်ရတော့ ... မရီဖြစ်ကြ ... သနားစိတ်တွေပိုလို့များလာတယ် ... သူများနိုင်ငံမှာ ... ရိုးရိုးသားသား လုပ်ကိုင်နေကြပေမဲ့ ... ကားနဲ့ အ၀တ်စား လေး နည်းနည်းပါးပါး သေသတ်အောင် ၀တ်ထားတယ်ဆိုရင်ဘဲ ... ဘယ်သူဘယ်ဝါဆိုတာကို မကြည့်ဖြစ်တော့ ... နီးရာနေရာ မှာ ၀င်ရောက် ပုန်းအောင်းပီနေကြရတယ် ..... သူတို့ကိုယ် သူတို့လည်း ပြစ်မှုတစ်ခုကို ကျူလွန်ထားသူလို မလုံမခြုံ နေရတဲ့ ဘ၀တွေ ... ဘာလုပ်လုပ် ... ဘာကိုင်ကိုင် အမြဲကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ ......
နောက် ဒီလိုဖြစ်နေတဲ့ သူတွေရဲ့ ... ရင်သွေးငယ်တွေရဲ့ အနာဂတ် ....အစသဖြင့် ...

အတွေးတွေက ခေါင်းထဲကို တစ်ဟုန်ထိုး ပြေးဝင်လာတော့တယ် .... နောက်ဆက်တွဲ ... မေးခွန်းတွေကလည်း တစ်သီကြီး လိုက်လာတယ် ... ဘာကြောင့်သူတို့တွေ ဒီလိုဖြစ်နေကြရတာလဲ ... ဒါတွေက ဘယ်သူကြောင့်လဲ .... လူသားတစ်ယောက်ရဲ့ အခွင့်ရေးဆိုတဲ့ အချက်တွေ သူတို့ မှာခံစားခွင့်ကော့ရှိရဲ့လား ... ဒီလိုခံစားမှုတွေ ကို သူတို့ နောက်ထပ် ဘယ်လောက်ကြာကြာ ခံစားနေကြရအုံးမှာလဲ ... ဆိုတဲ့ အတွေးနဲ့ဘဲ ... ရုံးကိုပြန်လာခဲ့ရတော့တယ် ..... ။ ။
Read full story

Thursday, June 14, 2007

အိုးတွေနဲ့ သူတို့ဘ၀ ....

1 comments
အလုပ်တွေရှုပ်နေတာလား .... အရှုပ်တွေလုပ်နေတာလားတော့မသိဘူး ..... အားလုံးရှုပ်နေတာဘဲ ..... ဟိုသွားဒီလာနဲ့ ... လျှောက်သွားနေတတ်တဲ့ ကျွန်တော် ကတော့ ဒီလိုနေရာတွေမှာဆို ပိုပီပျော်တယ် ...

အိုလုပ်ငန်းတစ်ခုက ကိုယ့်မြန်မာနိုင်ငံသားတွေ လုပ်နေတာကို သွားကြည့်ရင် ရိုက်လာတာပါ ......အိုးလုပ်ဖို့အတွက် တောင်တွေမှ ၇လာတဲ့ မြေကြီတွေပါ
ဒီလိုလေးနှစ်ရက်လောက်နှပ့်ထားမှ မြေကြီး အသားတွေပျော့လာမှာစက်နဲ့ ကြိတ်၍ ထွက်လာတဲ့ ပုံစံအိုပုံစံကို လိုသလို လှည့်ယူနေသည့်ပုံ
စပ်စုတတ်တဲ့ ချစ်သူဆိုတာပေါ့

