
ဒီနေ့ ဘလော့ကိုဖွင့်လိုက်တော့ .... အစ်မ s0wha1က ချစ်သူရဲ့ အဖေအကြောင်းကိုရေးပါအုံးဆိုတော့ .... ရေးရမှာပေါ့ .... သူများရေးတာကိုဖတ်ပီ ..... နေလို့မရ ... ကိုယ်လည်းရေးရဖို့ပြင်ရမယ် ... ဘယ်ကစရေးရမလဲ .... အဆင်သင့်ရှိပီသာ ပေမဲ့ ... ရေးမယ်ဆိုရင် ... အစရှာလို့မရ ..... အဖေဆို လူတိုင်းမှာ ရှိတယ် မဟုတ်လား ... အဖေမရှိတဲ့ သူကော့ ရှိဖူးလား .... သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အလိုက် သားသမီးတွေအပေါ်မှာ ထားတဲ့ သူတို့ရဲ့ ချစ်ခင်မှု့တွေက ... တစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူလိမ့်မယ် ... စဉ်းစားနေတယ် ဘယ်ကအစရေးမလဲလို့ ... အချိန်ကလည်းဆင်းရဲ လိုက်ပါဘီ ... ဒီတော့ ကိုယ်ရဲ့ အိပ်ချိန်ကို ... တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက် .... အဖေအကြောင်းကို ပြောပြရမှာပေါ့ .... ကြားထဲ အရေးက ၀င်လာသေးတယ် ...ဘာလဲဆိုတော့ ... ကိုယ်က ရုံးမှာနေတဲ့ သူဆိုတော့ ရုံး ကွန်ပျူ တာကိုဘဲ ဆွဲသုံးသုံးနေရတယ်မဟုတ်လား .... ရုံးပိုင်ဆိုတော့ လက်ကများတာပေါ့ ... ဟိုလူက တစ်ခု ဒီလူကတစ်ခုနဲ့ .............. ကိုယ်လိုတဲ့ programကို dowloadလုပ်ကြတော့ ... စက်က ဘယ်ခံနိုင်ပါ့မလဲ .... တော်တော်လေးနိုးယူရတယ် .... စိတ်ကမရှည်းချင်တော့ ... ရှိသမျှ feil တွေကို delete လုပ်လိုက်တာ ... အလုပ်ကောင်းတော့ .... အားလုံးပါသွာတာပေါ့ .... ပိုစ်ရေးတော့မယ်ဆိုမှ ...့ မြန်မာစာ ရိုက်လို့မရပြန် .... အဲ အခုတော့ ရသွားပီ ... ပြောပြမယ်နော် ...နည်းနည်းနောက်ကျသွားရင် ... စိတ်ဆိုးရဘူး.....
မြိတ်မြို့ကိုပြောင်းလာတာ ... ဆယ်စုနှစ်ကျော်ပီဖြစ်ပေမဲ့ မွန်သွေးဖြစ်တဲ့ အဖေကတော့ အခုချိန်အထိ မွန်သံ ၀ဲ သဲသဲ ပြောဆဲ .... ဒီတော့ ရပ်ကွက်ကဆရာသမားတွေက ... အဖေ့ကိုအမည်မခေါ်တော့ ... ဦးမွန်ကြီး ဆိုပီ တစ်လေးတစ်စား ခေါ်တတ်ကြတယ် .... အဖေက မွန်ကြီးဆိုတော့ ... သားကလဲ အလိုလိုနေရင်မွန်လေး ဖြစ်ရတာပေါ့ ဒါပေမဲ့ ဘိတ်မှာ မွန်လေးလို့ မခေါ်ပေါင်း .... သူတို့ခေါ်တာ မွန်သားငယ်တဲ့ .... ငယ်တာမငယ်တာတော့ မသိဘူး ................... အဖေဟာ သားသမီးတွေကို အရမ်းချစ်တတ်သူဖြစ်သည် ... အဖေဟာ သားသမီးတွေအတွက်ဆို ပင်လယ် ဘယ်လောက်ကျယ်ကျယ် ...............မုန်တိုင်းဘယ်လိုပင် ထန်ထန် နေမင်းက ဘယ်လိုပင်နှိပ်စက်လည်း မမူ ॥
အဖေဟာ သားကြီးဖြစ်တဲ့ ကျွန်တော်ကို အထင်ကြီးသည် ဘယ်သွားသွား ဘယ်လာလာ အမြဲခေါ်လေ့ရှိသည် ... သူ့ရဲ့ စီးပွားရေလုပ်ဖော်ကိုင်ဘက်များနှင့်လည်း အမြဲတစ်စေ အသိကျွမ်းဖြစ်စေသည် ... သိုသော် .......... ကျွန်တော် က အဖေထင်သလိုမဟုတ် ............. ကိုယ်လုပ်ချင်တာလုပ်တတ်သူ ...ပေပေတေတေ နေရတာကို သဘောကျသည် ..............ဒီတော့ အဖေက ဘာမျှမပြော ..............ကျွန်တော် ဘယ်သွားဘယ်လာ တာကိုအကုန်သိတဲ့သူ ........အရုပ်စွဆုံး ...............လမ်းမှာ ဘယ်ကောင်းမလေးကို ဘာတွေပြောလိုက်တယ် ဆိုတာအစ ကျွန်တော်ပင် အိမ်မရောက်သေး ... သတင်းက အိမ်ကို အရင် ရောက်နှင့်ပီ .... အဖေက ဘာမှမပြော ပေမဲ့ အဖွားက ပူညံပူညံ လုပ်တတ်သည် ॥ အဖေဟာ သားသမီးတွေကိုဆုံးမရာတွင် လိမ္မာ ပါးနပ်သူဖြစ်သည့်အလျှောက် သားသမီးများကို ဘယ်တော့ မှ စကား ကြမ်းကြမ်းပြောသူမဟုတ်ချေ...........................
