Thursday, November 8, 2007

Governor accused of race bias

0 comments
ထိုင်းနိုင်ငံ မဟာချိုင် မြို့  စမူစာခွန်ခရိုင်တွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီနေထိုင်မှု့ကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် အာဏာပိုင်များအကြာ ပြသနာများဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လေ့ရှိသည် အလုပ်ရှင်များရဲ့ မတရားခိုင်စေမှု့အပြင် တစ်ချိုးထိုင်းလူမျိုးများရဲ့ လုယက်တိုက်ယူမှု့ကိုလည်း ခံနေခဲ့ရသည် ။ သွားလာနေထိုင် စားသောက်လုံခြုံမှု့တစ်ချက်မျှမရှိ ရုန်းကန်နေကြရသည့်ဘ၀မှာ ရင်မောဖို့ရာကောင်းလှသည်။ ထိုကဲသို့သော ဘ၀များဟာ မြန်မာနိုင်ငံမှာထက်စာရင် ပိုကောင်းသေးတယ်ဟူ၍ပင် ပြောသောသူများက ရှိသေး အကြောင်းမှာ ဖိနိပ်မှု့ အမျိုးမျိုး အဖုံဖုံကို မြန်မာနိုင်ငံသားများ မွေးကတည်းကခံစားလာကြတယ်မဟုတ်လား ဒီတော့ အသားသေနေပြီးဖြစ်တဲ့ ဖိနှိပ့်ခံဘ၀တွေဟာ ဒီမျှလောက်နဲ့မပြောပလောက်တော့ချေ ။ ထိုကဲ့သိုသော ဘ၀များမှရသည် ချွေးနည်းစာငွေကြေများကိုပင် အမိ့ဘာသာ သာသနာနှင့် လူသားကာကွယ်စောင့်ရှောက်ရေး အဖွဲ့သည်းများကိုတည်ထောင်နိုင်ခဲ့သည်မှာ သာမန်လူများလုပ်နိုင် မည်မဟုတ် ထိုသို့ ကျွန်တော်တို့မြန်မာနိုင်ငံသားများအခုလို စည်းစည်းလုံးလုံး ဖြစ်လာမှာကိုမလိုလား လေလော ဒါမှမဟုတ်အမြင်ကျဉ်းလေလောတော့မသိ မြန်မာနိုင်ငံသားများ စည်းစည်းလုံးလုံးနဲ့ ဆင်နွဲသောပွဲတော်များကို ခွင့်ပြုမှာမဟုတ်ကြောင်းဆိုပီ စမူစာခွန် ခရိုင်ဝန်ကြီးက အမိန်ထုတ်ပြန်လိုက်ခြင်းအပေါ် LPN (Labour Rights Promotion Network ) မြန်မာအလုပ်သမားလူနေမှု့အဆင့်မြှင့်တင်ရေးအဖွဲ့က ခုလိုတုန့်ပြန်လိုက်တယ် .......

Governor accused of race bias

Leading labour rights groups yesterday came down on the government for its policy of strictly controlling foreign workers after the Samut Sakhon governor sent a letter to all em-ployers in his province directing them to forbid migrants from holding cultural events.

Published on November 7, 2007

“The letter demonstrated the governor’s lack of cultural sensitivity, which when dealing with people from foreign countries,” said Sompong Sakaew, director of the Labour Rights Promotion Network.

Governor Verrayuth Yea-mampar- in his circular of October 26 to the Employment Office, employers and factory owners – said they should strictly manage and monitor their worker from Burma, Laos and Cambodia and not allow them to organize cultural ceremonies at any event at all.

“These activities should not be supported because it will make the community feel that these people are the owners of the community, and that could create security problems. It is against the government’s purpose for them to be just temporary workers,” he said.

Sompoang criticized the governor for his “racial prejudice”.

“There’s nothing wrong with foreign workers, just the government’s policy trying to control them. We’re pressing down on them by not allowing them to demonstrate their identity out of fear that they might dilute our culture. What’s diluting and what’s to be diluted?” he said.

Sompong wants the government to reconsider the policy. He said the government should thin positively, in that allowing migrant worker to celebrate their culture would strengthen Thai culture due to the similarity and relationship of their traditions and beliefs in the region.

“There are many Thai Mon residents who observe their Mon culture in Thailand. What’s the difference between cultural ceremonies put on by Thai Mon residents and those who are workers?” he asked.

Veerayuth was not immediately available for comment.

Manoon Punyakriyakorn, director – general of the Employment Department, distanced himself from the controversy, saying it was the mandate of the governor to regulate alien workers in his province.

Pennapa Hongthong

The Nation



ဒါကတော့ မခွန်မြလှိုင်ရဲ့အမြင်ပါ .....

Unacceptable from all point of views such as labour right, racial right and human right

The letter from governor of Smaut Sarkhon (Mahachai) is unacceptable from all point of views such as labour right, racial right and human right. It is also unfair for the people from every single point of view. Governor should have wide vision for the long term. His order make relationship between Thai and other ethinic groups from south east asia region split seriously Moreover, his order destroyed

united nation's Charter about



ဘလော့မိတ်ဆွေများကိုလည်းမိမိတို့ရဲ့ လူ့အခွင့်ရေးအမြင်ပေါ် ရေးသားပေပို့နိုင်ပါတယ် ဖြစ်နိုင်က အင်္ဂလိပ်လိုရေးပို့နိုင်ရင်အကောင်းဆုံး ဖြစ်ပါတယ် ရေးပို့သူရဲ့ မူရင်ကိုအလေးထားစွာတင်ပြတားချင်လို့ပါ ။
Read full story

Saturday, November 3, 2007

စိတ်မကောင်း ဖြစ်မိခြင်း

0 comments
ဘလော့နဲ့ အလှမ်းဝေးနေတဲ့ ကျွန်တော် အခုမှဘလော့ကို update လုပ်ရတော့သည် အခြာသူများရဲ့ ဘလော့ကိုဖတ်ဖို့ပင် အချိန်မနည်းလုယူနေရသည်ကြားမှ ကျွန်တော် ဘလော့နာမည်ဖြစ် http://www.nhinpwintphyulay.blogspot.com/ cbox တွင် မဟုတ်က ဟုတ်ကတွေနဲ့ လျောက်ပြောနေသော ဘလော့မိတ်ဆွေကို စိတ်မကောင်းဖြစ်မိသည် မိမိကိုယ်ကိုယ်တန်းဖိုးထာသောသူတစ်ယောက်ဖြစ်က မိတ်ဆွေ သင် ဒီစကားကိုပြောမည်မဟုတ် သင်သည် ဘယ်လိုလူမျိုးလဲ ဘယ်အတန်းစာကလည်းကျွန်တော်မပြောချင် မိမိကိုယ်ကိုယ် သိဖို့သာလိုသည် ပုဂ္ဂိုလ်ရေးစော်ကာရေးဖွဲ့မှု့ကို မည်သည့် လူ့အဖွဲ့စည်းကမှလက်ခံမည်မဟုတ် ..... အမည်တပ်၍တော့ မပြောလိုတော့ ရေးဖွဲ့ သူသည်သာ သိလိမ့်မည် .... ကိုရန်အောင်ပြော သလိုပင် ကျွန်တော်တို့ ဘလော့နယ်ပယ်တွေမှာ ဒီလို အဖျက်သမားရောက်လာကြပါပြီး ဘလော့မိတ်ဆွေများ သတိထားကြစေချင်တယ် .... မတော်တရော် စကားလုံးများတွေ့က ပြောသူသည် ကာယကံရှင် ဟုတ်မဟုတ် စုံးစမ်းပီမှ ယုံကြည်စေချင်တယ် ...
Read full story

Tuesday, October 23, 2007

တောင်းပန်ခြင်း

0 comments
ခရီးတွေဘဲ သွားနေရလို့ blog ကိုတောင်လှည့်မကြည့်အားတာ သူငယ်ချင်းတွေအားလုံးကို တောင်းပန်ပါတယ် ချစ်သူ တစ်ယောက် မြန်မာမှာခြေချမလားလို့ ပြန်သွားတာ အခုတော့ လာရာလမ်းကို ပြန်လှည့်ခဲ့ရတယ် ... အမိမြေက သူငယ်ချင်းတွေရဲ့ သွေးတွေ သံဃာတွေရဲ့ သွေးတွေ တွေကိုမကြည့်ရက် သူတို့တွေရဲ့ အာဏာစက်ကွင်းကြားမှာ ရုန်းကန်နေရတဲ့ သူတွေ သူတွေ ဒါတွေကို ချစ်သူဘယ်လို ကူညီရမလဲ မသိအောင်ဖြစ်ရတယ် ... အခုတော့ ချစ်သူဆုံးဖြတ်လိုက်နိုင်ပြီးလို့ပြောရမယ် သူတို့တွေရဲ့ သွေးကို ဘာနဲ့ သုတ်ပေးရမလဲဆိုတာဘဲ ....
Read full story

Tuesday, August 28, 2007

ဒီလိုပါကွာ

1 comments
ထိုင်းကနေ အမိမြေ မြန်မာနိုင်ငံကိုပြန်လာတော့ ဟိုနေရာဝင် ဒီနေရာထွက်နဲ့ လွယ်လွယ်ပင် ကိုယ့်အိမ်ကိုမရောက်နိုင် (မြန်မာနိုင်ငံတွင် သွားခဲတဲ့ ခရီးကြောင့်ရလာသည့် စိတ်ညစ်စရာ စိတ်ပျက်ရာတွေကြားက ပျော်စရာတွေကို နောက်မှပင် ရေးတော့မည် အခုတော့ ဒီလိုပါကွာ) ရောက်ပြန်တော့လည်း အလုပ်တွေက ဘယ်အချိန်ကတည်းက စောင့်နေတာမသိတော့ လုပ်လိုက်ရတာ အမော မိဘအလုပ်ဆိုတော့ ဒီလိုဘဲလေ ကိုယ့်ချစ်သူဆီက မေးလ်ကိုတောင် မှန်မှန်မစစ်အား အချိန်များ နည်းနည်းလေးရတယ်ဆိုရင်ဘဲ ဖုန်းလေးအပြေးကလေးဆက် နဲ့ အလုပ်ကိုရှုပ်နေတာဘဲကွာ ဒီတော့ မေးလ်တောင်မှန်မှန်မစစ်အားတဲ့ ဘ၀မှာ ဘလော့ကို လက်လှမ်းနိုင်ဖို့ဆိုတာဝေးရော ဒီလိုနဲ့ ဘလော့မရေးတော့ဘူးလေ လို့ တွေးနေသည့်အချိန်မှာပင် တွေ့လိုက်ရသည့် သူတို့အားနည်းချက် အကူညီတောင်းသူကလည်းရှိနေတော့ တတ်သည် ပညာ မနေသာ ဆိုသလို ဘလော့ ဘက်ကို ပြန်ရောက်လာတယ်ဆိုပါတော့ ဗျာ ... လက်တွဲ သူမဲ့လို့ ပညာငတ်နေတဲ့ မြိတ်သူ မြိတ်သားများကို ကျွန်တော် ဘက်က တတ်နိုင်သလောက် လက်တွဲပီ သင်ပေးသွားသလို online သူငယ်ချင်းများအနေနဲ့ လည်း တတ်နိုင်သည့်ဘက်မှ ၀င်ရောက် ကူညီပေးစေချင်တယ် .... အဲ ကျွန်တော်ကနေ သင်ပေးမယ်ဆိုတာတော့ ဟုတ်နေပေမဲ့ နောက် ပြသနာတစ်ခုက အသုံးစရိတ် ဘလောဆိုတာ အခုလုပ် အခုချက်ချင်း ရတာမျိုးမဟုတ် ဒီတော့ အချိန် ဒီအချိန်တွေ ကြားမှာ ကုန်ကျစရိတ်က တစ်ခုတည်းသော PAC myeik ကဘဲ ရိုက်တာလားတော့ မသိ တစ်နာရီ ၁၀၀၀ ကျပ်တဲ့ ကျွန်တော်တို့လို မိဘဆီက လက်ဖျန့်တောင်းတဲ့ သူတွေအဖို့ အခက်တွေ့ပြန်ရော အင်နော ခက်တယ် ခက်တယ် ... ဘယ်လိုလုပ်ရမလဲနော် ...
Read full story

Tuesday, July 17, 2007

အလွမ်းနဲ့ အိမ်ပြန်

21 comments
ပျော်ရွှင်မှု လွမ်းဆွေးမှုတွေနှင့် မွန်းကျပ်နေသည့် လူသားတစ်ယောက်မဟုတ်လော .............
ပေတေတေ လေလွင့်လို့ကောင်းဆဲပါ.... အသက်အရွယ် ... အချိန်တွေကို ....... လက်ခေါက်ချိုး နောက်ပြန်သိမ်းခဲ့တာ ကြာမြင်နေပီ .......

တစ်ခါတစ်ခါ မိမိ ကိုယ်ကိုယ် ပြန်စမ်းစစ်မိတယ် ... ငါသည် ငါ့မိသားစုအတွက် ... ငါသည် ငါ့အနာဂတ်အတွက် ........... ငါသည် ငါ့လူမျိုးအတွက် ............. ငါသည် ငါ့နိုင်ငံအတွက် ဘာများ လုပ်ပေးနိုင်ခဲ့ ပီလဲ ?????? စသည့်မေးခွန်တွေနဲ့ အကြိမ်ကြိမ် မေးမိသည် ။

ရှုံးနိမ့်မှုတွေနှင့် ...... ဘ၀ကိုစတင်ခဲ့သူမို့ ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ပါ ..... မောဒန် ကဗျာ ၊ စာတွေလိုဘဲ .. နောက်ဆုံးအကြွင်းကို သုည အဖြင့်ထားမှာလား? ကံမကောင်းလို့ လွဲချော်ခဲ့တာဘဲ ဆိုပီ .. ဒီအတိုင်းကော နေသွားမှာလား ... ?

မဟုတ်ဘူး .... မဟုတ်ဘူး .... မဖြစ်သင့်ဘူး .... မျက်စိကိုစုံမှိတ် နုတ်ကိုပိတ်ပီ တစ်ကိုယ်တည်းကြိတ် အော်နေမိသည် ... ငါဟာ လူငယ်တစ်ယောက်ပါ ... ငါ့မှာ အားအင်တွေရှိတယ် .. ငါလုပ်နိုင်တာဘဲ ဆိုပီ စိတ်ကိုတင်း ... အားမာန်ကို ဆွဲ နိုးကြွဖို့ ထ တောင်ပံတွေကို စတင်လှုပ်ခတ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ ဘဲ ....
ငါ့ရဲ့တောင်ပံ အားအင်တွေ တစစီ ကျိုးပဲ့ သွားခဲ့ပြန်တယ် ....

ဘာတတ်နိုင်မှာလဲ ... ဘ၀ကဒီလိုပါဘဲလား? လို့ ပြောယုံမှတစ်ပါး မရှိတော့ ... ဒီတစ်ကြိမ်တော့ ... အလွမ်းတွေက ငါ့ရဲ့ သွေးကြော အားလုံးထဲကို စိမ့်ဝင်နေခဲပြီး .....

ရှင်းပြဖို့လဲ မကြိုးစားတော့ဘူး ... အကြောင်းပြချက်ဆိုတာ ... အမှားကို ကျူးလွန်သူတွေအတွက်မဟုတ်လား ... ဒီတော့ .... ငါ့မှာကာ အဖြေမရှိ .... အားအင်လဲမရှိ ... အမှားတွေကြားမှာပင် အလူးလဲ .... စာသားတစ်ကြောင်းကတော့ ပြောခဲ့တယ် .... အမှန်တွေ ခရီးစဖို့ ခြေလှမ်း ပြင်ချိန်မှာ အမှားတွေက ကမ္ဘာပတ်ခဲ့ပြီး .... ဒီလိုဆို ... ကမ္ဘာကြီးက အမှားတွေနဲ့ ပြည့်ကျပ်နေခဲပြီးလား .... လူတွေကရော ... အမှားတွေနဲ့ အသားကျနေခဲ့ပီပေါ့ .......