Read full story

Saturday, June 9, 2007

ကမ္ဘာကြီးရဲ့ ရင်ဖွင့်သံ

3 comments

ဘာရယ်တော့မဟုတ်ပါဘူး ပိုစ်တွေမှာ အသစ်ထပ်တင်နိုင်အောင်ဆိုပီ ဟိုအရင်က ရေးခဲ့တဲ့ စာအုပ်ဟောင်းတွေ ပြန်လှဲ့ရှာရတယ် ... စာတွေရေးပီ စနစ်တကျ သိပ်လေ့မရှိတတ်တဲ့ ကျွန်တော် ဟာ စိတ်ကူး ပေါ်လာလို့ လိုချင်တာကို ပြန်ရှာတော့ လွယ်လွယ်နဲ့ ဘယ်တော့မှမရ ... ဟိုနားထည့် ဒီနားပစ်ဆိုတော့ ကျန်ရှိသေးသမျှ စာအုပ်အားလုံးမှာ ပြန်ကြည့်ရတယ် ... ဒီတော့ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဖွဲ့စည်းခဲ့တဲ့ မြန်မာဒုက္ခရောက်သူ အလုပ်သမား များကို ကူညီရန် အတွက် ရင်ငြိမ်းပန်း ဂရုဏာ ဖောင်ဒေးရှင်း ရဲ့ နှစ်နှစ်မြောက် အထိမ်းမှတ်ပွဲ ကျင်ပရာတွင် အသုံးပြုခဲ့တဲ့ စာသားလေးကို တွေ့ သဖြင့် ပြန်ဖတ်နေမိသည် ဒီစာပိုဒ်လေးကို ကျွန်တော်မမေ့ပါ ဘာကြောင့်ဆိုသော် ဒီစာပိုဒ်လေးကို ... ရင်ငြိမ်းပန်းရဲ့ ဥက္ကဌ ဦးကျော်လွင်မှ စာစီင်္ပေးပီ ကျွန်တော် ကိုယ်တိုင် ထိုပွဲအတွက် ညအိပ်ပျက်ခံပီ ရိုက်ပေးထားတာပါ ပိုစ်မှာတင်ရင်ကောင်းမှာဘဲ လို့ တွေးပီ တင်ပေးလိုက်ရခြင်းပါ ။ ။

ကမ္ဘာမြေကြီး ကိုယ်စား ရင်ငြိမ်းပန်းကလေးဧ။် ရင်ဖွင့်သံ ...................................
ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို အမှီးပြု၍ ရှင်သန်ဖူးပွင့်လာကြသည် ... ကောင်းသော နှစ်တွေ တစ်နှစ်ပီ တစ်နှစ် ချည်းနင်းဝင်ရောက်လိုကြသည်မှာ ငြိမ်ချမ်းရေးကိုမြတ်နိုးကြသော လူသားအားလုံးပင်ဖြစ်သည် ။ ပျော်ရွှင်မှု့ဆိုသည်မှာ မိုးပေါ်က ကျလာသည့်အရာမဟုတ်ပါ လူသားတစ်ဥင်္ီးချင်းရဲ့ ရင်ထဲမှ မေတ္တာကရုဏာများကို ပေါင်းစပ်ပုံဖေါ်မှသာ ကြည်စင်သန့်ရှင်းသော ငြိမ်းချမ်းမှု့တစ်ခုဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည် ။


"ငါဧ။်ချစ်လှစွာသော လူသားအပေါင်းတို့အား ထမ်းပိုထားသည်မှာ မည်မျှကြာပြီကို မင်းတို့မသိ ဘယ်လောက်ကြာအောင်ထမ်းပိုးရမည်ကိုလည်း မင်းတို့မသိ ငါ့မင်းတို့ကို အပြုံးမပျက် ထမ်းပိုထားသည် သိုသော် မင်းတို့ဒေါသကြောင့်ကျတဲ့သွေးတွေ မျက်ရည်းတွေ မတရားဖိနှိပ်ညှင်ပန်းစေခိုင်းလို့ ကျတဲ့ ချွေးတွေ ငါ့ရဲ့ပုခုံးပေါ်ကို နေ့စဉ်နှင့်အမျှ ကျနေသည် မင်းတို့ပူသလို ငါလည်းပူလောင်လှသည် ဒါကြောင့် ငါ တခါတရံ လှုပ်ရှားမိသည်။

သြော် ထပ်ဆင့်ဝမ်းနည်းခြင်းများစွာဖြင့်သာ ရင်ဆိုင်ကြရတော့သည် ဒီအချိန်တွင် ငါ့ရဲ့တည်ငြိမ်မှု့အတွက် မင်းတို့လူသားတွေ နှလုံးကြာက ကျလာမဲ့ မေတ္တာရေကြည် တစ်ပေါက်မျှသာ ငါမျှော်လင့်တော့တယ် "။ ။
Read full story