အဖေသည် တစ်ခါတစ်ရံပြောတတ်သည် ... "သား မင်း အဖေနေရာကို ရောက်လာရင် အဖေ့လိုတာဝန်တွေ ထမ်းဆောင်ရလိမ့်မယ် ... ဒီတော့ မိမိကိုယ်ကိုယ် အဆင်သင့် ဖြစ်အောင် လုပ်ထားပေါ့ကွာ" ................. ဆိုပီပြောတတ်တယ် အဖေဟာ သားသမီးများကို သူများနှင့်တန်းတူထားနိုင်အောင် အလုပ်ကို ကြိုးစားလုပ်တတ်သူ ... ဘယ်လောက်ပင် ပင်ပန်းပါစေ မညှိးငြူတတ် ............. သားသမီးတွေကို အမြဲတမ်း ပျော်စေချင်သူ မျက်နှာလေး မကောင်းတာနဲ့ မေး၍ ရအောင် လုပ်ပေးတတ်သည် ... ကျွန်တော် ငယ်ငယ်ကဆိုရင် သူများတွေလို ဖိုးလမင်းနှင့်ကြယ်တွေကို ကြည့်ပီ လက်ဖြန့်တောင်းခဲဖူးသည်နောက်........... ... တစ်နေ့ အဖေကို ပူဆာလေသည် "အဖေ သားလေ ဟိုကြယ်တွေကို ကိုင်ကြည့်ဖူးချင်တယ် ဆိုပီ ကောင်းကင်ကို လက်ညှိထိုးပြတော့ အဖေက ရီသည် အဖေရီတော့ ကလေးပီ ပီ ငိုလေတော့ ... အဖေဘာမှ ပြန်မပြော .... တအောင့်လောက်ကြာတော့ အဖေ အပြင်ကိုထွက်သွားတော့ ကျွန်တော်လည်း ဒီပြင် ကစားစရာများနှင့် အလုပ်ရှုပ်နေခိုက် အဖေပြန်ရောက်လာတယ်........... လက်ထဲမှာ ကျွန်တော် ကိုင်ကြည့်ချင်သည့်ဆိုသည့် ကြယ်ပွင်ကလေးတွေကိုတွေ့ရသည် ...၀မ်းသာအားရနှင့် အဖေဆီပြေပီ ယူကြည့်တော့ ... ဟုတ်ပါသည် ကြယ်ပွင့်ကလေးတွေ ... အနံတော့နည်းနည်းရှိတယ် ... ဘယ်ကနေ အဖေ ယူလာမှန်းမသိတဲ့ ပင်လယ်ရေအောက်က ကြယ်ပွင့်ကလေးတွေပါ ... အဖေဟာ ထိုကဲသို့မျှ သားသမီးတွေအပေါ်အလိုက်သိတတ်သူဖြစ်သည့် အလျှောက် ....