အမှန်ကို ဘယ်မှာရှာလို့ တွေနိုင်အုန်းမှာလဲ ... ဒါကြောင့်မို့ ထင်ပါရဲ့ အမှန်ကို ချစ်တတ်သူတွေဟာ .. ကမ္ဘာကြီးရဲ့ အပြင်ကို ရောက်မှန်မသိ .. ရောက်ခဲ့ရတယ် ... ဒီတော့ ... ငါ့အတွက် အမှန်ဟာ ဘယ်မှာလဲ ... ဘယ်နေ့များမှ ရောက်လာမလဲ ဆိုတာကို မေးရင်နဲ့ အလွမ်းကိုပိုက် ငိုရှိုက်သံနဲ့ ... အိမ်ပြန်ရမှာပေါ့ ...
(လူဆိုတာကမျှော်လင့်ထားသလိုမဖြစ်ရင်၊ ငြင်းပယ်ခံရရင် စိတ်ဓာတ်ကျတတ်တယ်
ကျွန်တော်လဲလူထဲကလူပါပဲ ဒါပေမယ့် အရှုံးတွေနဲ့ကျွန်တော် သူငယ်ချင်းဖြစ်နေပါပြီ ….) သံစဉ်မဲ့အလကာင်္မှ
။ ။

Read full story

Sunday, July 15, 2007

3 colum လုပ်ကြမယ်

15 comments
ဘလော့နဲ့အဆက်သွယ်နည်းနည်းပြတ်နေတယ် .... အလုပ်တွေရှုပ်လို့လား အရှုပ်တွေလုပ်တာဆိုတာ ကိုယ့်ကိုယ်ကို မခွဲခြားတတ် စိတ်တွေကလဲ တစ်စုတစ်စည်းမရှိတော့ ဒီတော့ ဘာလုပ်လို့ ကိုင်ရမှန်လည်းမသိတော့ဘူး .... စိတ်ညစ်တယ်ဆိုပီ ထိုင်အောနေလို့လဲ သနားမဲ့သူမရှိ ... ဘ၀ ကို ဒီလိုဘဲ ဖြတ်သန်းရအုံးမှာပေါ့ ... အော် သူငယ်ချင်းမျာကို ပြောရအုံးမယ် ... 3 colum တွေကိုလုပ်ချင်တယ်ပေါ့ဆိုရင် .. ဘလော့ကိုရေးတာ အချိန်ကြာလာတာနဲ့အမျှ အချက်လက်တွေက များတထက်များလာ ကိုယ်ကလည်းမဖြုတ်ချင် ဆိုတော့ သူတို့ပေးထားတဲ့ Template က ကောလန်က နှစ်ခုဘဲဆိုတော့ အခက်တွေ့ပီပေါ့ ... ဒီပြင် 3 colum သူများရေးထားတာကို ယူသုံးမယ်ဆိုရင်လဲ ကိုယ့် စိတ်ကြိုက် ရချင်မှ ရလိမ့်မယ် ... ဒီတော့ ဘာလုပ်ရမလဲ ... ကျွန်တော်တို့ ကောလန်တစ်ခု ထပ်တိုးမှာပေါ့ ... ဘယ်နားမှာ သွားတိုးမလဲ .... လက်တို့မေးနေမလား ...

ကျွန်တော်တို့လို ကွန်ပျူတာကို ငယ်ကတည်းက ပိုက်ပီမွေးလာတဲ့သူ css code ကို ၀ါးမျိုမယ် သယောင်ယောင် English စာ စကားဆိုတစ်လုံးမှမရအောင် ကျွမ်းကျင်သူတွေဆိုတော့ ဟိုလုပ်ဒီလုပ်နဲ့ ဘယ်က ဘာတွေပျောက်သွားလဲမသိ နောက်ဆုံးဘာမှမကျန်တော့ .... အဲအခုတော့ရသွားပီ ... ပြန်ပြောပြမယ် ... ဒီလိုပုံစံကိုရသွားအောင်ကူညီပေးသူကတာ့ .... ကျွန်တော်ကောင်မလေးပါ ... သူက လမ်းခွဲစကားပြောတော့ ... gtalk ကို မဖွင့်ဖြင့်အောင် ကိုယ့်ကိုယ်ကို အားတင်ရင်နဲ့ ရသွားတာပါ ... ဒါဆို ဒီပုံစံဟာ ကျွန်တော် ရဲ့ နှလုံးသားကို ခင်းပြီ လုပ်ခဲ့တာပါလို့ ပြောရင် ယုံကြမှာလား ... မယုံလဲနေပါ အကြောင်းမဟုတ် .... အချိန်မရတဲ့ကြားက ဘလော့ကိုရေးနေရတဲ့ သူငယ်ချင်းတွေအဆင်ပြေအောင်လို့ ဒီဟာလေးကို အခြေခံပီ ကျွန်တော်လုပ် လာခဲ့တဲ့ အတွေ့ကြုံလေးတွေကိုပြောပြမယ် .... အို စမယ်နော် ... အာလူနည်းနည်းများသွားတယ် ....

ဘလော့တစ်ခုကို လုပ်တော့မယ်ဆို ကျွန်တော်တို့ ပထမဆုံးနားလည်းထားရမှာက Blog Layout ရဲ့ လုပ်ဆောင်မှု အပိုင်းလေးတွေကိုသိရမယ် ... ဘလော့ တစ်ခုရဲ့ အခြေခံအစိတ်ပိုင်းမှာ တော့ Header- section, Main-section, Sidebar section နှင့် Footer-section ဆိုပီ ပါဝင်ပါတယ် .... ဒီတော့ ကျွန်တော်တို့ တစ်တွေ ယူသုံးနေတဲ့ Layout က ဒီပုံစံမဟုတ်လား .... အဲဒီအထဲမှာ ဘဲ အပိုင်းလေးပိုင်းကို ခွဲမြင်တတ်ဖို့ လိုမယ် .... ဒီအထဲမှာ ပါဝင်တဲ့ HTML code တွေကိုတော့ ဒီနေရာမှာကြည့်လိုက်ပါ ..
ကြည့်ရတာ လွယ်ကူအောင်ဆိုပီ နံပတ်တွေ ထည့်ပေးထားတယ် .... နံပတ် 010 ကနေ 0320 အထိဟာ body-tags ဖြစ်ပါတယ် .... အာလူက များလွန်တော့ သူငယ်ချင်းတွေ ငြိငွေ့နေတော့မယ် .. ဒါဆို စလုပ်ကြရအောင် ... အပေါ်က ရှင်းပြခဲ့တဲ့ အပိုင်းတွေကို နားလည်လောက်ပီပေါ့နော် ....
အောက် က formatting code တွေကို ရင်းနှီးအောင်ကြည်ထားပါ ...
#outer-wrapper {
with: 660 px;
padding: 10px
........... }
#main-wrapper{
width: 410px;
float: left;
...........}
#sidebar-wrapper {
width: 220px
float: right;
...........}

ဒီလောက်ဆို စပြီး ...
ပထမဆုံးက တော့ Edit Template ကို သွားကြမယ် .....
ဒုတိယကတော့ sidebar code ကို ဒီလိုလေး (#right-sidebar-wrapper)
(b: section class='sidebar' id='right-sidebar' preferred='yes')
(/div)
ဖြစ်အောင်ပြောင်းလိုက်ပါ ... သူနဂို #sidebar-wrapper) ကို # right-sidebar-wrapper အဖြင့် ပြောင်းလိုက်ခြင်းပါ ... တတိယ အဆင့်မှာတော့ (div id=left-sidebar-wrapper)
(b: section class= 'sidebar' id='left-sidebar-wrapper' preferred='yes'/)
(/div)
ဆိုပီ နောက်ထပ် အသစ် ထည့်ပေးလိုက်ရပါ့မယ် ဘယ်မှာ သွားထည့်ရမလဲဆိုတော့ (div id= main-wrapper အေ၇ှ့မှာထည့်လိုက်ပါ .... နောက် save ... ဒီတော့ ဒီပုံစံလေးကိုရလာတာပေါ့ ......
အဆင့်လေးကိုရောက်လာပီနော် . ..
#left-sidebar-wrapper {
width:220px;
float:left;
word-wrap:break-word;
overflow:hidden;
........}
ကို #main-sidebar-wrapper ရဲ့ အပေါ်မှာထားပါ ..... ဒါဆိုရင် ရခါနီးပီပေါ့ ... စိတ်ဓါတ်မကျပါနဲ့အုံး ....
နောက်ဆုံး ဘာကျန်သေးလဲဆိုရင် ... ဒီအပေါ်ပုံက အဆင်ပြေနေပီ .. ဒါပေမဲ့ ညာဘက်က ဘာ ဘာလို့ အောက်ရောက်နေရတာလဲ ... ရှင်းရှင်းလေးပါ .. သူ့ရဲ့ outer-wrapper ကိုချဲ့ပေးလိုက်ပါ ... သူ့နဂို က 660 ရှိရင် ရှိလိမ့်မယ် ... ဒါကို 860 လောက်ပြောင်းပေးရင် အဆင်ပြေနိုင်ပါတယ် ..... အဲလိုဆိုရင် ... နောက်ဆုံး အသုံးပြုလို့ရတဲ့ ဒီပုံလေးရပီပေါ့ ..... အဆင်ပြေကြပါစေ ရင်နာနာနဲ့ ဘဲ ရေးလိုက်ရတာပါ ... မရရင် ပြန်ပြောနော် ... သိတာလေးကို မျှဝေ ပေးဖို့ ၀န်မလေးပါဘူး .....

(မှတ်ချက် ။ ။ ရေးထား တာတွေကို တဆင့်ချင်း လုပ်ဆောင်ပါ .... ကွင်လေးတွေကိုလည်း ပြန်ပြင်ရေးပေါ့နော် ...)

Read full story

မရေးဖြစ်သော ကဗျာတစ်ပုဒ်

0 comments
အချစ်ကို မွန်းတင်

အပြုံးကို တန်ဆာဆင်တဲ့
မာယာနဲ့ မပြုံးနဲ့ခင်

မေရွက်ပင် ချဉ်ပေါင်က
ချဉ်ရဲ့လားလို့ မမေးသလို့

မင်းရဲ့အချစ် ....
ယုံကြည်မှုခိုင်မာရဲ့လား ငါမမေးတော့ပါ

မင်းလည်း ..........
သွားလိုရာ သွား၍
ဖြစ်နိုင်တာလုပ်ခဲ့ပါ ................

ငါကတော့ ........
ဖောင်တိန်ကိုင်
ရွက်စုတ် စက္ကူနဲ့

မင်းအကြောင်းရေးဖွဲ့ ဆဲပါ ......... ။ ။

(မျိုးသော်)


Read full story

Saturday, July 14, 2007

ပြီးသွာပါပီတဲ့

7 comments
လူတွေကပြောကြတယ် ... ဘ၀ဆိုတာဒီလိုပါဘဲတဲ့ ..... ဟုတ်လား? ငါ့ မေးကြည့်တယ် ... မနက်မိုးသောက်နဲ့ အတူ အလင်းတန်းလေးတွေတစ်စစ ထွက်လာပီ ငါ့မှာကအိပ်မရသေး လူလိမ့်နေဖို့လည်း အချိန်တွေကို နှမျော်မိတယ် .. ဒီတော့ ပစ်ထားတာကြာပီဖြစ်တဲ့ ဘလောက်ကို 3 colum ရအောင် မရမချင်းလုပ်နေလိုက်တယ် အရင်နေတွေကလုပ်တယ် ... CSS code တွေနဲ့ ရင်နှီးတဲ့သူပီပီ လုပ်ရင်နဲ့ နဂိုရှိတဲ့ စာတွေပါ ပျောက်ကုန်တယ် .. သူငယ်ချင်းတစ်ယောက် ဖွင့်ထားတဲ့မေးကနေ ၀င်လာတယ် .... Hello! fri: တဲ့ အင် အားနာပါးနာနဲ့ ပြန်ပြောလိုက်တယ် ... ၁၀ နာရီ ထိုးလာတော့ ငါ့မျက်လုံးတွေမှေးစင်းလာပီပေါ့ ... စိတ်က မအိပ်ချင်ပေမဲ့ .. အိပ်မှရတော့မှာ .. ဒီတော့ ဖွင့်ထားတဲ့မေးကိုလည်း မပိတ်ချင် ....

ဒီတော့ ဘာလုပ်မလဲ ... ရုံးဖော်သူငယ်ချင်းက ပြန်ရောက်လာတော့ သူကို အပ်ခဲ့တယ် .. ငါ့ကောင်းမလေးလာရင်နှိုးပါဆိုပီ .... ဒီတော့ ငါ့ သွားတော့မယ် ... ဟုတ်တယ် ကောင်းမလေးက ငါ့ကို အိပ်မက်ထဲမှာတွေ့ကြမယ်ဆိုပီ ... ပြောလေ့ရှိတယ် ... သူရှိနေမှာပါ .... အိပ်မက်ထဲကို ငါ့အရောက်လှမ်းခဲတယ် .... ကောင်းမလေးက ပျော်လို့ ငါ့လည်း ရင်မှာပီတိတွေနဲ့ပေါ့ .... ငါတို့ ရန်ကုန်မြို့အနှံ လျှောက်လည်းကြတယ် .... မုန့်တွေစားကြတယ် ... ဟုတ်တယ် အရမ်းပျော်တာဘဲကွာ ... ငါ့တို့ ရဲ့ချစ်သူဘ၀ ... ဟ ဟ ဟ ဆို တဲ့ ရီသံတွေလွင့်လို့ ........

ရီသံတွေက ကျယ်နေသလိုဘဲ ... ဟုတ်တယ် ငါ့အိပ်မက်မက်နေတာ ... သူငယ်ချင်းက အိပ်မက်ထဲမှ ငါ့ကို ဆွဲထုတ်လိုက်တယ် .... အေးလေ .. မနာလိုဖြစ်နေမှာပေါ့ သူ့ကိုမှမခေါ်တာ ... ဘာမှမပြောဘဲ ကိုယ့်အတွေးနဲ့ ကို နေလိုက်တယ် .... တစ်နေကုန် ဘာမှမစားရသေးတော့ .. ဗိုက်က ဆန္ဒပြနေပီပေါ့ ... ကောင်မလေး ကို ဒီနေ့မတွေ့ရ သူလာမယ်လို့ ငါ့ကိုပြောထားတာ ဘာလို့ပါလိမ့် ... အေးလေ သူမအားလို့နေမှာဘဲ ဆိုပီ ... ကိုယ်ဘာသာ လုပ်စရာရှိတာလုပ်နေလေတော့တယ် .... ကိုယ်တော်ကလည်း ဘာတွေအကြိတ်နယ် ရိုက်နေလဲမသိတော့ ... တစ်အောက်ကြာတော့ အပြင်သွားမယ်ကွာဆိုပီခေါ်တော့တယ် ... ဒီနေ့ဘယ်မှ မသွားချင် ကောင်းမလေးကိုလဲ စောင့်ရအုံးမှာမဟုတ်လား ... ဒီတော့ ရွှေမြိတ်သားက ပြုံးပီထွက်သွားတယ် ... ဒီကောင် ငါ့ အကြောင်းသိမယ် ဆိုတဲ့ ငါးခူအပြုံးလာ ဘာလာတော့မသိဘူး ပြုံးသွာတယ် ...

နောက် ငါသိလိုက်ရတာကတော့ ... ပြီးသွာပါပီတဲ့ ... အချစ်တွေနဲ့အတူ နှုတ်ဆက်လိုက်တယ်တဲ့ ... ဘယ်လိုဖြစ်တာလဲ ... ငါ့နာမလည်းဘူး ... အခုဏက အိပ်မက်ထဲမှာ ငါ့တို့ ပျော်ခဲ့တာတွေ .. ရီခဲတာတွေက .. ပီသွာပီတဲ့လား ... အေးလေ ဘ၀ဆိုတာ ဒီလိုပါဘဲကွာ ....တဲ့ ။ ။




Read full story

Thursday, July 5, 2007

Child Camp "I need care"

5 comments
လူတစ်ဦး ဒါမှဟုတ် ပုဂ္ဂိုလ် တစ်ယောက်ဟာ မိမိရဲ့ ဘ၀ဖြတ်သန်းမှုမှ မထင်မှတ်တဲ့ အဖြစ်ပျက်တစ်ခု ကို ဘ၀တစ်ခု လုံးအတွက် တမ်းတပီလွမ်းဆွေးနေကြလိမ့် မိမိရဲ့ လုပ်ဆောင်မှုများအပေါ်တွင်လည်း ကျေနပ်နေကြလိမ့်မည် ....

အမှတ်မထင် ကျွန်တော် ဒီကနေ ရက်ပိုင်းနည်းငယ် ပျောက်သွာားကို သူငယ်ချင်းတွေ သတိထားမိရင်လည်း သတိထားမိလိမ့်မယ် ... ဘာတွေလုပ်နေလဲ ဆိုတော့ အလုပ်ရှုပ်နေတယ် ရှုပ်တဲ့အလုပ်ကို လုပ်တယ်လို့ ထင်တဲ့ သူလည်းထင်ကောင်းပါရဲ့ ... Child Camp "I need care" ဆိုပီခေါင်းစဉ်နဲ့ ရခ်ျပုရီ မြို့တွင် ပထမဆုံး ၁၈ နှစ်အောက် သူငယ်များကို စခန်းသွင်း ပညာပေးပွဲ လေးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တယ် ... ရခ်ျပူရီ တက္ကသိုလ်မှ ဆေးကျောင်းသူ အယောက် ၇၀ ကျော်ဟာလည်း ကျွန်တော်တို့နဲ့ အတူပူးပေါင်း ကူညီလုပ်ဆောင်ပေးတာကြောင့် ထင်သည်ထက်ပင် ပို၍စည်ကာသွားခဲ့သည် ... သူတို့လေးတွေရဲ့ ရင်ထဲကစကားတွေကို ရောင်စုံ ရွှံးရုပ်ကလေးများဖြစ် လည်းကောင်း အိုးအပေါ်တွင် သူတို့ရဲ့ ဘ၀ ခံစားမှုပုံရိပ်တွေကို ရေးဆွဲခဲ့ကြ သည်မှာ ပြန်တွေးမိတိုင်း သွေးကြေားများက သွေးများဟာ နားထင်ထိပ်ထိ ပြေးပြေးစောင့်လေသည် ...

ညအချိန်တွင် တဖန် ဆုတောင်းပွဲကျင်းပ၍ သူတို့များအား မိခင်ဖခင် များ၏ သားလိမ္မာ သမီးလိမ္မာ များ နိုင်ငံ၏ သားကောင်ရတနာ များ ဖြစ်အောင်ကြိုးစား ကြရန်နှင့် ပြောဆိုကာ သီချင်းလေးတစ်ပုဒ်ဖြစ် ညလမ်းခွဲရာ ပိတီမျက်ရည်းများနှင့် ပြည့်နှက်နေကြသည် ॥ သူတို့ရဲ့ ရင်ထဲက ခံစားချက်များဟာလည်း ပွင့်အန် ကျလာပီမဟုတ်လော ॥ ကျွန်တော်ပင်လျှင် ဒီလိုပွဲများနှင့် အတော်ပင် ရင်းနှီးခဲသော်လည်း သူတို့ရင်ထဲမှ ခံစားချက် များကိုကြား ရသောအခါ မိမိကိုယ်ကိုယ် မှင်းသက်မိသွားသည် ....