Friday, June 8, 2007

ပြန်သုံးသပ်ပါ

1 comments

မနေ့က တင်ထားတဲ့ပုံကိုကြည့်ပီ စိတ်တိုင်းမကျတာနဲ့ ပြန်ပြောင်းလိုက်တာ ညဖြစ်သွားရော ... ဟိုလှဲ့ ဒီလှဲ့ ဓါတ်ပုံတွေအမျိုးမျိုးလျှောက်လုပ်နေခိုက် ... ဟိုတစ်နေ့က .... တီဗီမှာ ကြည့်မိတဲ့ သတင်းတစ်ခု ခေါင်းထဲဝင်လာတော့ ... လုပ်နေတာ ကို ရပ်လိုက်တယ် ...... ကြည့်တော့ .... "အော် တော်ပါသေးရဲ့ " ... ကိုယ် ဓါတ်ပုံဖြစ်နေတယ် .... ကလေးနဲ့ တွဲတဲ့ ပုံက လည်း သူ့ဆီက ခွင့်တောင်းပီသာမို့ ပြသာနာမရှိ .... အဲ ပြသာနာက တီဗီထဲမှာ ... အပြင်မှာလက်တွေ့တော့ မတွေ့သေး .... သူတို့ပြောတဲ့စကားတွေက ... နားထဲစွဲနေလောက်အောင် ခက်ထန်တယ် ... "ခင်ဗျာတို့ တစ်တွေဟာ ဓါတ်ပုံပြင်တာ တော်တာ မှန်တယ် ... သို့သော် ဒီလိုမလုပ်သင့်ဘူး " ဆိုပီ ဓါတ်ပုံပြတယ် မင်းသမီးတစ်ယောက်ပုံပါဘဲ ခန့်ချောချောလေး ရင်တောင်ခုန်ချင်လာပီ .... အင် ဘရိန်အုပ်မှ ကမ်းခြေမှာ လှဲအိပ်နေတဲ့ ပုံ အတွင်းအကျီနဲ့ သူ့ရဲ့ ဟို ဟို ဟာ ဟာ လေးတွေ မပေါ်တစ်ပေါ်ပေါ့ ... အင် အဲ ဒီမင်းသမီကငြင်းတယ် ... သူဒီလိုပုံမျိုး တစ်ခါမှ မရိုက်ဖူးကြောင်း ဘယ်သူ့လက်ချက်မှန်မသိဘဲ အင်တာနက် စာမျက်နှာတွေမှာ ဖောင်းဖွနေတယ် ...

ဒီတော့ ခပ်သေးသေး ဆင်လောက်ရှိတဲ့ သတင်ကြေငြာတဲ့ အဖွားကြီးက ॥ အဲ မှားကုန်ပီ မိန်းကလေးက "ရှင်တို့ ဒီလိုလုပ်တာ ဟာ မှားတယ် မှန်တယ် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါ ဒီမိန်းကလေးရဲ့ ဓါတ်ပုံကို ဒီလိုလုပ်တော့ သူနဲ့ပတ်သက်တဲ့ ဆွေမျိုး မိဘ ညီအစ်ကိုတွေက ခံနိုင်ပါ့မလား မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ကော့ ဘယ်မှာသွားထားမလဲ ရှင် ကိုယ်တိုင် ဒီလို ပုံစံနဲ့ ရှင်ရဲ့ ညီမ အမျိုးတော်စပ်သူတစ်ယောက်ယောက်ရဲ့ ပုံကို မြင်တော့ကော သည်းခံနိုင်ပါမလား " ဆိုတဲ့ မေးခွန်းတွေမေးသွားတဲ့ အတွက် ကျွန်တော် အရမ်းသဘောကျသွားတယ် ... ဒီတော့ ကျွန်တော် ပြောချင်တာ က မြန်မာ့ လူမျိုးတွေဟာ အရှက်အကြောက်ကြီးတယ် ....ယဉ်ကျေးသိပ်မွေ့တယ် ဆိုပီအမြဲပြောလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူတွေရဲ့ တစ်ချို့ ဓါတ်ပုံတွေကို အင်တာနက်စာမျက်နှာမှာ တစ်ခါတစ်လေ တွေ့မိတယ် ॥အစက ဘာမှမဖြစ်သလို့နေမိပေမဲ့ တစ်စတစ်စ များလာတာကိုတွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ် ..."အဆဲမခံရရင် ထမင်းမ၀င်ဘူးလေ "... ဆရာကြီးလုပ်ချင်တယ် .... အဲ ပြောချင်တာ က ဒီလိုပါ ... "မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြပါ "...

အခုဆိုရင် ဓါတ်ပုံတင် မဟုတ်တော့ဘဲ တစ်ချို့ညစ်ညမ်ခွေတွေပါ လုပ်လာတာကိုတွေ့ရတော့ ကာယကံရှင်ကိုယ်တိုင်တော့ ဘယ်လိုနေတယ်မသိဘူး ကိုယ်ကိုယ်တိုင်းမနေနိုင်ဘူး ...
နောက် "chattingမှာ ပျော်မွေ့နေတဲ့ မမတို့ ညီမတို့ ကိုကိုကြီးတို့ ဓါတ်ပုံတွေတောင်းရင် များများတာပေးလိုက"် "အဲ မဟုတ်ဘူး" သတိထားဖို့ ပြောချင်တာပါ ကိုယ်ကိုယ်ကို တန်ဖိုးထားရင်ပေါ့လေး....
တစ်စဆီ ဖြုန်စားပစ်လိုက်မှာ ...