သားသမီတွေက အဖေအပေါ် အခုချိန်ထိ အဖေ ဖြစ်စေချင်သော ပုံစံ ... အဖေလုပ်စေချင်သော အရာတွေကို တစ်ခုမျှပင် မလုပ်ပေးနိုင်သေး .... ဒါပေမဲ့လည်း အဖေက ပြုံးလျှက်ပါဘဲ ... စိတ်မဆိုးပါ ... ဘ၀ရဲ့ အသိပညာတွေကို သင်ယူစေသည် ... သွားချင်သည့် ဆိုသည့်နေရာကိုမတား ... သွားစေသည် ... စိတ်ချလက်ချ လွတ်တာမျိုးတော့ မဟုတ် ... ..............အဖေဟာ မယုံကြည်နိုင်လောက်အောင် ... မြင်နိုင်စွမ်းရှိသူဖြစ်တယ် ... လွန်ခဲတဲ့ ၆နှစ်ခန့်က ကျွန်တော် မလေးရှာကို အဖေဆီမှ ခွင့်မတောင်း အကြောင်းမကြာဘဲ ထွက်သွားခဲ့ လေတော့ ...အဖေဟာ ကျွန်တော် သွားသည့် လမ်းကြောင်းတစ်လျှောက် ဘယ်နေရာဘာလုပ်သည် ဘာကိုင်သည်ကို အကုန်သိသည် ... တစ်ချို့နေရာများဆို ကျွန်တော်ပင်မခေါ်တတ် အဖေကခေါ်ပြလေသည် ... မေးကြည့် တော့ အဖေဟာ ကျွန်တော်သွားခဲ့သော နေရာများတွင် လမ်းဘေးမှာအိပ်ရတဲ့ ဘ၀နဲ့ ဘ၀ အသိတွေကိုရှာခဲသူမဟုတ်လားတဲ့ .............. မလေးရှာမှာ နေမပျော်၍ အိမ် ပြန်သွားတော့ လည်း အဖေဟာ အရင်လိုဘဲ နွေးထွေးသည့်အပြုံးနှင့်ပင် ဆီးကြိုရှာသည် ...
အခုတစ်ဖန် ထိုင်းကိုလာခဲ့ သည်မှာလည်း လေးနှစ်အတွင်းဝင်ခဲ့ပီ သိုသော် အဖေဆီကို ဖုန်းခေါ်တာ လေးခေါက်ပင် မပြည့်သေး .... အဖေက သားရဲ့ သတင်းကို အမြဲစောင့်ကြည့်သူ သားတွေက သားတာဝန်မကျေ ပေမဲ့ အဖေဟာ မိဘတာဝန်ကို အမေ့နေရာ အဖေ့နေရာကို တစ်ဦးတည် ထမ်းဆောင်လာခဲ့ သူပါ ... ချစ်သူနဲ့ အဆင်မပြေလို့ အသဲကွဲတဲ့ အဖေသားကို အဖေက အမေတစ်ယောက်ကဲ့သို အားပေးသည် ပျော်တဲ့ အချိန်မှာ အဖေကိုသတိမရပေမဲ့ ဒုက္ခရောက်တဲ့ အချိန် အားငယ်တဲ့ အချိန်တွေမှာ အဖေကို ပင် ပြေ ပြေ သတိရမိတော့ အဖေရဲ့ အပြုံး ............တည်ငြိမ်တဲ့ စကားသံတွေက ကျွန်တော်ကို လုံခြုံစေခဲ့ တာ အမှန်ပါ .... မိုးခြိမ်းရင် နေစရာနေရာ မရှိအောင် ငယ်ငယ်က ကြောက်တတ်တဲ့ ကျွန်တော် ကို မိုးရာသီများတွင် အဖေဟာ ဘေးမှမခွာ ... မိုးခြိမ်းလျှင်လည်း ကျွန်တော်ကို သူ့ရဲ့ ရင်ခွင်ပြင် အကျယ်ကြီးထဲကို ပွေးသွင်းကာ ... လာမည့်ဘေး အရှေ့မှ ကာကွယ်ပေးမည့် အားဇာနည်းတစ်ဦးပမာ ... မျက်ဝန်းများကလည်း ကြင်နာမှု တွေအပြည့် ...
လသာသည့် ညအချိန်တွေဆို အဖေဟာ ကျွန်တော်နှင့် တူလမ်းလျှောက်ကာ လရောင် ရဲ့အရိပ်ကိုခိုလှုံရင် အဖေနှင့် စကားပြော သည့် ညများကို ပြန်အောက်မေ့မိတယ် .... ပွဲလမ်းသဘင်များသွားလျှင် အဖေဟာ ကျွန်တော် ကို ပခုံးပေါ်မှမချ ... အဖေပြောသည့်စကားရှိသည် ................ အဖေဟာ သားတွေအဝေးကိုမြင်ရဖို့အတွက် အောက်ကနေ ထမ်းပိုပေးရတယ် ...

ထိုကဲသို့ သားတွေ အပေါ်မှာ ကောင်းလွန်းသည့်အဖေ တစ်ဦးလုံးရှိသာနှင် ကျွန်တော် ဘာကြောင့်များ ဟာ ဘာကြောင့်များ အဖေရဲ့ လိုဆန္ဒတစ်ခု တစ်လေကိုမှ မဖြည့်ပေးနိုင်ခဲ့တာလဲ ...
0 comments:
Post a Comment