မိမိရဲ့ ခံစားချက်ရုပ်လွှားလေးကို ရေးဆွဲနေသည့် ကလေးငယ်တစ်ဦး



ခံစားမှုတွေ ပြည့်နှက်နေတဲ့ သူတို့လေးရဲ့ ပုံရိပ်တွေကို သိချင်ရင်ဓါတ်ပုံကို နှိပ်လိုက်ပါ ....



Read full story

Wednesday, July 4, 2007

မေ့မရသောနေ့ တစ်နေ့

1 comments
ကျွန်တော်တို့ မြန်မာ သမိုင်းမှာ မေ့လို့မရတဲ့ နေတစ်နေ့ကို ကြရောက်တော့မည် ... သိုသော် ထို့နေကို အခု လူငယ်တွေမေ့ကောင်း မေ့နေလိမ့်မည် ... ဘာကြောင့်ဆိုသော် အားလုံးသိကြတဲ့ အတိုင်းဘဲ ... မြန်မာသမိုင်းကို မြန်မာလူမျိုးတွေ အသေချာ မသိအောင် အပျောက်ပျက်ခံဘ၀တွေနဲ့ ကျင်လည်လာခဲ့တဲ့ နေပေါင်း မည်မျှများ ပြီကို မသိကြ ဒီလိုနဲ့ မလှုပ်သာ လှုပ်တာနဲ့ ၅(ည)နဲ့ ညားကြတဲ့ သူတွေလည်း မနည်းတော့ပါ ... ဒီတော့ သိချင်တဲ့ သူတွေ လေ့လာကြပါစေဆိုတဲ့ ရည်းရွယ်ချက်နဲ့ ဒီနေရာလေးကို အလည်းရောက် သွားစေချင်တယ် ...
Read full story

Wednesday, June 20, 2007

ရှက်မိပါတယ်

2 comments
ဒီအကြောင်းကိုပြောမဲ့ သာ ပြောရတာ ................ မပြောချင်းဘူး .... ရှက်လို့လေး .......... အခုဆိုရင် online blogger တစ်နေ့တစ်ခြား များပြာလာတာတွေ့ရပါတယ် .............. များပြာလာသလောက်လည်း ......... ပြဿနာ တစ်သောင်းခြောက်ထောင် တက်လာပါလေရော ............. ဒါကြောင့် မို့ ........ ကျွန်တော်ဆို အမြဲ သတိထားမိတယ် .......... မြန်မာနိုင်ငံသား ... ပေါးမျာတဲ့ နေရာတိုင်းလို လို ........... ပြဿနာတွေက အသင့် ဆီးကြိုနေလေရဲ့ ............

တစ်ခါခါကြရင်တွေးမိတယ် .......... မြန်မာတွေဟာ ........ ကမ္ဘာမှာ ခေါင်းမာလွန်တဲ့ သူများလားလို့ ........ စည်းလုံးမှုကို မနှစ်သက် ............ အကောင်းကို မမြင် ....... အဆိုးအတင်းတွေ ပြောမယ်ဆို ... အရှေ့က । ........ ဒါက မြန်မာ မဟုတ်လား...............

အဖွဲ့ စည်းတစ်ခုကို ထောင်လိုက်တယ်ဆိုရင်ဘဲ ............. ပြဿနာတွေက အရင်စတယ် ................ ၀ိုင်းဝန်း ကူညီမဲ့သူက ခန့်ရှားရှား ဘာဖြစ်တယ် ညာဖြစ်တယ် ...ဆိုတာက စကြတယ် ........ အခုလည်း .... ဟော တွေ့ လိုက်ရပီ ............. မြန်မာ ဘလောက်ကာများ အစည်းရုံးတဲ့ ........... online မှာစပီ တည်မယ် ကြံကာဘဲ ရှိသေး .......... တွေ့ကြပီပေါ့ တို့ မြန်မာ ........... ဘယ်လိုလဲ .......

ကျွန်တော် အတွေး အမြင်ကို ပြောရမယ် ဆိုရင် ............ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ........... တစ်ဦးကို တစ်ဦး ဘယ်လို ယုံကြည်ရမယ်ဆိုတာကို ......... မသိကြလို့ဘဲ ........... ဒီအကြောင်းအရာတွေ ....... ဒီလိုဖြစ်လာအောင် ....... ဘယ်သူတွေက အကွက်ကွင်းကျကျ .......... ကျွန်တော်တို့ မျိုးဆက်လူငယ်များရဲ့ .......... စိတ်ထဲကို ရိုက်သွင်းခဲ့လည်းတော့ မသိ .......................

ဘယ်အရာတွေက ဘယ်လိုပင်ဖြစ်လာခဲ့ ဖြစ်လာခဲ့ပါစေ ................ ရောက်ရာအရပ်ကနေ ............. ငါတို့မြေ ....... ငါတို့ နိုင်ငံ ........ ငါ့တို့ လူမျိုးအတွက်ဆိုတဲ့ စေတနာစိတ်ထား ကာ ............. စုစု စည်းစည်း နဲ့ လူငယ်များက ..... မိမိတတ်နိုင်သည် တာဝန်ကို ............ ကိုယ့်အသိနဲ့ ကို လုပ်သွားကြရင် ............. အကောင်းဆုံးပင် မဟုတ်လော .........................


(စာကြွင်း = မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောဆိုခြင်းမဟုတ်ပါ ....... ကျွန်တော်မြင်တွေ့နေရတဲ့ ပြဿနာကို ...... ကျွန်တော် ရဲ့ တတ်နိုင်စွမ်းရှိသလောက်နဲ့ ... ပြောပြလိုက်တာပါ ... )


Read full story

Tuesday, June 19, 2007

အလွမ်းတွေနဲ့ မိုး

1 comments
ဟာ .... သူတို့တွေတော်တော်လွမ်းနေကြပါလားနော် ...ဧကန်တော့ မြန်မာနိုင်ငံမှာ မိုးတွေအရမ်းရွာလို့ ရေကြီးနေပုံပေါက်တယ် ....... s0wha1 ကတော့ လုပ်ချလိုက်ပြန်ပီနော် ...... နှိပ့်စက်တယ် ....နှိပ့်စက်တယ် .... ဟဲ ဟဲ ... စတာနော် ............ မိုးကတကယ်တော့ ချစ်ဖို့ကောင်းတယ် ..... လွမ်းစရာလည်းကောင်းတယ် ....... မြန်မာနိုင်ငံက အဆိုတော် တွေများ .... မိုးအကြောင်းကိုဖွဲ့တာ .... မရိုးနိုင်ဘူး .... L ဆိုင်ဇီရဲ့ မိုးက လည်းလွမ်းစရားနော် .... အဲ လေလုံးတွေ ထွားနေလိုက်တာ ... ဟဲ ဟဲ ... မိုးအကြောင်းကိုပြောမလို့ ..... မိုးကတော့ မိုးပေါ့ ..... ဒါပေမဲ့ လူတွေက မိမိတို့ ခံစားမှု့အလိုက် ဖွဲတတ်ကြတော့ ... သူလည်း စာတွေ ကဗျာတွေ ဖြစ်ရတာဘဲ မဟုတ်လား ..... အခုကျွန်တော် လည်း မိုးအကြောင်းကို ကြော်မယ် နော် ...........

ငယ်ငယ်က မိုးရွာပီဆိုရင် အရမ်းပျော်တာ ............. သူငယ်ချင်းတွေစုပီ ဘောလုံးကန်ကြဖို့လေ ............. မိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းနှစ်သက်တယ် ......... အထူသဖြင့် ကိုယ်ချစ်တဲ့ သူလေးနှင့် နှစ်ကိုယ်တည်း ... သွားရတဲ့ အချိန်ပေါ့ ........... မိုးအရမ်းသည်းလွန်းလျှင်လည်း မကြိုက်ပြန် ......... လေနှင့်အတူ ပြေးလွှားဆော့ ကစားနေတတ်တဲ့ မိုးပြေးကလေးမျိုးကိုမှ ကြိုက်နှစ်သက်တတ်သည် ........

"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲ စားမယ် "...

ဆိုပီ အသံပြဲတွေနှင့် ၀ိုင်းစု အော်ကြတာလဲ မမော မပန်း ........... တကယ်တော့ မိုးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အရမ်းရေးကြီးတယ် မဟုတ်ပါလား .............. လယ်သမားတွေဟာ ....... တန်းခူ ကဆုန် ဆိုရင် ..... မိုးကို မျှော်ကြရပီ .......... မိုးလာမှလဲ သူတို့ ကလေးတွေ လုပ်ငန်းစကြ၇မှာ ဖြစ်တယ် .......... လယ်ကွင်ပြင်တွေမှာ ရေရှိမှ လယ်သမား ဦးကြီးတို့က ပြုံး ရွှင်ကြတယ် .... မိုးဦး ကာလများတွင် ....... လယ်ကွင်တွေမှာ ငါးဖမ်းကြတဲ့ မြင်ကွင်တွေက နေရာအနှံ့ .......... မေ့မရတဲ့ မြင်ကွင်တွေပါ ..........

မိုးလို့ပြောရင် ....... ကျွန်တော်မှာ မိုးနှင့်ပတ်သက်ပီ ........... လွမ်းစရား ဆွေ;စရားတွေက မနည်း .......... မိုးကဘဲ ကျွန်တော် ကို ပျော်အောင် လုပ်ခဲ့ သလို ....... သူကဘဲ ပြန်ပီ လွမ်းဆွေးတွေပေးခဲ့ ပြန်တယ် ........... ကျွန်တော် ချစ်တဲ့ အမေကလည်း ကျွန်တော်တို့မိသားစု ဘ၀လေးကနေ အပြီးပိုင် ခွဲ သွားခဲ့တယ် မဟုတ်လားလေ ............ မိုးတိမ်တွေ ညှိတက်လာတာကို မြင်မိတိုင်း အမေ့ကိုလွမ်းတာ ယနေ့တိုင် ပင် ......... စကားတွေ မပီကလာ တီတီတာတာ ပြောပီ အမေ့ရင်ခွင်မှာ ... နေခဲ့တဲ့ အချိန်လေးကို ..... သတိရမိသည် .......... အခုချိန်မှာ ဒီလိုအခွင့်ရေးမျိုး မရှိတော့ပေမဲ့ ............. ချစ်သူလေးရဲ့ ရင်ခွင်မှာ မှေးစက်ခွင့်လေးများရရင် ကောင်းမလားလို့ တွေးမိတယ် .............. ဒါတွေက အိပ်မက်ပေါ့ ........

အထက်တန်း ကျောင်းသားဘ၀လေးများကဆို သူငယ်ချင်းတွေနဲ့ စက်ဘီစီးပီ မိုးရေထဲ အပြိုင်နင်းခဲ့ တာလည်းရှိ .......... ကျောင်းအတူပြေးပီ ........ ဘောလုံးကန်ဖို့ ...တစ်ကျောင်းနဲ့ တစ်ကျောင်းချိန်းကြတာလဲ ......... မေ့မရ ........ အဲ မေ့လို့မ၇တဲ့ နေ့တစ်နေ့တော့ လူတိုင်းမှာတော့ ရှိဖူး ကြမှာပေါ့ ........... အမှတ်တမဲ့ ဆိုပေမဲ့ အမှတ်တရ ဖြစ်ခဲ့ တဲ့နေ့လေးပေါ့ ..........

မိုးတသဲးသဲးနဲ့ ကျောင်းများ စတင်ဖွင့်သည့်နေ့ .......... ကျူရှင်မှပင် ကျောင်းသို့ တိုက်ရိုက်သွားမည်ဆိုတော့ ......... ကျောင်းဝတ်စုံးကို တစ်ခါတည်း ၀တ်ပီစက်ဘီးကို မှန်မှန်နင်းလာခဲ့တော့ သည် ............ ထီးအနီကလေးကိုဆောင်းပီ .... လမ်းဘေး ပလန့်ဖောင်းပေါ်တွင် လျှောက်နေသူ ....... ဒီကောင်းမလေး ကြည့်ကောင်းလှချီလားဆိုပီ ........... စမယ်ကြံကာ ...... အနားရောက်တော့ သူများမဟုတ် ........ အိမ်နီချင်း .... ကျောင်းတွင် တစ်ခါမှ မျက်နှာချင်းဆိုင်လို့မရပေမဲ့ ..... ကျွန်တော် ကျောင်းပြေးသည့်နေ့များတွင် ........ စာအုပ်ကို ယူပီ သူရဲ့ လက်ရေးဝိုင်းဝိုင်းကလေးနဲ့ စိတ်ရှည်းရှည်း ကူးပေးတတ်သူ .......... ဒီနေ့ သူ အ၇မ်းလှနေပါလား .......... အော် သူလည်း ဖူးပွင့်သည့်အရွယ် သို့ရောက်နေပီကို ........ ဒီတော့ စချင်သည်နှင့် ......... "ဟဲ ငါနဲ့ အတူလိုက်မလား" ဆိုပီ စနောက်နောက်မေးလိုက်တော့ .......... ဘယ်ကဘယ်လို ........ စိတ်ကောင်းပေါ်သည်မသိ ............. "လိုက်မယ်" ဆိုတော့ .......... ခေါ်မိတဲ့ ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမလို .......... ခေါ်ပီတော့ မထူး လိုက်ဆိုပီ ...... စက်ဘီအနောက် ကလီယာနောက်တွင် ထိုင်ခိုင်းလိုက်သည် ......... ဘယ်လက်တွင် ထီးကို ကိုင် ..... လက်ယာက စက်ဘီး လက်ကိုင်းကို ကိုင် နင်းမယ်ကြံတော့ ....... "ပေး ငါ့ကိုင်ပေမယ် ।"..... ဆိုတော့ ပေးလိုက်တယ် ....... သူ့ထီးကိုတော့ ပိတ်လိုက်ပီ စက်ဘီးနောက်တွင် ညှပ်လိုက်သည် ...........

မိုးပြေးကလေးတွေက ကျွန်တော် မျက်နှာကို မထိတထိ ခိုးခိုးနမ်းသည် ......... သူ့ မျက်နှာလေးက ... ကျွန်တော် ကျောမှာ အပ် ကာ နှစ်ယောက်တာ အတူစီးလာကြသည် ........... အမြဲ နင်းနေကြ စက်ဘီးက ဒီနေ့ကြ မှ တော် တော်ပေါ့နေသည် ....... မိမိကိုယ်ကိုယ် လေဟုန်စီးသလိုပင်ခံစားလိုက်ရသည် ........... ရင်ထဲမှ ........ မသိလိုက်တဲ့ ........ နှလုံးသားတစ်ချို့နေရာ ထထခုန်းသည် ............ ပုံမှန်အချိန်တွင် လမ်းထိပ်ကို သွားလျှင်ပင် မောဟိုက်နေတဲ့ သူက ......... အခုလို အချိန်မျိုးမှာ ....... မြိတ်မြို့ ကို အကြိမ်ကြိမ် ပတ်ခိုင်းလဲ မောမည် ထင်မှာမဟုတ် ...........