(မောင်နှမချင် ကိုယ်ချင်းစာစွာ ပြောမိခြင်းပါ တစ်စုံတစ်ခုကို ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိ စေတနာ သက်သက် နဲ့ပါ စေတနာမှားဖြစ်ခဲ့ရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်)



Read full story

Blgger တစ်ယောက်ရဲ့ ခရီး

1 comments

ကိုယ်ထမင်းကိုယ် စားပီ သူများအပြောခံချင်လို့ ........" အဲ .... ဟုတ်ပေါင်" ...ပြောချင်လွန်:လို့ လောသွားတယ် ......... ဟတ်ဟတ် ..... ပြောမယ်နော် ....... ဘာမှဟုတ်ဘူး ....
ဘလောက်ကိုထိုင်ကြည့်ပီ ကျွန်တော်ရဲ့ နောက်ကြောင်းတွေကို ပြန်စဉ်းစားနေမိတယ် ..... ဘယ်ကနေ ... ဘယ်လို Blogger တစ်ယောက်ဖြစ်လာတယ် ...... "ဖြစ်ပီလား ..သိသေးဘူး .... မေးကြည့်အုံးမယ်" .......
ချင်းမိုင်မှာရှိတဲ့ အချိန်ကပေါ့ဗျာ .... ချင်းမိုင်ကို ကျွန်တော် အရမ်းသဘောကျတယ် ... သူရဲ့ရာသီဥတု နဲ့
တည်နေပုံကအစ မြန်မာရဲ့ အရိပ်ငွေ့တွေရှိနေတယ် ... မြန်မာနိုင်ငံမှာနေရသလိုခံစားရတယ် ... မြို့အနှံပတ်ပီ
မြန်မာလက်ရာတွေရှာစားခဲ့ကြတာတွေ .... ကိုစောသန်းအေးရဲ့ ကွမ်းရာတစ်ရာရဖို့ .. ဆိုင်ကယ်မီနစ် ၃၀ လောက်မောင်:ခဲ့ရတာတွေ .... ညနက်သန်းကောင် သူငယ်ချင်းတွေအုပ်ဖွဲ့ ဘီယာဘာ ထိုင်ခဲ့တာတွေ ... "အဲဟုတ်ပေါင် ... ကောဖီဆိုင်ပါ" ....

နေ့ခင်းဆို နေမင်းကြီးနောက်ရောက်မှ ထ ဆန္ဒပြတဲ့ ဗိုက် ကိုပြည့်ရသေးတယ် .... သူများတွေ ကျောင်းပြန် အနားယူတဲ့ အချိန်မှ ကျောင်းကို ကုတ်ချောင်းချောင်းနဲ့လာ ... ခြံအ၀ကနေ ... ဆရာ၇ှိလား .. ဘာလုပ်နေလဲ ... ဆရာလစ်တာနဲ့ နောက်ဖေးကို ဖနှောင့်ပေါက်ပီပြေးဝင် ရတယ် ..... ဘယ်သူရှိမလဲ ထုံးစံအတိုင်း ရုံးတာဝန်ခံ အစ်မရယ် ... စာကြည့်တိုက်တာဝန်ယူတဲ့ အစ်မ နှစ်ယောက် စကားတစ်ပြောပြော နဲ့ ချက်ပြုတ်နေတာကို လေချိုသွေးပီ ... ဟိုလည့် ဒီလည့်နဲ့ ကွန်ပျူခန်းကိုဝင်ပီ ဂလီတော့တယ် .... "ဂလီတော့ ဂလီတယ် ဒါပေမဲ့ chatting ကိုဂလီတာ ... အထင်မကြီးနဲ့" ....

"အဲ ... အာပလာကြီးတော့ တစ်ယောက်ရှိတယ် .... မဟုတ်ဘူး ... မာစတာကြီးပါ .. သူက စိတ္တဇရောဂါရလို့ ဆေးရုံးပို့ရတော့မယ်" .... ကျွန်တော်တို့ chatting ရိုက်နေရင် သူက Google ကို ဂလီ့နေတတ်တာ .... သူဂလီ့ရတဲ့ အကြောင်းက ... type ကနှေး စာလုံးပေါင်းကမရ ဗိုလ်လို က မတတ်တော့ ... သူကဂလီ့
ကိုယ်ကနောက်ကရှင်း ... ကြာတော့ စိတ်မရှည်ချင် ... ကိုယ်တော်လည်း သိတယ်ထင်ပါရဲ့ ... chatting မလုပ်တော့ ....

"တွေ့ပီ တွေ့ပီ"လို့ သူအော်နေတယ် ကြည့်လိုက်တော့ ဟော အစွဲလမ်းကြီးတဲ့ မန္တလေးသား မောင်လှတဲ့ ... အဲ .. သူကလည်း ကြွားတယ်ဟ ... သူ့မန္တလေး အကြောင်းပေါ့ .... အမယ် ဘယ်လို လုပ်ရမယ် အကျဉ်ကလေးတွေ ရှင်းပြထားတယ် .... စိတ်ဝင်စားတယ် ..... "စိတ္တဇ မင်း စမ်းထား ရရင်ပြောနော် ... chatting ပြန်လုပ်မယ်" ....

"အင်" ဆိုပီ ထိုင်ဖတ်နေတယ် ... သူလုပ်နေပီ စိတ္တဇ ရုပ်လုံးပေါ်လာတော့" အဲ ဟုတ်သား အဆို:ဘူးကွာ" .... ဒါဘဲ ပြောတယ် ... အဲ ကိုယ့်ဆရာသမားကမနေဘူး ... သူလုပ်ထားတာကို ဘယ်လောက်များ ကြွားချင်လဲ မသိဘူး .... နောက်တစ်နေ့ ဘယ်သူ online တက်မလဲ စိတ္တဇနဲ့ တွေ့ဖို့သား ပြင်တော့ ကျောင်းမှာရှိသမျှ ကွန်ပျူတာ အားလုံး သူ့ file ဘဲ .... မာစတာကြီးလို့ခေါ်ရင် စပ်ဖီဖီနဲ့ ပိုအကျိုးဘူး ... ဆဲသမျှကိုလည်း ပန်းနဲ့ပေါက်သလားဘဲ ... အကြောင်းမထူး ...

အဲအတွေးတစ်ခုပေါ်လာတယ် ... "ဟေ့ ငါတို့ရေးတဲ့ ကဗျာတွေ စာတွေကို တင်လို့၇တယ် " .... ကိုယ်ခံစားချက်ပေါ့ .... ရေးထားတဲ့ ကဗျာတွေ အရိုးကျတော့မယ် ဖတ်မဲ့ သူရှိဘူး .... ပေးလဲဖတ်ရဲ့ဘူး ..."ရှက်လို့ "... အဲ လိုတွေးတဲ့အချိန်မှာဘဲ ... Blogger တွေရဲ့ကြာမှာ ငြင်:ပွားမှုတွေရှိလာတယ် ..... ရသစာပေတွေရေးတဲ့ ....Bloge ကို ဝေဖန်ကြတယ် ... ဒီမှာ ကျွန်တော် တစ်ခုပြောချင်တာ ... ကျွန်တော် ကို ဒီလို ဘလောက်တစ်ခုဖြစ်လာအောင် တွန်းပို့ပေးတာ ရသစာပေတွေပါ .... IT ဆိုတာဘာမှနားမလည် .... သူများတွေလို ဘွဲကြီးငယ်ကို နိုင်ငံတစ်ကာမှာ ယူတဲ့သူလဲမဟုတ် ... ဘာမှလည်းမတတ် ... ဒီလိုလူမျိုးက html ကိုဘယ်လို နားလည်မလဲ CSS code ဆိုလဲ မသိ .... ပိန်တယ်လေ အရမ်းပိန်တော့ ၀တဲ့သူတွေ ပြောပေါ့ ....