အော် အခုတော့ ဒါတွေ တွေ .......... အတိတ်က ခြေရာတွေပါလား ................ အခုတော့ လည်း ......... သူငယ်ချင်းတွေ အားလုံး ........ ဘယ်ရောက်လို့ ပေါက်မှန်းလည်း မသိတော့ ......... ကိုယ်ကိုယ်တိုင်ကပင် အမိမြေမှ ထွက်လာခဲ့ တာ ........လေးနှစ်လေးမိုးကြာခဲပီမဟုတ်လား ........... မိုးသံကြားရင် ......... သူငယ်ချင်းတွေကိုပင်ပြေးပြေး သတိရမိသည် ............ ထိုင်းမှာကလည်းမိုးပေါးပါဘီ ... မိုးရေးကိုပင် တစ်ကိုယ်လုံး မစိုဖူးသေး .............. ဒီတော့ မြန်မာနိုင်ငံ ကိုရောက်မှဘဲ ........... မိုးရေထဲမှာ လမ်းလျှောက်ပီ ............... မိုးရဲ့ အတိတ်က ခြေရာတွေ ပြန်ကောက်တော့ မယ် ............ဆိုပီ ...... မိုးကောင်းကင်ကိုကြည့် ပီ ပြုံးပြမိတော့တယ် ................... ။ ။
Read full story

Monday, June 18, 2007

အဖေအကြောင်း

0 comments




ဒီနေ့ ဘလော့ကိုဖွင့်လိုက်တော့ .... အစ်မ s0wha1က ချစ်သူရဲ့ အဖေအကြောင်းကိုရေးပါအုံးဆိုတော့ .... ရေးရမှာပေါ့ .... သူများရေးတာကိုဖတ်ပီ ..... နေလို့မရ ... ကိုယ်လည်းရေးရဖို့ပြင်ရမယ် ... ဘယ်ကစရေးရမလဲ .... အဆင်သင့်ရှိပီသာ ပေမဲ့ ... ရေးမယ်ဆိုရင် ... အစရှာလို့မရ ..... အဖေဆို လူတိုင်းမှာ ရှိတယ် မဟုတ်လား ... အဖေမရှိတဲ့ သူကော့ ရှိဖူးလား .... သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အလိုက် သားသမီးတွေအပေါ်မှာ ထားတဲ့ သူတို့ရဲ့ ချစ်ခင်မှု့တွေက ... တစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူလိမ့်မယ် ... စဉ်းစားနေတယ် ဘယ်ကအစရေးမလဲလို့ ... အချိန်ကလည်းဆင်းရဲ လိုက်ပါဘီ ... ဒီတော့ ကိုယ်ရဲ့ အိပ်ချိန်ကို ... တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက် .... အဖေအကြောင်းကို ပြောပြရမှာပေါ့ .... ကြားထဲ အရေးက ၀င်လာသေးတယ် ...ဘာလဲဆိုတော့ ... ကိုယ်က ရုံးမှာနေတဲ့ သူဆိုတော့ ရုံး ကွန်ပျူ တာကိုဘဲ ဆွဲသုံးသုံးနေရတယ်မဟုတ်လား .... ရုံးပိုင်ဆိုတော့ လက်ကများတာပေါ့ ... ဟိုလူက တစ်ခု ဒီလူကတစ်ခုနဲ့ .............. ကိုယ်လိုတဲ့ programကို dowloadလုပ်ကြတော့ ... စက်က ဘယ်ခံနိုင်ပါ့မလဲ .... တော်တော်လေးနိုးယူရတယ် .... စိတ်ကမရှည်းချင်တော့ ... ရှိသမျှ feil တွေကို delete လုပ်လိုက်တာ ... အလုပ်ကောင်းတော့ .... အားလုံးပါသွာတာပေါ့ .... ပိုစ်ရေးတော့မယ်ဆိုမှ ...့ မြန်မာစာ ရိုက်လို့မရပြန် .... အဲ အခုတော့ ရသွားပီ ... ပြောပြမယ်နော် ...နည်းနည်းနောက်ကျသွားရင် ... စိတ်ဆိုးရဘူး.....

မြိတ်မြို့ကိုပြောင်းလာတာ ... ဆယ်စုနှစ်ကျော်ပီဖြစ်ပေမဲ့ မွန်သွေးဖြစ်တဲ့ အဖေကတော့ အခုချိန်အထိ မွန်သံ ၀ဲ သဲသဲ ပြောဆဲ .... ဒီတော့ ရပ်ကွက်ကဆရာသမားတွေက ... အဖေ့ကိုအမည်မခေါ်တော့ ... ဦးမွန်ကြီး ဆိုပီ တစ်လေးတစ်စား ခေါ်တတ်ကြတယ် .... အဖေက မွန
်ကြီးဆိုတော့ ... သားကလဲ အလိုလိုနေရင်မွန်လေး ဖြစ်ရတာပေါ့ ဒါပေမဲ့ ဘိတ်မှာ မွန်လေးလို့ မခေါ်ပေါင်း .... သူတို့ခေါ်တာ မွန်သားငယ်တဲ့ .... ငယ်တာမငယ်တာတော့ မသိဘူး ................... အဖေဟာ သားသမီးတွေကို အရမ်းချစ်တတ်သူဖြစ်သည် ... အဖေဟာ သားသမီးတွေအတွက်ဆို ပင်လယ် ဘယ်လောက်ကျယ်ကျယ် ...............မုန်တိုင်းဘယ်လိုပင် ထန်ထန် နေမင်းက ဘယ်လိုပင်နှိပ်စက်လည်း မမူ ॥

အဖေဟာ သားကြီးဖြစ်တဲ့ ကျွန်တော်ကို အထင်ကြီးသည် ဘယ်သွားသွား ဘယ်လာလာ အမြဲခေါ်လေ့ရှိသည် ... သူ့ရဲ့ စီးပွားရေလုပ်ဖော်ကိုင်ဘက်များနှင့်လည်း အမြဲတစ်စေ အသိကျွမ်းဖြစ်စေသည် ... သိုသော် .......... ကျွန်တော် က အဖေထင်သလိုမဟုတ် ............. ကိုယ်လုပ်ချင်တာလုပ်တတ်သူ ...ပေပေတေတေ နေရတာကို သဘောကျသည် ..............ဒီတော့ အဖေက ဘာမျှမပြော ..............ကျွန်တော် ဘယ်သွားဘယ်လာ တာကိုအကုန်သိတဲ့သူ ........အရုပ်စွဆုံး ...............လမ်းမှာ ဘယ်ကောင်းမလေးကို ဘာတွေပြောလိုက်တယ် ဆိုတာအစ ကျွန်တော်ပင် အိမ်မရောက်သေး ... သတင်းက အိမ်ကို အရင် ရောက်နှင့်ပီ .... အဖေက ဘာမှမပြော ပေမဲ့ အဖွားက ပူညံပူညံ လုပ်တတ်သည် ॥ အဖေဟာ သားသမီးတွေကိုဆုံးမရာတွင် လိမ္မာ ပါးနပ်သူဖြစ်သည့်အလျှောက် သားသမီးများကို ဘယ်တော့ မှ စကား ကြမ်းကြမ်းပြောသူမဟုတ်ချေ...........................

အဖေသည် တစ်ခါတစ်ရံပြောတတ်သည် ... "သား မင်း အဖေနေရာကို ရောက်လာရင် အဖေ့လိုတာဝန်တွေ ထမ်းဆောင်ရလိမ့်မယ် ... ဒီတော့ မိမိကိုယ်ကိုယ် အဆင်သင့် ဖြစ်အောင် လုပ်ထားပေါ့ကွာ" ................. ဆိုပီပြောတတ်တယ် အဖေဟာ သားသမီးများကို သူများနှင့်တန်းတူထားနိုင်အောင် အလုပ်ကို ကြိုးစားလုပ်တတ်သူ ... ဘယ်လောက်ပင် ပင်ပန်းပါစေ မညှိးငြူတတ် ............. သားသမီးတွေကို အမြဲတမ်း ပျော်စေချင်သူ မျက်နှာလေး မကောင်းတာနဲ့ မေး၍ ရအောင် လုပ်ပေးတတ်သည် ... ကျွန်တော် ငယ်ငယ်ကဆိုရင် သူများတွေလို ဖိုးလမင်းနှင့်ကြယ်တွေကို ကြည့်ပီ လက်ဖြန့်တောင်းခဲဖူးသည်နောက်........... ... တစ်နေ့ အဖေကို ပူဆာလေသည် "အဖေ သားလေ ဟိုကြယ်တွေကို ကိုင်ကြည့်ဖူးချင်တယ် ဆိုပီ ကောင်းကင်ကို လက်ညှိထိုးပြတော့ အဖေက ရီသည် အဖေရီတော့ ကလေးပီ ပီ ငိုလေတော့ ... အဖေဘာမှ ပြန်မပြော .... တအောင့်လောက်ကြာတော့ အဖေ အပြင်ကိုထွက်သွားတော့ ကျွန်တော်လည်း ဒီပြင် ကစားစရာများနှင့် အလုပ်ရှုပ်နေခိုက် အဖေပြန်ရောက်လာတယ်........... လက်ထဲမှာ ကျွန်တော် ကိုင်ကြည့်ချင်သည့်ဆိုသည့် ကြယ်ပွင်ကလေးတွေကိုတွေ့ရသည် ...၀မ်းသာအားရနှင့် အဖေဆီပြေပီ ယူကြည့်တော့ ... ဟုတ်ပါသည် ကြယ်ပွင့်ကလေးတွေ ... အနံတော့နည်းနည်းရှိတယ် ... ဘယ်ကနေ အဖေ ယူလာမှန်းမသိတဲ့ ပင်လယ်ရေအောက်က ကြယ်ပွင့်ကလေးတွေပါ ... အဖေဟာ ထိုကဲသို့မျှ သားသမီးတွေအပေါ်အလိုက်သိတတ်သူဖြစ်သည့် အလျှောက် ....

သားသမီတွေက အဖေအပေါ် အခုချိန်ထိ အဖေ ဖြစ်စေချင်သော ပုံစံ ... အဖေလုပ်စေချင်သော အရာတွေကို တစ်ခုမျှပင် မလုပ်ပေးနိုင်သေး .... ဒါပေမဲ့လည်း အဖေက ပြုံးလျှက်ပါဘဲ ... စိတ်မဆိုးပါ ... ဘ၀ရဲ့ အသိပညာတွေကို သင်ယူစေသည် ... သွားချင်သည့် ဆိုသည့်နေရာကိုမတား ... သွားစေသည် ... စိတ်ချလက်ချ လွတ်တာမျိုးတော့ မဟုတ် ... ..............အဖေဟာ မ
ယုံကြည်နိုင်လောက်အောင် ... မြင်နိုင်စွမ်းရှိသူဖြစ်တယ် ... လွန်ခဲတဲ့ ၆နှစ်ခန့်က ကျွန်တော် မလေးရှာကို အဖေဆီမှ ခွင့်မတောင်း အကြောင်းမကြာဘဲ ထွက်သွားခဲ့ လေတော့ ...အဖေဟာ ကျွန်တော် သွားသည့် လမ်းကြောင်းတစ်လျှောက် ဘယ်နေရာဘာလုပ်သည် ဘာကိုင်သည်ကို အကုန်သိသည် ... တစ်ချို့နေရာများဆို ကျွန်တော်ပင်မခေါ်တတ် အဖေကခေါ်ပြလေသည် ... မေးကြည့် တော့ အဖေဟာ ကျွန်တော်သွားခဲ့သော နေရာများတွင် လမ်းဘေးမှာအိပ်ရတဲ့ ဘ၀နဲ့ ဘ၀ အသိတွေကိုရှာခဲသူမဟုတ်လားတဲ့ .............. မလေးရှာမှာ နေမပျော်၍ အိမ် ပြန်သွားတော့ လည်း အဖေဟာ အရင်လိုဘဲ နွေးထွေးသည့်အပြုံးနှင့်ပင် ဆီးကြိုရှာသည် ...

အခုတစ်ဖန် ထိုင်းကိုလာခဲ့ သည်မှာလည်း လေးနှစ်အတွင်းဝင်ခဲ့ပီ သိုသော် အဖေဆီကို ဖုန်းခေါ်တာ လေးခေါက်ပင် မပြည့်သေး .... အဖေက သားရဲ့ သတင်းကို အမြဲစောင့်ကြည့်သူ သားတွေက သားတာဝန်မကျေ ပေမဲ့ အဖေဟာ မိဘတာဝန်ကို အမေ့နေရာ အဖေ့နေရာကို တစ်ဦးတည် ထမ်းဆောင်လာခဲ့ သူပါ ... ချစ်သူနဲ့ အဆင်မပြေ
လို့ အသဲကွဲတဲ့ အဖေသားကို အဖေက အမေတစ်ယောက်ကဲ့သို အားပေးသည် ပျော်တဲ့ အချိန်မှာ အဖေကိုသတိမရပေမဲ့ ဒုက္ခရောက်တဲ့ အချိန် အားငယ်တဲ့ အချိန်တွေမှာ အဖေကို ပင် ပြေ ပြေ သတိရမိတော့ အဖေရဲ့ အပြုံး ............တည်ငြိမ်တဲ့ စကားသံတွေက ကျွန်တော်ကို လုံခြုံစေခဲ့ တာ အမှန်ပါ .... မိုးခြိမ်းရင် နေစရာနေရာ မရှိအောင် ငယ်ငယ်က ကြောက်တတ်တဲ့ ကျွန်တော် ကို မိုးရာသီများတွင် အဖေဟာ ဘေးမှမခွာ ... မိုးခြိမ်းလျှင်လည်း ကျွန်တော်ကို သူ့ရဲ့ ရင်ခွင်ပြင် အကျယ်ကြီးထဲကို ပွေးသွင်းကာ ... လာမည့်ဘေး အရှေ့မှ ကာကွယ်ပေးမည့် အားဇာနည်းတစ်ဦးပမာ ... မျက်ဝန်းများကလည်း ကြင်နာမှု တွေအပြည့် ...

လသာသည့် ညအချိန်တွေဆို အဖေဟာ ကျွန်တော်နှင့် တူလမ်းလျှောက်ကာ လရောင် ရဲ့အရိပ်ကိုခိုလှုံရင် အဖေနှင့် စကားပြော သည့် ညများကို ပြန်အောက်မေ့မိတယ် .... ပွဲလမ်းသဘင်များသွားလျှင် အဖေဟာ ကျွန်တော် ကို ပခုံးပေါ်မှမချ ... အဖေပြောသည့်
စကားရှိသည် ................ အဖေဟာ သားတွေအဝေးကိုမြင်ရဖို့အတွက် အောက်ကနေ ထမ်းပိုပေးရတယ် ...





ထိုကဲသို့ သားတွေ အပေါ်မှာ ကောင်းလွန်းသည့်အဖေ တစ်ဦးလုံးရှိသာနှင် ကျွန်တော် ဘာကြောင့်များ ဟာ ဘာကြောင့်များ အဖေရဲ့ လိုဆန္ဒတစ်ခု တစ်လေကိုမှ မဖြည့်ပေးနိုင်ခဲ့တာလဲ ...


Read full story

Saturday, June 16, 2007

ကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ

0 comments
ညကတစ်ညလုံးအိပ်လို့မရ ... ရင်ထဲမှာအမျိုးအမည်မသိတဲ့အတွေးရယ် ..... ဘာမှန်းမသိတဲ့ ခံစာချက်လေးတစ်ခုပါပေါ့ .... ဟိုဘက်ဒီဘက်လှဲ့ရင်နဲ့ဘဲ မနက်မိုးသောက်ခဲ့ရတယ် ..... ခေါင်းကမူးနောက်နောက်ဆိုတော့ ..... ကောဖီတစ်ခွက်ကို မျက်နှာမသစ်ဘဲ လောင်ထည့်လိုက်ရတယ် .... ညကအတွေးကမပျောက်သေး တော့ ... ပြန်ပီ ညက အဖြစ်ပျက်လေးကို ထိုင်စဉ်းစားနေမိတယ် ..... ဖြစ်ပုံက ဒီလိုဗျ .....

ညနေစောင်ပီဆိုတော့ လူကလည်း တစ်နေကုန် runနေတော့ အ၇မ်းပင်ပန်နေပြီ .... ဒါပေမဲ့လည်း ... ချစ်သူနဲ့ onlineမှာ တွေ့ဖို့ချိန်းထားတော့ .... မေားတော့မေားတာပေါ့ .... ဒါပေမဲ့ မမေားဘူးလိုပြောရမှာဘဲ .... ချစ်သူမလာခင်လေးမှာ ဘဲ ... ပိုစ်အသစ်ဘာတင်ရင်ကောင်းမ
လဲဆိုပီတွေးနေဆဲမှာ .... လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေက ... နယ်မြေစည်းရုံးရေးဆင်းဖို့ ... အဖေါ်ခေါ်တော့ မလိုက်ရင် မကောင်း အလုပ်နဲ့ ပတ်သက်တယ်ဆိုတော့လည်း ... မလိုက်ချင်ပေမဲ့ လိုက်ခဲ့ရတာပေါ့ ......

အဲလိုဘဲ စကားတပြောပြောနဲ့ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းလေးယောက်သာ ... ရုံးက တိုယိုတာ ကားလေးနဲ့ ထွက်လာကြတယ် ..... တစ်နေရာရောက်တော့ ကြည့်လိုက်တယ် ... ကိုယ်တွေရုံးမှာကော ကျောင်းမှာပါ မြန်မာစာ သင်ပြပေးနေရတဲ့ ကလေးတေ
ွ ကစားနေကြတာတွေ့ရတော့ ... ကားပေါ်ကဆင်ပီ သူတို့တွေ ကစားတဲ့ နေရာလေးကို လျှောက်သွားလိုက်တယ် .... ကျွန်တော်တို့ကို မြင်တော့ ကလေးတွေက အပြေးလေလာပီ စ၀ါတီခါရ် ခွန်ခူ (မင်္ဂလာပါ ဆရာ)ဆိုပီ ထိုင်းလိုနဲ့ လက်အုပ်ချီပီ နူတ်ဆက်ကြတယ် ... တစ်ချို့ကြတော့ ... ကျွန်တော်တို့ လက်ကိုဆွဲပီ သူတို့နေတဲ့နေရာကိုခေါ်သွာကြတော့ အနောက်ကနေဘဲ လိုက်သွားကြတာပေါ့ ... မိဘတွေရောလို့ ကျွန်တော်က လှမ်းမေးလိုက်တော့မှ ... သွပ်တွေနဲ့ ကာထားတဲ့ အခန်းသေးသေးလေး ကနေ ကလေးမိဘတွေ ဆယ်ဦးလောက်ထွက်လာတယ် ... သူတို့မျက်နှာတွေမှာ တစ်ခုခုကို စိုရိမ်းထိန့်လန့်နေတယ် ... မျက်နှာတွေမှာလည်း ချွေးသီချွေပေါက်တွေနဲ့ ကျွန်တော်တို့အဖွဲ့ကိုမြင်တော့မှ .... "ဟာ ..... ဆရာတို့ပါလား ... လာဗျာ ..... ဆရာတို့ကို ကျွန်တော်တို့က ပုလိပ်တွေထင်လို့ ဟိုအခန်းလေမှာ ၀ိုင်းပီ ပုန်းနေကြတာ "... ဆိုတော့ ... ကျွန်တော်တို့လူစုလည်း အံအားသင့်ပီ တစ်ယောက်ကိုတစ်ယောက် အပြန်အလန် ကြည့်မိကြတယ် ...