ဘလောက်ကိုလုပ်လိုသာ ပီသွားတယ် ဘာတင်ရမှန်မသိဘူး .... ချစ်သူကို သတိရတော့ အဲ သူကိုပြောချင်တဲ့ စကားလေးတွေဒီကပြောမယ် ... ကဗျာလေးတွေရေးမယ် ... ကိုယ်တော့ ဟုတ်နေတယ် ... အဲ ပြသာနာရှိတာ က ဟို မာစတာကြီး သူကဘာတင်ရမှန်းမသိတော့ ... သူတွေ့သမျှကိုလည်း သူများကို share လုပ်ပေးချင်တဲ့စိတ်ကများတော့ .... ဟိုက ဒီက ပိုစ်ကို ယူတင်တယ် ... အဲ တစ်ချီတော့ ... မျက်ရည်ကျလုတယ် ကိုတော်ချော သူများ page မှာတင်ထားတဲ့ softward တစ်ခုကို သူ့ page မှာတင်လိုက်တော့ ကလောဆဲခံရတယ် .... ကျွန်တော် သနားသွားတယ် ... သူ့ခများ စိတ်ဓါတ်လည်းကျသွားတယ် ... ကိုယ်က ဘာရယ်မဟုတ်ဘူး သူများကို ပြန်ပီ တဆက် ပြောပြချင်တာဘာ
ဒီလိုဖြစ်တော့ ... ဒီတစ်ချီတော့ သူခံလိုက်ရတယ် ပြောလိုက်ချင်တယ်ဗျာ ... Blogger များအားလုံးကို "မာနတွေမထားကြပါနဲ့ ... မိမိနိုင်ငံ မိမိလူမျိုးတွေအတွက် မိမိသိတဲ့ တတ်တဲ့ ပညာ တစ်ချို့တစ်ဝက်ကိုပေးလှူကောင်းပါတယ် "... ကျွန်တော်တို့တွေဟာ ဒီ လို Bloge ကို လုပ်ပီ သက်မွေးဝမ်းကြောင်းပြုခြင်းမဟုတ်ပါ .... မိမိဝါသနာ ... စိတ်ခံစားမှု .. ရင်ထဲက မကျေနပ်ချက်များကို လွတ်လပ်မှုရှိတယ် ထင်တဲ့ ဒီနေရာလေမှာ ရင်ဖွင့်ကြတာပါ ....

အမိမြန်မာမြေမှာရှိကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ chatting ဘဲ တစ်နေကုန် ပြောနေမဲ့အစား ရတဲ့အချိန်လေးမှာ အတတ်ပညာတွေကို ဦးစားပေဖေါ်ပြထားတဲ့ ဘလောက်တွေမှာ ၀င်လေ့လာဖို့ လဲ တိုက်တွန်းချင်တယ် ... ဘာလို့လဲဆိုတော့ ငွေကြေးတစ်ပြာတစ်ချပ်မရဘဲ အချိန်ကုန်ခံစဉ်းစား ဘာသာပြန်ဖေါ်ပြပေးတဲ့ သူတွေဟာ သူတို့တတ်တဲ့ ပညာတွေနဲ့ မိမိတို့နိုင်ငံနဲ့ လူမျိုးတွေကို ဘယ်သူတစ်ဦးကမှ တာဝန်ပေးခြင်းမဟုတ်ဘဲ ကိုယ့်တာဝန်ကိုသိကာ အလုပ်ကြွေးပြုတဲ့သဘောပါ စေတနာထက်သန်းလှတဲ့ သူတို့ရဲ့ နှလုံးသားတွေကို အသိမှတ်ပြု ရာရောက်ပါလိမ့်မယ.်................. ။ ။
Read full story

Thursday, June 7, 2007

လေလွင့်ခြင်း

0 comments



အချစ်ကို နားမလည်တဲ့
ငါ ................

အိပ်မပျော် ညတစ်ညရဲ့ မနက်မှာ
အလင်းအမှောင်တွေနဲ့
ကမ္ဘာကြီးကို မှီခိုနေထိုင်
ဘ၀အမောတွေနဲ့ ဖြတ်သန်း

အချစ်ဆိုတဲ့ ..................
စိတ်အာဟာရကို အားကိုးပီ
ဓနဂုဏ်တွေပြည့်တဲ့ အိန်ဂျယ်ရယ်

မဆီမဆိုင် လွမ်းမိလို့
မာဂျူရီ မီးရောင်အောက်မှာ
ငါ တစ်ယောက်တည်းထိုင်ရင်
စီကရက်တစ်လိပ်နဲ့
မင်းကြောင်းတွေ
အဖော်လုပ်ပြောနေမိတယ် ....... ။ ။
(မျိုးသော်)


(ခံစားမှုတစ်ခုကို ဓါတ်ပုံလေးတစ်ပုံနဲ့ စာလေးတစ်ကြောင်းက ပုံဖော်ပေးလိမ့်မယ်)
Read full story

Tuesday, June 5, 2007

သက်သေပြပါ

0 comments
  • အချစ် .......
လေလှိုင်းကို သက်သေပြု
ယုံကြည်မှုနှင့်
အချစ်ကို တည်ဆောက်ခဲ့ကြတယ်


  • အချစ် ...........
နားလည်မှုတွေနဲ့
အနာဂတ်အိပ်မက်ကို မက်ခဲကြတယ်

  • အချစ် .......
တည်ဆောက်ခဲ့တဲ့ အချစ်
အိပ်မက်တွေ မပျက်ရလေအောင်
ဒါမှမဟုတ်
မောင့်ကို တကယ့်အချစ်စစ်နဲ့
ချစ်ခဲ့တယ်ဆိုရင်
တစ်ကြိမ်တစ်ခါ ခွင့်လွှတ်မှုနှင့်
သက်သေပြပါလား ..... ကလေးရယ် .... ။ ။
(မျိုးသော်)



(ဒီကဗျာကို ဖတ်ပြီး ကလေး နားလည် နိုင်ပါစေလို့ မရေရာတဲ့ မျှော်လင့်ချက်တစ်ခု ထားမိတယ် ကလေးရာ)
Read full story

အဖေ ရဲ့သားမိုက်

0 comments
ချစ်သူက လမ်းခွဲစကားပြောတော့ ရင်ထဲဟင်လင်ပြင်မှာ ဘာမှမရှိ ပလာနတ္တိ ဖြစ်ပြီး ကမ္ဘာမြေရဲ့ တစ်ဘက်ကို ရောက်သွားခြဲ့ပီး .... ဘာဖြစ်လို့လဲ ... ဘာကြောင့်လဲ ဆိုပြီ ကျွန်တော် မမေးချင်တော့ပါ.... စောတက တတ်ပီ မေးလို့လဲ သူဖြေမှာ မဟုတ်ဘူး .... ဒီတော့ တစ်ယောက်တည်းလွမ်းနေရမှတပါး အခြားမရှိတော့ ... အခုလို အချိန်မျိုးမှာ ကြောက်ရွံတဲ့စိတ် သိမ်ငယ်အားငယ်စိတ်တွေ က သွေးသားထဲအပြည့်စီးဝင်လာတော့တယ် ....... ဘယ်သူကယ်နိုင်မှာလဲ ကျွန်တော်ဘ၀မှာ ဖြစ်ပေါ်နေတဲ့ ဒီလိုခံစားမှုတွေကို ကော ဘယ်သူတစ်ယောက်က နားလည်နိုင်မှာလဲ နားလည်ပေးပါလို့လဲ မတောင်းဆိုချင်တော့ပါ .... ..

၁၉၉၂ ကာလ ကလေး သာ သာ ရှိသေးတဲ့ ကျွန်တော်တို့ရဲ့ မိသားစုကမ္ဘာလေးထဲ ကြမ္မာမုန်တိုင်းစိးဝင်လာတော့ အဖေ ဖေ ဖေ ဆိုပြီး ခေါ်နေတဲ့အသံ ကျွန်တော်ကြောက်တယ် ကြောက်တယ်လို့အော်ပီ အဖေရင်ခွင်ထဲ တိုးဝင်တော့ အဖေက မကြောက်နဲ့သား အဖေရှိတယ် သားအရှေ့မှာ အဖေရှိတယ် .. ဒီတော့ အဖေမျက်နှာကို ပြန်ကြည့်မိတယ် .. . ဟုတ်တယ် ကျွန်တော်မှာ အဖေရှိတာဘဲ အဖေရဲ့နွေထွေတဲ့ရင်ခွင် ကြင်နားမှုအပြည်ပါတဲ့ မျက်ဝန်းတွေက ကျွန်တော်ကို သနားစွာ ကြည့်နေတတ်တယ် ....