ဒီနေ့က ...... အလုပ်သမားရေးဝန်ကြီးရုံးကို သွားထားကြတာဆိုတော့ ...... တစ်ခါမှ ဒီလိုအ၀တ်အစားတွေသိပ့် မ၀တ်ဖြစ်ကြတဲ့ ကျွန်တော်တို့ အဖွဲ့က ဒီလိုစကားသံကိုကြားတော့ ... ကိုယ်တွေရဲ့ အဖြစ်ပျက်ကိုရီ ချင်ပေမဲ့ ... သူတို့တစ်တွေရဲ့ ဘ၀အခြေနေမှန်ကိုမြင်ရတော့ ... မရီဖြစ်ကြ ... သနားစိတ်တွေပိုလို့များလာတယ် ... သူများနိုင်ငံမှာ ... ရိုးရိုးသားသား လုပ်ကိုင်နေကြပေမဲ့ ... ကားနဲ့ အ၀တ်စား လေး နည်းနည်းပါးပါး သေသတ်အောင် ၀တ်ထားတယ်ဆိုရင်ဘဲ ... ဘယ်သူဘယ်ဝါဆိုတာကို မကြည့်ဖြစ်တော့ ... နီးရာနေရာ မှာ ၀င်ရောက် ပုန်းအောင်းပီနေကြရတယ် ..... သူတို့ကိုယ် သူတို့လည်း ပြစ်မှုတစ်ခုကို ကျူလွန်ထားသူလို မလုံမခြုံ နေရတဲ့ ဘ၀တွေ ... ဘာလုပ်လုပ် ... ဘာကိုင်ကိုင် အမြဲကျီလန့်စာစာ ဖြစ်နေရတဲ့ သူတွေ ......
နောက် ဒီလိုဖြစ်နေတဲ့ သူတွေရဲ့ ... ရင်သွေးငယ်တွေရဲ့ အနာဂတ် ....အစသဖြင့် ...

အတွေးတွေက ခေါင်းထဲကို တစ်ဟုန်ထိုး ပြေးဝင်လာတော့တယ် .... နောက်ဆက်တွဲ ... မေးခွန်းတွေကလည်း တစ်သီကြီး လိုက်လာတယ် ... ဘာကြောင့်သူတို့တွေ ဒီလိုဖြစ်နေကြရတာလဲ ... ဒါတွေက ဘယ်သူကြောင့်လဲ .... လူသားတစ်ယောက်ရဲ့ အခွင့်ရေးဆိုတဲ့ အချက်တွေ သူတို့ မှာခံစားခွင့်ကော့ရှိရဲ့လား ... ဒီလိုခံစားမှုတွေ ကို သူတို့ နောက်ထပ် ဘယ်လောက်ကြာကြာ ခံစားနေကြရအုံးမှာလဲ ... ဆိုတဲ့ အတွေးနဲ့ဘဲ ... ရုံးကိုပြန်လာခဲ့ရတော့တယ် ..... ။ ။
Read full story

Thursday, June 14, 2007

အိုးတွေနဲ့ သူတို့ဘ၀ ....

1 comments
အလုပ်တွေရှုပ်နေတာလား .... အရှုပ်တွေလုပ်နေတာလားတော့မသိဘူး ..... အားလုံးရှုပ်နေတာဘဲ ..... ဟိုသွားဒီလာနဲ့ ... လျှောက်သွားနေတတ်တဲ့ ကျွန်တော် ကတော့ ဒီလိုနေရာတွေမှာဆို ပိုပီပျော်တယ် ...

အိုလုပ်ငန်းတစ်ခုက ကိုယ့်မြန်မာနိုင်ငံသားတွေ လုပ်နေတာကို သွားကြည့်ရင် ရိုက်လာတာပါ ......အိုးလုပ်ဖို့အတွက် တောင်တွေမှ ၇လာတဲ့ မြေကြီတွေပါ
ဒီလိုလေးနှစ်ရက်လောက်နှပ့်ထားမှ မြေကြီး အသားတွေပျော့လာမှာစက်နဲ့ ကြိတ်၍ ထွက်လာတဲ့ ပုံစံအိုပုံစံကို လိုသလို လှည့်ယူနေသည့်ပုံ
စပ်စုတတ်တဲ့ ချစ်သူဆိုတာပေါ့

Read full story

Saturday, June 9, 2007

ကမ္ဘာကြီးရဲ့ ရင်ဖွင့်သံ

3 comments

ဘာရယ်တော့မဟုတ်ပါဘူး ပိုစ်တွေမှာ အသစ်ထပ်တင်နိုင်အောင်ဆိုပီ ဟိုအရင်က ရေးခဲ့တဲ့ စာအုပ်ဟောင်းတွေ ပြန်လှဲ့ရှာရတယ် ... စာတွေရေးပီ စနစ်တကျ သိပ်လေ့မရှိတတ်တဲ့ ကျွန်တော် ဟာ စိတ်ကူး ပေါ်လာလို့ လိုချင်တာကို ပြန်ရှာတော့ လွယ်လွယ်နဲ့ ဘယ်တော့မှမရ ... ဟိုနားထည့် ဒီနားပစ်ဆိုတော့ ကျန်ရှိသေးသမျှ စာအုပ်အားလုံးမှာ ပြန်ကြည့်ရတယ် ... ဒီတော့ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဖွဲ့စည်းခဲ့တဲ့ မြန်မာဒုက္ခရောက်သူ အလုပ်သမား များကို ကူညီရန် အတွက် ရင်ငြိမ်းပန်း ဂရုဏာ ဖောင်ဒေးရှင်း ရဲ့ နှစ်နှစ်မြောက် အထိမ်းမှတ်ပွဲ ကျင်ပရာတွင် အသုံးပြုခဲ့တဲ့ စာသားလေးကို တွေ့ သဖြင့် ပြန်ဖတ်နေမိသည် ဒီစာပိုဒ်လေးကို ကျွန်တော်မမေ့ပါ ဘာကြောင့်ဆိုသော် ဒီစာပိုဒ်လေးကို ... ရင်ငြိမ်းပန်းရဲ့ ဥက္ကဌ ဦးကျော်လွင်မှ စာစီင်္ပေးပီ ကျွန်တော် ကိုယ်တိုင် ထိုပွဲအတွက် ညအိပ်ပျက်ခံပီ ရိုက်ပေးထားတာပါ ပိုစ်မှာတင်ရင်ကောင်းမှာဘဲ လို့ တွေးပီ တင်ပေးလိုက်ရခြင်းပါ ။ ။

ကမ္ဘာမြေကြီး ကိုယ်စား ရင်ငြိမ်းပန်းကလေးဧ။် ရင်ဖွင့်သံ ...................................
ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို အမှီးပြု၍ ရှင်သန်ဖူးပွင့်လာကြသည် ... ကောင်းသော နှစ်တွေ တစ်နှစ်ပီ တစ်နှစ် ချည်းနင်းဝင်ရောက်လိုကြသည်မှာ ငြိမ်ချမ်းရေးကိုမြတ်နိုးကြသော လူသားအားလုံးပင်ဖြစ်သည် ။ ပျော်ရွှင်မှု့ဆိုသည်မှာ မိုးပေါ်က ကျလာသည့်အရာမဟုတ်ပါ လူသားတစ်ဥင်္ီးချင်းရဲ့ ရင်ထဲမှ မေတ္တာကရုဏာများကို ပေါင်းစပ်ပုံဖေါ်မှသာ ကြည်စင်သန့်ရှင်းသော ငြိမ်းချမ်းမှု့တစ်ခုဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည် ။


"ငါဧ။်ချစ်လှစွာသော လူသားအပေါင်းတို့အား ထမ်းပိုထားသည်မှာ မည်မျှကြာပြီကို မင်းတို့မသိ ဘယ်လောက်ကြာအောင်ထမ်းပိုးရမည်ကိုလည်း မင်းတို့မသိ ငါ့မင်းတို့ကို အပြုံးမပျက် ထမ်းပိုထားသည် သိုသော် မင်းတို့ဒေါသကြောင့်ကျတဲ့သွေးတွေ မျက်ရည်းတွေ မတရားဖိနှိပ်ညှင်ပန်းစေခိုင်းလို့ ကျတဲ့ ချွေးတွေ ငါ့ရဲ့ပုခုံးပေါ်ကို နေ့စဉ်နှင့်အမျှ ကျနေသည် မင်းတို့ပူသလို ငါလည်းပူလောင်လှသည် ဒါကြောင့် ငါ တခါတရံ လှုပ်ရှားမိသည်။

သြော် ထပ်ဆင့်ဝမ်းနည်းခြင်းများစွာဖြင့်သာ ရင်ဆိုင်ကြရတော့သည် ဒီအချိန်တွင် ငါ့ရဲ့တည်ငြိမ်မှု့အတွက် မင်းတို့လူသားတွေ နှလုံးကြာက ကျလာမဲ့ မေတ္တာရေကြည် တစ်ပေါက်မျှသာ ငါမျှော်လင့်တော့တယ် "။ ။
Read full story

Friday, June 8, 2007

ပြန်သုံးသပ်ပါ

1 comments

မနေ့က တင်ထားတဲ့ပုံကိုကြည့်ပီ စိတ်တိုင်းမကျတာနဲ့ ပြန်ပြောင်းလိုက်တာ ညဖြစ်သွားရော ... ဟိုလှဲ့ ဒီလှဲ့ ဓါတ်ပုံတွေအမျိုးမျိုးလျှောက်လုပ်နေခိုက် ... ဟိုတစ်နေ့က .... တီဗီမှာ ကြည့်မိတဲ့ သတင်းတစ်ခု ခေါင်းထဲဝင်လာတော့ ... လုပ်နေတာ ကို ရပ်လိုက်တယ် ...... ကြည့်တော့ .... "အော် တော်ပါသေးရဲ့ " ... ကိုယ် ဓါတ်ပုံဖြစ်နေတယ် .... ကလေးနဲ့ တွဲတဲ့ ပုံက လည်း သူ့ဆီက ခွင့်တောင်းပီသာမို့ ပြသာနာမရှိ .... အဲ ပြသာနာက တီဗီထဲမှာ ... အပြင်မှာလက်တွေ့တော့ မတွေ့သေး .... သူတို့ပြောတဲ့စကားတွေက ... နားထဲစွဲနေလောက်အောင် ခက်ထန်တယ် ... "ခင်ဗျာတို့ တစ်တွေဟာ ဓါတ်ပုံပြင်တာ တော်တာ မှန်တယ် ... သို့သော် ဒီလိုမလုပ်သင့်ဘူး " ဆိုပီ ဓါတ်ပုံပြတယ် မင်းသမီးတစ်ယောက်ပုံပါဘဲ ခန့်ချောချောလေး ရင်တောင်ခုန်ချင်လာပီ .... အင် ဘရိန်အုပ်မှ ကမ်းခြေမှာ လှဲအိပ်နေတဲ့ ပုံ အတွင်းအကျီနဲ့ သူ့ရဲ့ ဟို ဟို ဟာ ဟာ လေးတွေ မပေါ်တစ်ပေါ်ပေါ့ ... အင် အဲ ဒီမင်းသမီကငြင်းတယ် ... သူဒီလိုပုံမျိုး တစ်ခါမှ မရိုက်ဖူးကြောင်း ဘယ်သူ့လက်ချက်မှန်မသိဘဲ အင်တာနက် စာမျက်နှာတွေမှာ ဖောင်းဖွနေတယ် ...

ဒီတော့ ခပ်သေးသေး ဆင်လောက်ရှိတဲ့ သတင်ကြေငြာတဲ့ အဖွားကြီးက ॥ အဲ မှားကုန်ပီ မိန်းကလေးက "ရှင်တို့ ဒီလိုလုပ်တာ ဟာ မှားတယ် မှန်တယ် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါ ဒီမိန်းကလေးရဲ့ ဓါတ်ပုံကို ဒီလိုလုပ်တော့ သူနဲ့ပတ်သက်တဲ့ ဆွေမျိုး မိဘ ညီအစ်ကိုတွေက ခံနိုင်ပါ့မလား မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ကော့ ဘယ်မှာသွားထားမလဲ ရှင် ကိုယ်တိုင် ဒီလို ပုံစံနဲ့ ရှင်ရဲ့ ညီမ အမျိုးတော်စပ်သူတစ်ယောက်ယောက်ရဲ့ ပုံကို မြင်တော့ကော သည်းခံနိုင်ပါမလား " ဆိုတဲ့ မေးခွန်းတွေမေးသွားတဲ့ အတွက် ကျွန်တော် အရမ်းသဘောကျသွားတယ် ... ဒီတော့ ကျွန်တော် ပြောချင်တာ က မြန်မာ့ လူမျိုးတွေဟာ အရှက်အကြောက်ကြီးတယ် ....ယဉ်ကျေးသိပ်မွေ့တယ် ဆိုပီအမြဲပြောလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူတွေရဲ့ တစ်ချို့ ဓါတ်ပုံတွေကို အင်တာနက်စာမျက်နှာမှာ တစ်ခါတစ်လေ တွေ့မိတယ် ॥အစက ဘာမှမဖြစ်သလို့နေမိပေမဲ့ တစ်စတစ်စ များလာတာကိုတွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ် ..."အဆဲမခံရရင် ထမင်းမ၀င်ဘူးလေ "... ဆရာကြီးလုပ်ချင်တယ် .... အဲ ပြောချင်တာ က ဒီလိုပါ ... "မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြပါ "...

အခုဆိုရင် ဓါတ်ပုံတင် မဟုတ်တော့ဘဲ တစ်ချို့ညစ်ညမ်ခွေတွေပါ လုပ်လာတာကိုတွေ့ရတော့ ကာယကံရှင်ကိုယ်တိုင်တော့ ဘယ်လိုနေတယ်မသိဘူး ကိုယ်ကိုယ်တိုင်းမနေနိုင်ဘူး ...
နောက် "chattingမှာ ပျော်မွေ့နေတဲ့ မမတို့ ညီမတို့ ကိုကိုကြီးတို့ ဓါတ်ပုံတွေတောင်းရင် များများတာပေးလိုက"် "အဲ မဟုတ်ဘူး" သတိထားဖို့ ပြောချင်တာပါ ကိုယ်ကိုယ်ကို တန်ဖိုးထားရင်ပေါ့လေး....
တစ်စဆီ ဖြုန်စားပစ်လိုက်မှာ ...


(မောင်နှမချင် ကိုယ်ချင်းစာစွာ ပြောမိခြင်းပါ တစ်စုံတစ်ခုကို ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိ စေတနာ သက်သက် နဲ့ပါ စေတနာမှားဖြစ်ခဲ့ရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်)



Read full story

Blgger တစ်ယောက်ရဲ့ ခရီး

1 comments

ကိုယ်ထမင်းကိုယ် စားပီ သူများအပြောခံချင်လို့ ........" အဲ .... ဟုတ်ပေါင်" ...ပြောချင်လွန်:လို့ လောသွားတယ် ......... ဟတ်ဟတ် ..... ပြောမယ်နော် ....... ဘာမှဟုတ်ဘူး ....
ဘလောက်ကိုထိုင်ကြည့်ပီ ကျွန်တော်ရဲ့ နောက်ကြောင်းတွေကို ပြန်စဉ်းစားနေမိတယ် ..... ဘယ်ကနေ ... ဘယ်လို Blogger တစ်ယောက်ဖြစ်လာတယ် ...... "ဖြစ်ပီလား ..သိသေးဘူး .... မေးကြည့်အုံးမယ်" .......
ချင်းမိုင်မှာရှိတဲ့ အချိန်ကပေါ့ဗျာ .... ချင်းမိုင်ကို ကျွန်တော် အရမ်းသဘောကျတယ် ... သူရဲ့ရာသီဥတု နဲ့
တည်နေပုံကအစ မြန်မာရဲ့ အရိပ်ငွေ့တွေရှိနေတယ် ... မြန်မာနိုင်ငံမှာနေရသလိုခံစားရတယ် ... မြို့အနှံပတ်ပီ
မြန်မာလက်ရာတွေရှာစားခဲ့ကြတာတွေ .... ကိုစောသန်းအေးရဲ့ ကွမ်းရာတစ်ရာရဖို့ .. ဆိုင်ကယ်မီနစ် ၃၀ လောက်မောင်:ခဲ့ရတာတွေ .... ညနက်သန်းကောင် သူငယ်ချင်းတွေအုပ်ဖွဲ့ ဘီယာဘာ ထိုင်ခဲ့တာတွေ ... "အဲဟုတ်ပေါင် ... ကောဖီဆိုင်ပါ" ....

နေ့ခင်းဆို နေမင်းကြီးနောက်ရောက်မှ ထ ဆန္ဒပြတဲ့ ဗိုက် ကိုပြည့်ရသေးတယ် .... သူများတွေ ကျောင်းပြန် အနားယူတဲ့ အချိန်မှ ကျောင်းကို ကုတ်ချောင်းချောင်းနဲ့လာ ... ခြံအ၀ကနေ ... ဆရာ၇ှိလား .. ဘာလုပ်နေလဲ ... ဆရာလစ်တာနဲ့ နောက်ဖေးကို ဖနှောင့်ပေါက်ပီပြေးဝင် ရတယ် ..... ဘယ်သူရှိမလဲ ထုံးစံအတိုင်း ရုံးတာဝန်ခံ အစ်မရယ် ... စာကြည့်တိုက်တာဝန်ယူတဲ့ အစ်မ နှစ်ယောက် စကားတစ်ပြောပြော နဲ့ ချက်ပြုတ်နေတာကို လေချိုသွေးပီ ... ဟိုလည့် ဒီလည့်နဲ့ ကွန်ပျူခန်းကိုဝင်ပီ ဂလီတော့တယ် .... "ဂလီတော့ ဂလီတယ် ဒါပေမဲ့ chatting ကိုဂလီတာ ... အထင်မကြီးနဲ့" ....