လွမ်းတယ်အဖေရယ် .. ကျွန်တော်ရင်မှာ အရမ်းမွန်းကျပ်နေတယ် ... အဖေကိုပြောပြချင်တဲ့အကြောင်းတွေ ပြည့်လျှံနေပြီ ... ဘ၀အကြောင်း အချစ်အကြောင်း သားကောင်းကောင်းနားလည်ပါပီ .. လက်က တစ်ခါမှ ပြုပြင်မှုမရှိ တန်ဖိုထားရမှန်းမသိတဲ့ မီးခိုးရောင်မိုဘိုင်ဖုန်းလေးကို ကိုင်ပီ တစ်ခါကမှ ခေါ်ဖို့ စိတ်မကူးမိတဲ့
နံပါတ်တစ်ခုကို နှိပ့်လိုက်မိတယ် .... တီ .. တီ ... တီ .. ဟဲလို ဆိုပြီး နားနှင့်မစိမ်းတဲ့ အသံတစ်ခုက ပေါ်လာတယ် ... သိလိုက်တယ် ကျွန်တော် အဒေါ်ဆိုတာ ... အဒေါ် ကျွန်တော် မျိုးသော် ပါ အဖေကို သတိရလို့ အဖေရှိလာဟင် အဖေ့ကိုခေါ်ပေးပါနော် .... ဆိုပြီ အသံက ထွက်မလာတော့ ... ဘယ်သူလဲ ဘယ်သူက သတိရတာလဲ ဆိုပြီး အသံက အံသြမှုတစ်ဝက် ၀မ်းသာမှုတစ်ဝက်နဲ့ ပြန်မေးလာတော့ ... ကြိုးစားပီ နောက်တစ်ချိန် ပြော၇တယ် ... ကျွန်တော်ပါ .. ကျွန်တော် သတိရတာပါ ... အဖေကိုခေါ်ပေးပါနော် ဆိုတဲ့ စကားကိုသာ ပြောနိုင်သည် ... တခြာမပြောနိုင်တော့ ရင်ထဲမှာလဲ အရမ်းမွန်းကျပ်နေတယ် .... ဒီအချိန်မှာ ကျွန်တော်ကြားချင်ဆုးံ အသံက အဖေ့ အသံ ... ယုံကြည်မှုနဲ့ အေးဆေးတည်ငြိမ်တဲ့အဖေအသံကိုသာ မျှော်လင့်ဆုံးပါ ....အဲ နင် မျိုးသော်ဟုတ်တယ်နော် ... နင်က နင်အဖေကို သတိရတယ်ဆိုတာ နင်အဖေကြား၇င် အရမ်းဝမ်းသာမှာ ... အေ အေ ငါ့ခေါ်ပေးမယ်ဆိုပီ အားပါးတရပြောနေတဲ့ အဒေါ်အသံကို စိတ်မရှည်းချင်တော့ ....
အဖေရယ် .... သားမခံစားနိုင်တော့ဘူးအဖေရာ ... ရင်တွေခွဲထွက်တော့မယ် ... သားဆိုပီ တုန်ချီးနေတဲ့ အသံနှင့် နေကောင်းလာ အဆင်ပြေရဲ့လာ မေးနေတဲ့အသံ က ကျွန်တော်ကို စိတ်တစ်ဝက် သက်သာစေခဲ့တယ်မဟုတ်လား ... အဖေရယ် ... သားအဖေကိုဘယ်လို တုန့်ပြန်ရမလဲ .. အဖေကိုနှစ်ရှည်လများ သား အသံမပေး စာမရေး နေခဲ့တဲ့အချိန်တွေ ကို ပြန်နှာမျှော်မိတယ် .. အဖေရယ် ...

အဖေဆီပြန်လာတော့နော်သား ... သားအတွက် အဖေစိစဉ်ထားတယ် ... အဖေတို့ သားအဖ တူတူ စည်းစည်းလုံးလုံး ပြန်နေကြ၇အောင်နော် .... သား ညီမတွေ ညီတွေကိုလဲ ဂရုစိုက်နော် သူတို့ကိုလည်း ပြောလိုက်နော် ပြန်လာကြပါတော့လို့ .... သားသမီးတွေကို တစ်စည်းတစ်လုံးတည်း ရှိစေချင်တဲ့အဖေ ... သားသမီးတွေ ဘယ်လောက်ဆိုးဆိုး အပြစ်မဆိုတဲ့ အဖေ ... အဖေရယ် ........




( ရင်ထဲအမှန်ခံစားနေရလို့ ရေးထားခြင်းပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလို စိတ်မရှိပါ အချစ်ကို ကောင်းကောင်းနားလည်တတ်ပါပြီ ချစ်လဲချစ်နေမြဲပါ သူလေးဒီစာကိုဖတ်ပြီး နားလည်နိုင်ပါစေလို့ မရဲတရဲ မျှော်မှန်တမ်းတမိတယ် ....)
Read full story

Sunday, June 3, 2007

လမ်းပျောက်တဲ့ ငါ

0 comments
မှောင်မဲလွန်းတဲ့
အခန်းကျဉ်လေးထဲ
အိပ်မရဘဲ
ချစ်သူကိုလွမ်းနေဆဲပါ

အနားမှာ သူမရှိ
ခြင်တွေနဲ့ မိတ်ဖွဲ့
ပိုဟန့်နဲ့ ရန်ဖြစ်

နှလုံးသားကိုကာကွယ်
အလွမ်းသီချင်းတွေဆို
မျက်ရည်းဝဲးလည်လည်
စမ်းတ၀ါးဝါး
လမ်းပျောက်တာ
ငါပါ ချစ်သူရာ ...... ။ ။
(မျိုးသော်)
Read full story

Saturday, June 2, 2007

ဖြူစင်မှုနဲ့

0 comments
ဒီရေလို
အတက်အကျမြန်တဲ့
ရင်ခုန်မှုတွေကို
ရေလယ်မှာ
မျေားလွင့်ဗေဒါ
အဖိုးမတန်ပါလဲ
အလှတရားက မိုးထိ
ဖြူစင်မှုက
အရောင်မပါ
တမ်းတမ်းတတ
ချစ်တာပါ .....။ ။
(မျိုးသော်)
Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....