"အဲ ... အာပလာကြီးတော့ တစ်ယောက်ရှိတယ် .... မဟုတ်ဘူး ... မာစတာကြီးပါ .. သူက စိတ္တဇရောဂါရလို့ ဆေးရုံးပို့ရတော့မယ်" .... ကျွန်တော်တို့ chatting ရိုက်နေရင် သူက Google ကို ဂလီ့နေတတ်တာ .... သူဂလီ့ရတဲ့ အကြောင်းက ... type ကနှေး စာလုံးပေါင်းကမရ ဗိုလ်လို က မတတ်တော့ ... သူကဂလီ့
ကိုယ်ကနောက်ကရှင်း ... ကြာတော့ စိတ်မရှည်ချင် ... ကိုယ်တော်လည်း သိတယ်ထင်ပါရဲ့ ... chatting မလုပ်တော့ ....

"တွေ့ပီ တွေ့ပီ"လို့ သူအော်နေတယ် ကြည့်လိုက်တော့ ဟော အစွဲလမ်းကြီးတဲ့ မန္တလေးသား မောင်လှတဲ့ ... အဲ .. သူကလည်း ကြွားတယ်ဟ ... သူ့မန္တလေး အကြောင်းပေါ့ .... အမယ် ဘယ်လို လုပ်ရမယ် အကျဉ်ကလေးတွေ ရှင်းပြထားတယ် .... စိတ်ဝင်စားတယ် ..... "စိတ္တဇ မင်း စမ်းထား ရရင်ပြောနော် ... chatting ပြန်လုပ်မယ်" ....

"အင်" ဆိုပီ ထိုင်ဖတ်နေတယ် ... သူလုပ်နေပီ စိတ္တဇ ရုပ်လုံးပေါ်လာတော့" အဲ ဟုတ်သား အဆို:ဘူးကွာ" .... ဒါဘဲ ပြောတယ် ... အဲ ကိုယ့်ဆရာသမားကမနေဘူး ... သူလုပ်ထားတာကို ဘယ်လောက်များ ကြွားချင်လဲ မသိဘူး .... နောက်တစ်နေ့ ဘယ်သူ online တက်မလဲ စိတ္တဇနဲ့ တွေ့ဖို့သား ပြင်တော့ ကျောင်းမှာရှိသမျှ ကွန်ပျူတာ အားလုံး သူ့ file ဘဲ .... မာစတာကြီးလို့ခေါ်ရင် စပ်ဖီဖီနဲ့ ပိုအကျိုးဘူး ... ဆဲသမျှကိုလည်း ပန်းနဲ့ပေါက်သလားဘဲ ... အကြောင်းမထူး ...

အဲအတွေးတစ်ခုပေါ်လာတယ် ... "ဟေ့ ငါတို့ရေးတဲ့ ကဗျာတွေ စာတွေကို တင်လို့၇တယ် " .... ကိုယ်ခံစားချက်ပေါ့ .... ရေးထားတဲ့ ကဗျာတွေ အရိုးကျတော့မယ် ဖတ်မဲ့ သူရှိဘူး .... ပေးလဲဖတ်ရဲ့ဘူး ..."ရှက်လို့ "... အဲ လိုတွေးတဲ့အချိန်မှာဘဲ ... Blogger တွေရဲ့ကြာမှာ ငြင်:ပွားမှုတွေရှိလာတယ် ..... ရသစာပေတွေရေးတဲ့ ....Bloge ကို ဝေဖန်ကြတယ် ... ဒီမှာ ကျွန်တော် တစ်ခုပြောချင်တာ ... ကျွန်တော် ကို ဒီလို ဘလောက်တစ်ခုဖြစ်လာအောင် တွန်းပို့ပေးတာ ရသစာပေတွေပါ .... IT ဆိုတာဘာမှနားမလည် .... သူများတွေလို ဘွဲကြီးငယ်ကို နိုင်ငံတစ်ကာမှာ ယူတဲ့သူလဲမဟုတ် ... ဘာမှလည်းမတတ် ... ဒီလိုလူမျိုးက html ကိုဘယ်လို နားလည်မလဲ CSS code ဆိုလဲ မသိ .... ပိန်တယ်လေ အရမ်းပိန်တော့ ၀တဲ့သူတွေ ပြောပေါ့ ....

ဘလောက်ကိုလုပ်လိုသာ ပီသွားတယ် ဘာတင်ရမှန်မသိဘူး .... ချစ်သူကို သတိရတော့ အဲ သူကိုပြောချင်တဲ့ စကားလေးတွေဒီကပြောမယ် ... ကဗျာလေးတွေရေးမယ် ... ကိုယ်တော့ ဟုတ်နေတယ် ... အဲ ပြသာနာရှိတာ က ဟို မာစတာကြီး သူကဘာတင်ရမှန်းမသိတော့ ... သူတွေ့သမျှကိုလည်း သူများကို share လုပ်ပေးချင်တဲ့စိတ်ကများတော့ .... ဟိုက ဒီက ပိုစ်ကို ယူတင်တယ် ... အဲ တစ်ချီတော့ ... မျက်ရည်ကျလုတယ် ကိုတော်ချော သူများ page မှာတင်ထားတဲ့ softward တစ်ခုကို သူ့ page မှာတင်လိုက်တော့ ကလောဆဲခံရတယ် .... ကျွန်တော် သနားသွားတယ် ... သူ့ခများ စိတ်ဓါတ်လည်းကျသွားတယ် ... ကိုယ်က ဘာရယ်မဟုတ်ဘူး သူများကို ပြန်ပီ တဆက် ပြောပြချင်တာဘာ
ဒီလိုဖြစ်တော့ ... ဒီတစ်ချီတော့ သူခံလိုက်ရတယ် ပြောလိုက်ချင်တယ်ဗျာ ... Blogger များအားလုံးကို "မာနတွေမထားကြပါနဲ့ ... မိမိနိုင်ငံ မိမိလူမျိုးတွေအတွက် မိမိသိတဲ့ တတ်တဲ့ ပညာ တစ်ချို့တစ်ဝက်ကိုပေးလှူကောင်းပါတယ် "... ကျွန်တော်တို့တွေဟာ ဒီ လို Bloge ကို လုပ်ပီ သက်မွေးဝမ်းကြောင်းပြုခြင်းမဟုတ်ပါ .... မိမိဝါသနာ ... စိတ်ခံစားမှု .. ရင်ထဲက မကျေနပ်ချက်များကို လွတ်လပ်မှုရှိတယ် ထင်တဲ့ ဒီနေရာလေမှာ ရင်ဖွင့်ကြတာပါ ....

အမိမြန်မာမြေမှာရှိကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ chatting ဘဲ တစ်နေကုန် ပြောနေမဲ့အစား ရတဲ့အချိန်လေးမှာ အတတ်ပညာတွေကို ဦးစားပေဖေါ်ပြထားတဲ့ ဘလောက်တွေမှာ ၀င်လေ့လာဖို့ လဲ တိုက်တွန်းချင်တယ် ... ဘာလို့လဲဆိုတော့ ငွေကြေးတစ်ပြာတစ်ချပ်မရဘဲ အချိန်ကုန်ခံစဉ်းစား ဘာသာပြန်ဖေါ်ပြပေးတဲ့ သူတွေဟာ သူတို့တတ်တဲ့ ပညာတွေနဲ့ မိမိတို့နိုင်ငံနဲ့ လူမျိုးတွေကို ဘယ်သူတစ်ဦးကမှ တာဝန်ပေးခြင်းမဟုတ်ဘဲ ကိုယ့်တာဝန်ကိုသိကာ အလုပ်ကြွေးပြုတဲ့သဘောပါ စေတနာထက်သန်းလှတဲ့ သူတို့ရဲ့ နှလုံးသားတွေကို အသိမှတ်ပြု ရာရောက်ပါလိမ့်မယ.်................. ။ ။
Read full story

Thursday, June 7, 2007

လေလွင့်ခြင်း

0 comments



အချစ်ကို နားမလည်တဲ့
ငါ ................

အိပ်မပျော် ညတစ်ညရဲ့ မနက်မှာ
အလင်းအမှောင်တွေနဲ့
ကမ္ဘာကြီးကို မှီခိုနေထိုင်
ဘ၀အမောတွေနဲ့ ဖြတ်သန်း

အချစ်ဆိုတဲ့ ..................
စိတ်အာဟာရကို အားကိုးပီ
ဓနဂုဏ်တွေပြည့်တဲ့ အိန်ဂျယ်ရယ်

မဆီမဆိုင် လွမ်းမိလို့
မာဂျူရီ မီးရောင်အောက်မှာ
ငါ တစ်ယောက်တည်းထိုင်ရင်
စီကရက်တစ်လိပ်နဲ့
မင်းကြောင်းတွေ
အဖော်လုပ်ပြောနေမိတယ် ....... ။ ။
(မျိုးသော်)


(ခံစားမှုတစ်ခုကို ဓါတ်ပုံလေးတစ်ပုံနဲ့ စာလေးတစ်ကြောင်းက ပုံဖော်ပေးလိမ့်မယ်)
Read full story

Tuesday, June 5, 2007

သက်သေပြပါ

0 comments
  • အချစ် .......
လေလှိုင်းကို သက်သေပြု
ယုံကြည်မှုနှင့်
အချစ်ကို တည်ဆောက်ခဲ့ကြတယ်


  • အချစ် ...........
နားလည်မှုတွေနဲ့
အနာဂတ်အိပ်မက်ကို မက်ခဲကြတယ်

  • အချစ် .......
တည်ဆောက်ခဲ့တဲ့ အချစ်
အိပ်မက်တွေ မပျက်ရလေအောင်
ဒါမှမဟုတ်
မောင့်ကို တကယ့်အချစ်စစ်နဲ့
ချစ်ခဲ့တယ်ဆိုရင်
တစ်ကြိမ်တစ်ခါ ခွင့်လွှတ်မှုနှင့်
သက်သေပြပါလား ..... ကလေးရယ် .... ။ ။
(မျိုးသော်)



(ဒီကဗျာကို ဖတ်ပြီး ကလေး နားလည် နိုင်ပါစေလို့ မရေရာတဲ့ မျှော်လင့်ချက်တစ်ခု ထားမိတယ် ကလေးရာ)
Read full story

အဖေ ရဲ့သားမိုက်

0 comments
ချစ်သူက လမ်းခွဲစကားပြောတော့ ရင်ထဲဟင်လင်ပြင်မှာ ဘာမှမရှိ ပလာနတ္တိ ဖြစ်ပြီး ကမ္ဘာမြေရဲ့ တစ်ဘက်ကို ရောက်သွားခြဲ့ပီး .... ဘာဖြစ်လို့လဲ ... ဘာကြောင့်လဲ ဆိုပြီ ကျွန်တော် မမေးချင်တော့ပါ.... စောတက တတ်ပီ မေးလို့လဲ သူဖြေမှာ မဟုတ်ဘူး .... ဒီတော့ တစ်ယောက်တည်းလွမ်းနေရမှတပါး အခြားမရှိတော့ ... အခုလို အချိန်မျိုးမှာ ကြောက်ရွံတဲ့စိတ် သိမ်ငယ်အားငယ်စိတ်တွေ က သွေးသားထဲအပြည့်စီးဝင်လာတော့တယ် ....... ဘယ်သူကယ်နိုင်မှာလဲ ကျွန်တော်ဘ၀မှာ ဖြစ်ပေါ်နေတဲ့ ဒီလိုခံစားမှုတွေကို ကော ဘယ်သူတစ်ယောက်က နားလည်နိုင်မှာလဲ နားလည်ပေးပါလို့လဲ မတောင်းဆိုချင်တော့ပါ .... ..

၁၉၉၂ ကာလ ကလေး သာ သာ ရှိသေးတဲ့ ကျွန်တော်တို့ရဲ့ မိသားစုကမ္ဘာလေးထဲ ကြမ္မာမုန်တိုင်းစိးဝင်လာတော့ အဖေ ဖေ ဖေ ဆိုပြီး ခေါ်နေတဲ့အသံ ကျွန်တော်ကြောက်တယ် ကြောက်တယ်လို့အော်ပီ အဖေရင်ခွင်ထဲ တိုးဝင်တော့ အဖေက မကြောက်နဲ့သား အဖေရှိတယ် သားအရှေ့မှာ အဖေရှိတယ် .. ဒီတော့ အဖေမျက်နှာကို ပြန်ကြည့်မိတယ် .. . ဟုတ်တယ် ကျွန်တော်မှာ အဖေရှိတာဘဲ အဖေရဲ့နွေထွေတဲ့ရင်ခွင် ကြင်နားမှုအပြည်ပါတဲ့ မျက်ဝန်းတွေက ကျွန်တော်ကို သနားစွာ ကြည့်နေတတ်တယ် ....

လွမ်းတယ်အဖေရယ် .. ကျွန်တော်ရင်မှာ အရမ်းမွန်းကျပ်နေတယ် ... အဖေကိုပြောပြချင်တဲ့အကြောင်းတွေ ပြည့်လျှံနေပြီ ... ဘ၀အကြောင်း အချစ်အကြောင်း သားကောင်းကောင်းနားလည်ပါပီ .. လက်က တစ်ခါမှ ပြုပြင်မှုမရှိ တန်ဖိုထားရမှန်းမသိတဲ့ မီးခိုးရောင်မိုဘိုင်ဖုန်းလေးကို ကိုင်ပီ တစ်ခါကမှ ခေါ်ဖို့ စိတ်မကူးမိတဲ့
နံပါတ်တစ်ခုကို နှိပ့်လိုက်မိတယ် .... တီ .. တီ ... တီ .. ဟဲလို ဆိုပြီး နားနှင့်မစိမ်းတဲ့ အသံတစ်ခုက ပေါ်လာတယ် ... သိလိုက်တယ် ကျွန်တော် အဒေါ်ဆိုတာ ... အဒေါ် ကျွန်တော် မျိုးသော် ပါ အဖေကို သတိရလို့ အဖေရှိလာဟင် အဖေ့ကိုခေါ်ပေးပါနော် .... ဆိုပြီ အသံက ထွက်မလာတော့ ... ဘယ်သူလဲ ဘယ်သူက သတိရတာလဲ ဆိုပြီး အသံက အံသြမှုတစ်ဝက် ၀မ်းသာမှုတစ်ဝက်နဲ့ ပြန်မေးလာတော့ ... ကြိုးစားပီ နောက်တစ်ချိန် ပြော၇တယ် ... ကျွန်တော်ပါ .. ကျွန်တော် သတိရတာပါ ... အဖေကိုခေါ်ပေးပါနော် ဆိုတဲ့ စကားကိုသာ ပြောနိုင်သည် ... တခြာမပြောနိုင်တော့ ရင်ထဲမှာလဲ အရမ်းမွန်းကျပ်နေတယ် .... ဒီအချိန်မှာ ကျွန်တော်ကြားချင်ဆုးံ အသံက အဖေ့ အသံ ... ယုံကြည်မှုနဲ့ အေးဆေးတည်ငြိမ်တဲ့အဖေအသံကိုသာ မျှော်လင့်ဆုံးပါ ....အဲ နင် မျိုးသော်ဟုတ်တယ်နော် ... နင်က နင်အဖေကို သတိရတယ်ဆိုတာ နင်အဖေကြား၇င် အရမ်းဝမ်းသာမှာ ... အေ အေ ငါ့ခေါ်ပေးမယ်ဆိုပီ အားပါးတရပြောနေတဲ့ အဒေါ်အသံကို စိတ်မရှည်းချင်တော့ ....
အဖေရယ် .... သားမခံစားနိုင်တော့ဘူးအဖေရာ ... ရင်တွေခွဲထွက်တော့မယ် ... သားဆိုပီ တုန်ချီးနေတဲ့ အသံနှင့် နေကောင်းလာ အဆင်ပြေရဲ့လာ မေးနေတဲ့အသံ က ကျွန်တော်ကို စိတ်တစ်ဝက် သက်သာစေခဲ့တယ်မဟုတ်လား ... အဖေရယ် ... သားအဖေကိုဘယ်လို တုန့်ပြန်ရမလဲ .. အဖေကိုနှစ်ရှည်လများ သား အသံမပေး စာမရေး နေခဲ့တဲ့အချိန်တွေ ကို ပြန်နှာမျှော်မိတယ် .. အဖေရယ် ...

အဖေဆီပြန်လာတော့နော်သား ... သားအတွက် အဖေစိစဉ်ထားတယ် ... အဖေတို့ သားအဖ တူတူ စည်းစည်းလုံးလုံး ပြန်နေကြ၇အောင်နော် .... သား ညီမတွေ ညီတွေကိုလဲ ဂရုစိုက်နော် သူတို့ကိုလည်း ပြောလိုက်နော် ပြန်လာကြပါတော့လို့ .... သားသမီးတွေကို တစ်စည်းတစ်လုံးတည်း ရှိစေချင်တဲ့အဖေ ... သားသမီးတွေ ဘယ်လောက်ဆိုးဆိုး အပြစ်မဆိုတဲ့ အဖေ ... အဖေရယ် ........




( ရင်ထဲအမှန်ခံစားနေရလို့ ရေးထားခြင်းပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလို စိတ်မရှိပါ အချစ်ကို ကောင်းကောင်းနားလည်တတ်ပါပြီ ချစ်လဲချစ်နေမြဲပါ သူလေးဒီစာကိုဖတ်ပြီး နားလည်နိုင်ပါစေလို့ မရဲတရဲ မျှော်မှန်တမ်းတမိတယ် ....)
Read full story

Sunday, June 3, 2007

လမ်းပျောက်တဲ့ ငါ

0 comments
မှောင်မဲလွန်းတဲ့
အခန်းကျဉ်လေးထဲ
အိပ်မရဘဲ
ချစ်သူကိုလွမ်းနေဆဲပါ

အနားမှာ သူမရှိ
ခြင်တွေနဲ့ မိတ်ဖွဲ့
ပိုဟန့်နဲ့ ရန်ဖြစ်

နှလုံးသားကိုကာကွယ်
အလွမ်းသီချင်းတွေဆို
မျက်ရည်းဝဲးလည်လည်
စမ်းတ၀ါးဝါး
လမ်းပျောက်တာ
ငါပါ ချစ်သူရာ ...... ။ ။
(မျိုးသော်)
Read full story

Saturday, June 2, 2007

ဖြူစင်မှုနဲ့

0 comments
ဒီရေလို
အတက်အကျမြန်တဲ့
ရင်ခုန်မှုတွေကို
ရေလယ်မှာ
မျေားလွင့်ဗေဒါ
အဖိုးမတန်ပါလဲ
အလှတရားက မိုးထိ
ဖြူစင်မှုက
အရောင်မပါ
တမ်းတမ်းတတ
ချစ်တာပါ .....။ ။
(မျိုးသော်)
Read full story

Tuesday, May 29, 2007

Neoboard by NeoWorx

0 comments
သိတတ်နားလည်တာတော့ မဟုတ်ဘူးဗျာ့ ..... ဒါပေမဲ့ ကိုယ့်ရောင်းရင်တွေ .... c box .... ဖွင့်လို့မရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ... comment ...ရေးရတာ ဒုက္ခရောက်နေရတာကြောင့် ... စမ်းသပ်ပြီးတွေ့သမျှကို ပြန်ပြီး ဖေါက်သယ်ချကြည့်မိတယ် .... ပထမဆုံး NeoWorx.net ကိုဖွင့်ပါ ..... ပြီး neoboard အကွက်လေးကို နှိပ့်လိုက်ပေါ့ ... ဆက်ပြီး ..... member .. ကိုနှိပ့် ပါဗျာ ...
အဲမှာ ... email ..... နဲ့ ..... password .... အကွက်လေးနှစ်ခုပေါ်လာရင် .... member .. ၀င်လိုက်ပေါ့ ... ပိုက်ဆံပေးရတာမှမဟုတ်တာ .... နောက် .. NeoBoard ... ရဲ့အောက်မှာ .. install tool နဲ့ manage messages .... ဆိုပြီ နှစ်တန်းရှိတယ် .... အဲမှာ ..install tool ကိုနှိပ်လိုက်ပါ .... ဟော ပေါ်လာပြီ ..... ကိုယ်ပြောင်းချင်တဲ့ အရောင် ပုံစံကိုပြောင်းတယ် .... စိတ်ကြိုက်ရပြီဆိုရင် ... save ကိုပေးပါ ဘေးမှာ က Html code ..တွေ ပေးထားလိမ့်မယ် ... code ..ကိုယူပြီး ကိုယ့် ဘလော့မှာ သုံးလို့ ရပြီ ..... ကိုယ်ကြိုက်တဲ့ ပုံစံကိုယူပြီ ... save လုပ်တိုင်းမှာ Html code ..က ပြောင်းနေလိမ့်မယ် ... အသုံးတည့်တဲ့သူတွေ ယူသုံးပေါ့ .... သူက ကျွန်တော်တို့သုံးနေတဲ့ ... c box ...နဲ့ အသုံးဝင်ပုံတူပါတယ် ... အဲပြောဖို့ မေ့နေတယ် .... comment ရေးတဲ့အချိန် ကြောင်နေမှာဆိုးလို့ ... box မှာ .. chat now ကိုနှိပ်ပါ ... အဲမှာ ကျွန်တော် တို့ cbox မှာရေးတဲ့ပုံအတိုင်းဘဲ ပေါ်လာမှာ ရေးချင်တာ ရေးကြပေါ့ .. ..
ကျွန်တော်တော့ သုံးနေပြီ ..... ရောင်းရင်တို့ကို လည်း သုံးစေချင်တယ်နော် ... စေတနာနဲ့ပါ .....
Read full story

Sunday, May 27, 2007

လွဲချော်မှု

0 comments
လူမှန်းသိတတ်စမှာ
အမေနဲ့ခွဲခဲ့ရတယ်


အထက်တန်းစာမေးပွဲအပြီးမှာ

အောင်စာရင်းနဲ့လွဲခဲ့တယ်


အချစ်လို့ သိခဲ့အချိန်မှာ

ချစ်သူက အဝေးမှာ


ကြင်သူမဲ့

လွဲချော်ခဲ့တဲ့ ငါ့ကို


ကံကြမ္မာက

ဘယ်လိုပုံစံနဲ့

နှိပ်စက်အုံးမှာလဲ ..........
မျိုးသော် (27/5/2007)







Read full story

Saturday, May 26, 2007

တွေ့ချင်တယ်

1 comments
အချစ်ဆိုတာ တစ်ခါတစ်လေကျတော့ နားလည်ရအခက်သား ကလေးနဲ့ စကားပြောပြီး စိတ်တွေက နည်းနည်းလေးလံနေတော့ ဘာမှစဉ်းစားလို့ မရတော့ ဗိုက်ကလည်း တစ် ဂြီ .... ဂြီ ..... ဂီြ ..... မြည်သံ ပေးနေတယ် ....... အာ .. အခုမှ သတိရတယ် ... ထမင်းတောင် မစားသေဘဲကို ..... ကလေးကို လွမ်းတဲ့စိတ်က လည်း ...... မိုးထိလောက်တယ် .... အင်လေး .... ချစ်တော့ လည်း ဘာတတ်နိုင်မှာလည်း ... လွမ်းတဲ့ဒဏ်ကိုတော့ .... ချစ်တတ်သူတိုင်း ခံရမှာဘဲ ...... ဒီလိုနဲ့ ကလေးကို.... ချစ်တယ် ..... ချစ်တယ်နဲ့ .... အော်နေတော့ .... ရောင်းရင်တို့ စိတ် နည်း နည်း ၀င်စာလာတော့မယ် မဟုတ်လား ..... သိနေတယ်လေ ..... အချစ်ဆိုတာ .... ပြောပြမယ်နော် .... ဟီ ... ဟီ ... ဆရာ ကြီး ပုံစံနဲ့ စကားစချီလိုက်တာ .... အချစ်ဆိုတာ .... အချစ်စစ်ကို ပြောတာနော် ..... သူကို မြင်ပြီး .... သူဆီမှာ ရှိတဲ့ အလှပတွေကို ခံစား ဒါမှ မဟုတ် မက်မောမှုတစ်ခုခုပေါ့ ... အထင်ကြီးမှု တစ်စုံတစ်ရာ .... ကြောင့် ... ချစ်ခဲ့တာ မဟုတ်ဘူး ..... ရယူချင်တာ ဘာမှမရှိဘူး ..... သူမျက်နှာလေးကို မြင်ရရင် ...... သူအသံလေးကိုကြားရရင် ..... ကျေနပ်နေပြီး လို့ ဆိုတဲ့သူရှိမှာပေါ့ ..... ကျွန်တော် ကတော့ ဒီလိုမဟုတ်ဘူး .... ဒီလိုမဟုတ်တော့ ...... ဘယ်လိုလဲလို့ မေးမလို့ မဟုတ်လား ..... ဖြေမယ်နော် .... သူစာလေးကို ကွန်ပျူတာ မျက်နှာပြင်လေးမှာတွေ့ရင် အလွမ်းပြေတယ် ... သူ့ ကို အရမ်းချစ်တယ် .... ဒါပေမဲ့ သူ့ကို အခုအချိန်ထိ .... မတွေ့ဖူးသေးဘူး .....
Read full story

Friday, May 25, 2007

ပျော်လိုက်တာ ......

0 comments
ဒီနေ့တစ်နေကုန် ဘယ်မှမသွားဘဲ ကွန်ပျူတာအရှေ့မှာပင် အချိန်တွေကိုဖြုန်းနေလိုက်သည် ......ဘ၀တူ bloger တွေကို လျှောက်မွှေနေလိုက်တယ် .... အိမ်သာတက်တဲ့အချိန်ကလွဲလို့ပေါ့ ..... ထမင်းတောင်မစားဘူး ဒါပေမဲ့ အလိုက်သိလွန်းတဲ့ သူငယ်ချင်းတွေကြောင့် ထမင်းတော့ မငတ်ခဲ့ပါ ... သူတို့အပြင်မှ ပြန်လာသည့် အချိန်တွင် ထမင်းထုပ်ကိုဆွဲပြီး ကွန်ပျူတာ စာပွဲပေါ်တွင်လာတင်ထားပေးခဲ့တော့ .... ဒီလိုလာပေးတော့လဲ ချစ်သူက အိုင်တင်မခံတတ်ပါ ... ဖင်ကိုထိုင်ခုံက မကြွဘဲ ထမင်းစားခွင့်ရလိုက်တယ် ... စာပွဲ ပတ်ပတ်လည်းမှာ ရေဘူး ပါတစ်ခါတည်းထားပြီး အပြတ်သွယ်နေတော့တာ .... ချစ်သူ ရဲ့ ကလေးကလည်း ညနေခင်း online မှာ တွေ့ဖို့ချိန်းထားတော့ ချစ်သူ ထလို့မဖြစ် မနက်လည်း စောစောစီစီထ ပြီးဂလီ့နေလိုက် ကွန်ပျူတာ တောင် စကား ပြောတတ်ရင် မခံနိုင်တော့ဘူးလို့ အော် ပြောရင် ပြောနေမှာ ....

ချစ်သူ ရဲ့ ကလေးနဲ့ စကားပြောပြီးသည့် အချိန်တွင် ည ၉ နာရီ ထိုးနေပြီး ဒီကြာထဲ connection ခဏ ခဏ ပြုတ်ကျတော့ ခရီးက မပေါက်ချင် ..... မခံနိုင်တော့ဘူး ရေးချိုးမှဘဲ ဆိုပြီး စက်ပိတ်လိုက်တယ် .... သူ့ခများလည်း သနားပါတယ် မနက် ၅ နာရီ ကတည်ကစပြီး အခုမှအနားရတော့ ပျော်သွားသလားမသိ ငြိမ်နေသည် ....

မောင်မင်းကြီးသား ချစ်သူကလည်း စိတ်က လုပ်ချင်လာရင် ဘယ်သူမှတားမရ .... မအိပ်ချင်းသေးတာနဲ့ အိပ်နေတဲ့ သူကို နိုးပြီး ချစ်သူနဲ့ အဖော်လုပ်ခိုင်းကာ ... ဟို ဟို ဒီဒီ သွားဖို့ သူ့ကို ခိုင်းရပြန်တယ် .... အစ်ကို အဉ္စလီဆီကို အလည်းရောက်တာ ခေါက်ပေါင်းမရေနိုင် ..... သူငယ်ချင်း အောင်အောင်ဆီ လည်းရောက်တယ် အကြောင်းမထူး .....

ဒီတစ်ခါ အစ်ကို အဉ္စလီ ရဲ့ ဘလောက်မှာ နာမည်တစ်ခုကိုတွေ့လို့ အားရုံစိုက်ပြီးကြည့်သည် .... မျက်လုံးတွေကို အသေချာ ပွင်သန့်ပြီးကြည့် ထပ်ကြည့်ပြန်တယ် .... ဟုတ်နေပြီး သေချာနေပြီ ဒါက ချစ်သူတို့ ဆရာမဘဲ ဆရာမမေငြိမ်းလို့ ပေးထားတယ် ..... ချစ်သူ ထခုန်းမတတ် ၀မ်းသားသွားတယ် ... ဆရာမက ချစ်သူ တို့ လိုလူငယ်တွေကြားထဲ ၀င်လာပြီး ဆရာမ ကိုယ်တိုင် ဘလောက်ကာ တစ်ယောက်အဖြစ် ခံယူခဲတယ် .. .. ဟာ ပျော် ဖို့ကောင်းလိုက်တာ .... ဘလောက်တွေကြားမှာ ဆရာမတို့ လို စာရေ ဆရာ / ဆရာမတွေရောက်လာတာ ... အားရစရာ ..... မဟုတ်ပါလား .....
Read full story

ကြွားချင်လို့ပါ

0 comments
ဘာရယ်မဟုတ်ပါဘူး သူများတွေစတိုင်ထုတ်ပြီးကြွားနေတာ တွေ့လို့ ချစ်သူကလည်း မနေသာ ထပြေးရတာပေါ့ ချစ်သူမှာကြွားစရာဆိုလို့ ဘာမှမရှိပါဘူး ............ .ရင်ထဲမှာရှိတဲ့ ဖြူစင်တဲ့ စိတ်ထားတစ်ခုကလွဲလို့ပေါ့ .... အလုပ်လုပ်ရတာ အဆင်မပြေတာနှစ်ရက်ရှိပြီး ဒီတော့ ပစ်ထားလိုက်တယ် ပြောမဲ့သူမရှိတော့ လုပ်ချင်သလို လုပ်နေလိုက်တယ် ..... စိတ်က အမိမြေမှာရှိတဲ့ ကလေး ဆီရောက် နေတာကို ကလေးဆိုလို့ ချစ်သူရဲ့ သားသမီးတွေလို့ မထင်လိုက်နဲ့အုံး .....

ချစ်သူရဲ့ ကောင်မလေး ကို ချစ်သူက ကလေးလို့ခေါ်တာ ..... မှတ်ထားနော် ရောင်ရင်တို့ ...... ဒါမို့လို့ ချစ်သူက ကလေးတွေကိုချစ်တတ်တာ ..... ကောင်းမလေး ကလေးဆို ပိုပြီးတောင် ချစ်သေး ... ဟီ ဟီ ဟီ.... မရီနဲ့နော် .... ပျော်လို့ စတာ .....
Read full story

ပိတီဖြစ်ရတဲ့အကြောင်း

0 comments


ကျောင်းတူညီဝတ်စုံတွေနဲ့ ခုန်ပေါက်ပြေးနေတဲ့ သူတို့လေးတွေကို အမှတ်တမဲ့ကြည့်ရင် ထိုင်း ကလေးတွေလို့ ထင်ရပေမဲ့ သူတိုဟာ ထိုင်းမဟုတ်ပါ မြန်မာနိုင်ငံပေါက် မြန်မာနိုင်ငံသားများမှ မွှေးဖွားလာတဲ့ မြန်မာနိုင်ငံသားတွေပါ .... စီးပွားအဆင်မပြေမူကြောင့် ရေကြည်ရာမြက်နုဆိုသလို မိဘများ သွားရာကိုလိုက်ခဲ့ ရတဲ့သားသမီးတွေဟာ .... မိဘများရဲ့ စီးပွားရေးအကြပ်တည်းကြောင့် မြေစားပင်သဖွယ်ဖြစ်ခဲ့ရသည် ..... မိမိနဲအရွယ်တူ ထိုင်းကလေးများက ကျောင်းဝတ်စုံနဲ့ ကျောင်းကို အဖွဲ့အစုလိုက် သွားကြသည့်အခါ သူတို့များမှာ ငေးကြည့်ရုံမှတပါးမရှိ ... မိဘများကလည်းစိတ်မ၀င်စား ...... အခုတော့ သူတို့ဆန္ဒလေးတွေပြည့်သွားပြီလို့ ဆိုရမှာပေါ့ .... သူတို့တစ်တွေရဲ့ လွတ်လပ်စွာပြုံးပျော်နေကြတဲ့ ပုံစံလေးကိုမြင်ရတော့ မိဘတွေတော့ ဘယ်လို ခံစားရမယ်ဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ သူတို့လေးတွေရဲ့ အနာဂတ်ကို ကြိုတွေးပြီး ပီတိဖြစ်မိတယ် ....

အချိန်ပိုင်း မြန်မာစာ သင်ပေးနေသော ဆရာမတစ်ဦးရဲ့ စေတနာ





သူငယ်ချင်းများနှင့်အတူ ထမင်းစာနေကြသည့် သူတို့
Read full story

ဒီလိုခံစားမှုမျိုးကို ခံစားကြည့်ပါ

1 comments
"အားလုံးတန်းထ တန်းဆို" ဆိုတဲ့ အတန်းခေါင်းဆောင်တစ်ဦးရဲ့အသံအဆုံးတွင် "မင်္ဂလာပါဆရာ" တပည်များရဲ့ အသံက တပြိုင်တည်း ထွက်လာသောအခါ နထင်သွေးကြောအထိအောင် ကြွက်သီးမွှေးမျှင်များထောင်ထလာ တယ် .... အတွေးစတွေကလည်း ဟိုအတိတ်ကာလ ဆယ်စုနှစ်တစ်ခုဆီသို့အရောက်ခရီးနှင်းသွာလေပြီ "မင်္ဂလာပါဆရာ - မင်္ဂလာပါဆရာမ" ဆိုပြီးမျက်စီးစုံမှိတ်ကာ အတန်းဖော်သူငယ်ချင်းများနှင့် အသံပြိုင်အော်ဆို ခဲ့ဖူးသည်။ ဆရာပြောသည့် စကားများကိုလည်း မျက်တောင်လေး ခတ်ကာခတ်ကာနဲ့ အပြစ်ကင်စွာ နားထောင်ခဲ့ ဖူးသည်။ အဲဒီအချိန်ကာလက ဒီလိုအတန်းရှေ့မှာ ဆရာကြီး စတိုင်အပြည့်နဲ့ ရပ်ပြီးတပည့်များကို ပြောဆိုဆုံးမသူ စာသင်နေသူ တပည့်များရဲ့ ဂါရ၀ တရားကိုခံယူနေသူဟာ တစ်နေ့ ကျွန်တော် ဖြစ်နေလိမ့်မယ်လို့ တွေးထင်မထား အိပ်မက်ပင်မမက် .....

ဆရာတစ်ယောက်ရဲ့ ခံယူချက်ကဘာလဲ သူတို့ပီတိက ဘာလဲ မသိ သိအောင်လဲ မမေး အကြင်နာမှုအပြည့်ပါတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်တဲ့ အကြည့်တစ်စုံကိုတော့ နှစ်သက်သည် ။ သိုသော် ပေးပါလို့လဲမတောင်း မတောင်းလဲ ဆရာ ကပေးခဲ့တာ အားလုံးတန်တူ ...
"ဆရာဆရာ ဒါက ....... ဘယ်လိုခေါ်လဲဟင်" .... ဆိုတဲ့ ကျောင်းသားတစ်ယောက် လာမေးတဲ့အသံကိုကြားမှ အတွေးစကို ပြန်သိမ်းရတယ် ... ဒီအချိန်မှာ ဆရာတွေကို သတိရတဲ့စိတ်တွေက တစ်ဟုန်ထိုးဝင်လာ တော့တယ် အဝေးမှာရှိတဲ့ ကျွန်တော် ဆရာ တွေအားလုံးကို ပြောချင်းတဲ့စကားတစ်ခွန့်ရှိတယ် ဒီစကားလေးကို မပြောခင် လွန်ခဲ့တဲ့ ၉ နှစ်လောက်က အထက်တန်းကျောင်းသားဘ၀မှာ ဆရာ့ကိုမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့ "ဆရာ တကယ်လို့များ ဆရာသာ စီးပွားရေးတစ်ခုခုကို လုပ်ကိုင်မယ်ဆိုရင် ဆရာဒီအချိန်မှာ ချမ်းသာ ရင် ချမ်းသာမယ် ဒါမှမဟုတ် ဆင်းရဲရင်လည်း ဆင်းရဲမယ်ပေါ့နော် ဒါက ဆရာ့ရဲ့ အစွမ်းရည်ပေါ်မှာမူတည်လိမ့်မယ် ကောင်းတဲ့ဘ၀တစ်ခု ဒါမှမဟုတ် အဆင်မပြေတဲ့ဘ၀တစ်ခုပေါ့နော် ဆရာစွန့်စားကြည့်ပါလား ဆရာကတော်တာဘဲ ဒီက ဘာမဟုတ်တဲ့ အစိုးရလစာနဲ့ ဆရာရာ မမိုက်ပါဘူး ...."

ဒီလိုပြောတဲ့အချိန်မှာ ဆရာက ဘာမှပြန်မပြောဘူး ပြုံးပြီး ဘာမှမသိ နားမလည်တဲ့ ကလေးငယ်ကိုကြည့်တဲ့ အကြည့်နဲ့ကြည့်တော့ နည်းနည်းရှက်လာတယ် ... ကိုယ်ပြောတဲ့စကားများမှားနေလာလို့ ... ဒါပေမဲ့ ဆရာက တုံ့ပြန်ပြီး ပြောတဲ့ တစ်ခွန်တည်သောစကားက ဒီလိုနေရာရောက်ရင် ဒီလိုခံစားမှုကို မင်းသိမှာပေါ့ကွာ .... ဆိုပြီး ပြောခဲ့တယ် .... ဒါကြောင့်ပြောချင်တာက ဒီလိုခံစားမှုကို သူငယ်ချင်းရောင်းရင်တွေ ခံစားဖူးကြပါလားဟင် ...

Read full story

Thursday, May 24, 2007

ဆရာအကြောင်း တစ်စေ့တစ်စောင်

1 comments
အစ်ကိုအဉ္စလီက ဆရာအကြောင်းကိုပြောတော့ ကျွန်တော်ကလည်း အားကျမခံပြန်ပြောပြရမယ်ဗျို့ ... ဆရာက ထမင်းဟင်းချက်အရမ်းကောင်းသလို စာသင်တာလဲ အရမ်းကောင်းတယ် ... ကျောင်းမှာဆို ဆရာက အားတာနဲ့ မီးဖိုအခန်းထဲဝင်ပြီး "ဒီနေ့ဘာဟင်းချက်လဲဟေ့ ငါပိရည်လေနဲ့ တို့စရာပါရင် ထမင်းမြိုန်တယ်ကွာ" ဆိုပြီး အားရပါးရပြောပြီး ၀င်လုပ်လေ့ရှိတယ် ... ကျွန်တော်တို့လို ကျောင်းမှာ ကပ်စားတဲ့အကောင်တွေက မနေသာတော့ဘူး ဆရာ နေနေ ကျွန်တော်တို့လုပ်နှင့်မယ်ဆိုပြီး ပြောရတယ် အဲဒီအခါကျရင် ဆရာကပြုံးပြီး မင်းတို့ကတော့ကွာ .... "ငါတို့ တောထဲမှာနေတဲ့အချိန်ကဆိုရင်လေ ဆိုပြီး ဆရာရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ကြောင်းတွေကို ပြောပြလေ့ရှိတယ် ... ဆရာတို့တော ခိုဖို လူစုတဲ့အချိန်က ဖြစ်ပျက်ခဲ့ အရာတွေကိုလဲ ဟာသနှောပြီး " ဟေ့ သူငယ်ချင်း ငါ့တို့ တောခိုမလို့ လိုက်မလာဆိုတော့ ဆိုင်မှာ ပစ္စည်းသွားဝယ်ဖို့ထွက်လာတဲ့ တခြားဆရာတစ်ယောက်က ငါလဲလိုက်မယ်ကွာဆိုပြီး စီးလာတဲ့စက်ဘီးကို အသိအိမ်တစ်အိမ်မှာ အပ်ပြီး တော်လှန်ရေးပြီးရင် ပြန်လာယူမယ်" ဆိုပြီးအပ်ခဲ့တဲ့ စက်ဘီးကို ပြန်တမ်းတပြီး ပြောတဲ့ စကားသံတွေက ကျွန်တော်တို့အတွက်အံသြ စရာတွေပင် .....................
Read full story

နားထောင်ကြနော် ပြောပြမယ် ..

0 comments
ဒီနေ့အလုပ်လုပ်ရတာ ဘယ်လိုလဲမသိဘူး စိတ်ထဲမှာအလိုမကျတာလာ ဒါမှမဟုတ် တခြားတစ်ခုခုကိုလုပ်ချင်နေတာလာ မသိဘူး သေခြာတာတစ်ခု စိတ်ထဲမှာ ကျွန်တော်ရဲ့ ဘလောက်မှာဘယ်လို post တွေကိုရေးရင်ကောင်မလဲလို့ စဉ်စားနေတယ် ကျွန်တော် ဘလောက်စရေးတဲ့အချိန်က ကျွန်တော် ကောင်မလေးကို ချော့ဖိုဆိုပြီးရေခဲ့ပေမဲ့ ဘလောက်ရေးတဲ့ အသက်လေးနည်းနည်းရလာတော့ ဆရာကြီးစတိုင် နည်းနည်းလုပ်ချင်လာတယ် ပေါ့ဗျာ ..... အခုဆိုရင် ကျွန်တော် ထိုင်းကိုရောက်တာ လေးနှစ်ကြာခဲ့ပြီး လေးနှစ်အတွင်း အတွေ့အကြုံလေးတွေ ကို ကမ္ဘာအနှံမှာရှိတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေကို ပြောပြချင်တာလဲပါပါတယ် ...ထိုင်းမှာနေပြီး အလုပ်နေကြရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့ရဲ့ ဘ၀ သရုပ်၊ သူတို့သားသမီးတွေရဲ့ အနာဂတ်ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရှေ့ဆက်သွားမယ်ဆိုတာ ကို ပြောပြမယ် နားထောင်ကြနော် ..................
Read full story

Wednesday, May 23, 2007

သူတို့ရဲ့ လိုအပ်ချက်ကို သိအောင်

1 comments

သူတို့တစ်တွေရဲ့အနာဂတ်ကဘာလဲလို့ မေးကြရင် မည်သူတစ်ဦးတစ် ယောက်ကမှ သေသေချာချာ ဖြေနိုင်မှာမဟုတ်သေးဘူး သူတို့တစ်တွေဟာ မြန်မာနိုင်ငံဆိုတာ သူတို့အတွက်လူကြီးတွေပြောလို့သာသိရတာပါ ဘယ်လိုနေတယ် ဘယ်သူတွေရှိတယ်ဆိုတာ မသိသလောက်ဘဲ ပြီးတော့ သူတို့ကိုသူတို့ဘာနိုင်ငံသားလဲဆိုတာမသိကြဘူး ဘာကြောင့်လဲ ဆိုတော့ သူတို့ထဲမှာ အများစုက ထိုင်းမှာမွေးဖွားပြီး ကြီးပြင် လာကြသူတွေဖြစ်ကြသလို လူမှတ်သိတတ်စအရွယ်ကတည်းက ရောက်နေကြ သူတွေလဲဖြစ်ကြတယ် ... သို့သော် ကံကောင်းထောက်မစွာနဲ့ မြန်မာစကားပြောတတ်သေးတယ် ... မြန်မာစာကိုတော့ အခုမှ က ခ ဂ အခုမှစသင်ကြရတယ် .... ဟိုလွန်ခဲ့တဲနှစ်နှစ်လောက်က သူတို့တစ်တွေဟာ မိဘတွေက အလုပ်ကိုသွားကြတဲ့ အချိန်မှာ လူမမယ် မောင်လေးညီအရွယ်တွေထိန်းကျောင်းပေး၊ ထမင်းချက်၊ အိမ်အလုပ်တွေကိုလုပ်ပြီး ပညာဆိုတာဘာလဲ ကျောင်းကဘယ်မှာလဲ မသိရဘဲ ဘ၀ကို ရေစုန်လိုက်နေရတယ်။ နှစ်တွေကြာလာသည်နှင့် မြန်မာနိုင်ငံမှ ကလေးတွေ ထိုင်းနိုင်ငံမှာ များတစ်ထက် များလာတော့တယ် ။ ကလေးတွေများလာသည်နှင့်အမျှ လုပ်ငန်းခွင်များတွင်လည်း ကလေးအလုပ်သမားများကိုတွေလာရသည်။ အမှန်တကယ်တွင် ထိုင်းနိုင်ငံတွင် ကလေးအလုပ်သမားဆိုတာ လွန်ခဲ့တဲ ၁၅ နှစ်လောက်ကတည်း မရှိတော့ပါ အခု လိုတိုးတက်နေတဲ့နိုင်ငံတစ်ခုမှာ ကလေးအလုပ်သမားမရှိသင့်တော့ပါ ။ ဒါပေမဲ့လည်း ရှိနေဆဲဖြစ်တဲ့ ကလေးအလုပ်သမားများဟာ မြန်မာနိုင်ငံမှ မိဘများနှင့်အတူ ထိုင်းနိုင်ငံသို့ရောက်လာပြီး အသက်ဆယ်နှစ်အရွယ်ကလေးများကို မိဘများအလုပ်တွင် ၀င်ရောက် ကူညီစေရာမှ နောက်တွင် အလုပ်သမားလုံးလုံးအဖြစ်နှင့် မိဘ များနှင့်ပင်အပြိုင် အလုပ်လုပ်ကြရသည်။ သူတို့ဘ၀ကို မြင်ကြည့်ပါ အနာဂတ်ဆိုတာဘာလဲ မသိကြဘူး အလုပ်လုပ်မယ် ရသည်ပိုက်ဆံကို အမေးအဖေကိုအပ်ကြသည် သို့သော် တစ်ခါတစ်လေ သူတို့မျက်လုံးထဲမှာမြင်နေရသည့်သူတို့လိုအပ်ချက်လေးကို ဖြည့်ပေးချင်သည် ။ ကလေးတစ်ယောက်ချင်းဆီရဲ့ လိုအပ်ချက် သူတို့ရဲ့စိတ်ကူးတွေကို လိုက်ပြီး မေးနေရင် ပြီးမှာမဟုတ်တော့ဘူး ဒီတော့ ကလေးများဟာ သူတို့ရဲ့ စိတ်ကူးတွေဖော်ထုတ်ပြသခွင့်ရသည့် ဒီလို အခွင်ရေးမျိုးလုပ်ပေး သင့်သည်။ စုပေါင်းပြီးကစားရတဲ့ ကစားနည်း၊ သူတို့တစ်တွေရဲ့ကိုယ် ပိုင်အတွေး ၊ပြသာနာတစ်ခုကို စုပေါင်းဖြေရှင်းတတ်စေရန်ရည်ရွယ် သောကစားနည်းမျိုးဖြစ် ကလေးတွေရဲ့ စိတ်လိုအပ်ချက်များကို သိနိုင်သည်။


Read full story

ပြောရအုံးမယ်

0 comments
သူငယ်ချင်းaunglovemaster ရဲ့ bloge ကို အားတဲ့အချိန်လေးမှာတစ်ခါတစ်လေတော့ ၀င်ကြည့်ဖြစ်တယ် ဟာ သူ့မှာတော့ bloge ရဲ့ bg colorကို အမျိုးမျိုးပြောင်ပြနေလေရဲ့ ကိုယ်မှာတော့ ပြောင်းဖို့ကို မပြောနဲ့ ပို(စ်)မှာ စာတက်အောင်တောင် မရေးနိုင်တဲ့အဖြစ်ဆိုတော့ ကြာလာတော့ သူ့ကို မနာလိုဖြစ်လာပါရဲ့ ဒီကောင်အကြောင်း ကို ကျွန်တော် ဖေါက်သည် ပြန်ချပြမယ်ဗျာ ကျွန်တော်နဲ့သူက ချင်းမိုင်မှာရှိတဲ့ ရွေ့ပြောင်အလုပ်သမား ပညာသင်ကြားရေးကျောင်းမှာခင်ကြတဲ့သူတွေပါ သူကလာရှိုး ကျွန်တော်က မြိတ်ဆိုတော့ မြန်မာနိုင်ငံမှာဆှို ခင်ကြဖိုဖြစ်နိုင်ခြေက နည်းလိမ့်မယ် ဒါပေမဲ့ဒီမှာ ကျွန်တော်တို့က ရှေ့ရေစက်ကြောင့်လာဆုံကြတယ်လို့သဘော ထားရမှာဘဲ ကျွန်တော်က ထိုင်နိုင်ငံ မဟာချိုင်မြို့ကနေ မြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်ကို ကျောင်းတက်ဖို့အတွက် သွားတော့ တွေ့ကြတာ ... အခုကျောင်းသင်တန်းကာလ သုံးလပြီတော့ ကျွန်တော်က နဂိုအလုပ်ရှိတဲ့နေရာကို ပြန်လာတော့ သူတို့က ကျောင်းမှာဘဲကျန်ခဲ့ပြီး နောက် အဆင့်မြှင့်တွေကိုတက်နေကြတယ် ကျွန်တော်မှာ က အစကသုံးလစာ အလုပ်တွေက ကျွန်တော်ကို စောင့်ကြိုနေတာပေါ့ ....... အား များလိုက်အလုပ် ဟိုဒီလှဲ့လို့ကိုမရအောင် ဖြစ်နေရဲ့ ဒီကြာထဲ အင်တာနက်က တစ်ခါအဆင်မပြေ နာရီနဲ့ဝယ်သုံးတော့ ရပါတယ် ဒါပေမဲ့ ဖုန်းမိနစ်သွားပြီး ဈေကြီးနေပြန်ရဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ပို(စ်)တွေလဲမရေးဖြစ် သူငယ်ချင်းတွေနဲ့လဲ အဆက်သွယ် ခဏပြတ်သွား တယ် အခုတော့ အဆင်ပြေသွားပြီး မဟာချိုင်ကနေပြီ ရာထူးတိုးတာ ကျတာလာတော့မသိဘူး ရခ်ျပူရီ မြို့ကို ပြောင်းရတာပေါ့ စိတ်ချမ်းသာဖိုတစ်ခုကောင်းတာက ကျွန်တော်အကြိုက်ဖြစ်တဲ့ အင်တာနက် စိတ်ကြိုက်သုံးရ တာတစ်ခုထဲနဲ့ အဆင်ပြေသွားပြီ ..... အင်တာနက်ရတော့မှ zawgyi font layout ကိုပြန်လုပ် မရတာလေကို aunglovemaster ကိုဖုန်းနဲ့တစ်ခါ မေး(လ်)နဲ့တစ်လှဲ့ မေးရတာ အမောဘဲ ......
Read full story
 

My Blog List

Hello

ဘ၀ဆိုတာ ဒီလိုပါဘဲ ဖြစ်သမျှအကြာင်း အကောင်းဘဲပေါ့နော် ....